Wednesday, June 5, 2013
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြု
လိုက်ပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်
ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။
ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူသည့်လုပ်ငန်းရှင် မရှိသေးသော်လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြားသည်။
၎င်းကဆက်လက်၍“ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင် ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။
Hot News