ဖခင်အရင်းဖြစ်ပါလျှက် ၁၆ နှစ်အရွယ် သမီးအပေါ် လူမဆန်တဲ့ လုပ်ရပ်


သမီးအရင်းဖြစ်သူ အသက် ၁၆ နှစ်အရွယ်ကိုဖခင်က အဓမ္မပြုကျင့်
သမီးဖြစ်သူကို ဖခင်အရင်းက ၁၃ ကြိမ်တိုင် အဓမ္မပြုကျင့်သည်ဟုဆိုကာရဲစခန်းတွင် ကာယကံရှင်ကိုယ်တိုင် လာရောက်တိုင်တန်းမှု တောင်တွင်းကြီးမြို့နယ်တွင် ဇွန် ၅ ရက်က ဖြစ်ပွာခဲ့ကြောင်း ယင်းရဲစခန်းက သတင်းထုတ်ပြန်ခဲ့သည် ။
ကာယကံရှင် မိန်းကလေးသည် အသက် ၁၆ နှစ်အရွယ်သာရှိသေးပြီး ၄င်းကိုဖခင်ဖြစ်သူက
တောင်ယာထဲတွင် လည်းကောင်း ၊ သက်ငယ်ရိတ်သွားစဉ်လည်းကောင်း ၊ နွားကျောင်းစဉ်လည်းကောင်း ၊ယာထဲရှိသစ်ပင်များခုတ်ထွင်စဉ်
လည်းကောင်း၁၀ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုထားပါသည် ။
၎င်းကို အဓမ္မပြုကျင့်သည်မှာ ပြီးခဲ့သည် ဖေဖော်ဝါရီလ မိခင်နေပြည်တော်သွားစဉ် ဖခင်နှင့်သူမနှစ်ဦးထဲအိမ်တွင်ကျန်ရစ်
စဉ်တည်းက အစပြုခဲ့ခြင်းဖြစ်ပြီး မိခင်မရှိသည့် ထိုသုံးရက် ကာလတွင် သုံးကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့သည်ဟု
လည်း ကာယကံရှင်က ရဲစခန်းတွင် ထွက်ချက်ပေးထားသည် ။
ထိုကိစ္စကိုမည်သူကိုမျှမပြောရန်နှင့် ပြောလျှင်သတ်မည်ဟုဖခင်ကခြိမ်းခြောက်ထားသဖြင့်မိန်းကလေးငယ်က ထုတ်ဖော်မပြောခဲ့ခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်းတွင်တွေ့ရသည် ။ သို
့သော်နောက်ဆုံးတွင် မိန်းကလေးငယ်က မိခင်ဖြစ်သည်အား ဇွန် ၁ရက်တွင်ယင်းဖြစ်ရပ်ကိုဖွင့်ပြောခဲ့သဖြင့် မိခင်က ကျေးရွာအုပ်ချုပ်ရေးမှုး
ထံသို့သွားရောက်တိုင်တန်းပြီး ထိုမှတဆင့် ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည် ။
မိခင်ဖြစ်သူအား ဇွန်လ ၁ ရက်နေ့တွင် ဖွင့်ပြောခဲ့သော်လည်း ကျူးလွန်သူက ဖခင်အရင်ဖြစ်နေခြင်းကြောင့်သော်လည်းကောင်း ၊ ရဲစခန်းနှင့် ၄င်းတို့နေထိုင်သည့် ကျေးရွာမှာ ဝေးကွားခြင်းကြောင့် လည်းကောင်း တိုင်တန်းရန်နောက်
ကျခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်တို့က
ရဲစခန်းတွင်ပြောကြားသွားခဲ့ကြောင်း ရဲမှတ်
တမ်းတွင် တွေ့ရသည် ။
ယင်းကိစ္စနဲ့ ပတ်သက်၍ ရဲစခန်းသို့တိုင်တန်းပြီးနာရီပိုင်းအတွင်း၌ပင် သမီးအရင်းအား အဓမ္မပြုကျင့်သူအဖြစ် စွပ်စွဲခံရသူကို ရဲက ဖမ်းဆီးခဲ့ပြီ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်ဟု ဇွန်လ ၇ ရက်နေ့ထုတ် မဇ္ဈိမသတင်းစာတွင် ရေးသားဖော်ပြပါရှိပါသည် ။
Myanmar Daily News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post