Wednesday, June 05, 2013
မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီမွတ်ဆလင်မ်တို့ကြား ပဋိပက္ခမှာ
မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိ . . . . .
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ လာရောက်သူ၎ဦးအသတ်ခံရပြီးနောက်ပိုင်း မြန်မာ အများအပြားကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့
ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ လာရောက်သူ ၆၀ ခန့်ကို ဖမ်ဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ကွာလာလမ်ပူရဲတပ်ဖွဲ့ ဒုတိယအကြီး
အကဲ အမာရ် ဆင်းဂ်အစ်ရှ်ဟာ ဆင်းဂ်က ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကွာလာလမ်ပူတွင် သီးခြားစီဖြစ်ပွားခဲ့သော ဖြစ်ရပ်များအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၄ဦး သေဆုံးခဲ့ကြောင်း Aljazeera သတင်းက
ဖော်ပြသည်။
သေဆုံးသူများအနက် တစ်ဦးမှာ အသက် ၂၀အရွယ်ဖြစ်ပြီးကားရေဆေးစင်တာတွင် အိပ်နေစဉ် လူ ၁၀ ဦးက အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့်
သေဆုံးခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဦမှာ ဈေးတစ်ခုတွင် ဓားကဲ့သို့ ချွန်ထက်သော အရာများဖြင့် တိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏အဆိုအရ တိုက်ခိုက်မှုများ
အတွင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း
ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ သေဆုံးဒဏ်ရာရရှိသူများအားလုံးမှာ မြန်မာနိုင်ငံမှလာရောက်သူများဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့ အတည်ပြုသည်။
မြန်မာများ အသတ်ခံရသည့် ယခုဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မြန်မာနှင့် ဘင်္ဂါလီမွတ်ဆလင်မ်တို့ကြား ပဋိပက္ခမှာ
မလေးရှားသို့ ရိုတ်ခတ်ပျံ့နှံ့လာမည့် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ခန့်မှန်းစာရင်းများအရ မလေးရှားနိုင်ငံတွင် အလုပ်အကိုင်နှင့် ခိုလှုံခွင့်အတွက် မြန်မာနိုင်ငံမှ လာရောက်သူ လေးသိန်းခန့်ရှိနေကြောင်း သိရသည်။ မြန်မာများ အသတ်ခံရမှုနှင့် ပတ်သက်၍ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်အားသတိထောက်လွှာ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
Planet.com.mm