တူရကီနှင့် ဂျော်ဒန်မှ တစ်ဆင့် အတိုက်အခံ အဖွဲ့များထံ လက်နက်များ ပေးပို့ရန် CIA အဖွဲ့ ပြင်ဆင်လျက်ရှိ

တူရကီနှင့် ဂျော်ဒန်နိုင်ငံရှိ လျှို့ဝှက် အခြေစိုက် စခန်းများမှ တစ်ဆင့် ဆီးရီးယားရှိ အတိုက် အခံ အဖွဲ့များထံ လက်နက်များ ပေးပို့ရန် အမေရိကန် ဗဟို ထောက် လှမ်းရေး အေဂျင်စီ (CIA)က စီစဉ်လျက် ရှိပြီး လက်နက်ခဲယမ်း များကိုလာမည့် သီတင်းပတ်များ အတွင်း စတင် ပို့ဆောင်ရန် မျှော်မှန်းထားကြောင်း အမေရိကန် အာဏာပိုင် များက ပြောကြားခဲ့သည်။

သို့သော် ဆီးရီးယား အတိုက်အခံ အဖွဲ့၏ အခြေအနေသည် ယခုအခါ ပရမ်းပတာ ဖြစ်လျက် ရှိသောကြောင့် အမေရိကန်က ပေးပို့မည့် လက်နက်များသည် ၎င်းတို့ ရည်ရွယ် ပေးပို့သူများ ထံမှ လမ်းလွဲ၍ အခြား အဖွဲ့များထံ ရောက်ရှိ သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း ဆီးရီးယား ကျွမ်းကျင်သူ များက သတိပေး ပြောကြားခဲ့သည်။

CIA အဖွဲ့သည် ပြီးခဲ့သည့် နှစ်အတွင်း ကလည်း ဆီးရီးယား နိုင်ငံ၌ စစ်ရေးဆိုင်ရာ တိုးမြှင့်မှု အခြေအနေ များကို လေ့လာ စောင့်ကြည့်ရန် လန်းဂလေရှိ ၎င်းတို့၏ စစ်ဌာန ချုပ်တွင် ရုံးသစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အတိုက်အခံ များထံ လက်နက်များ တင်ပို့မှု အစီအစဉ်သည် လွန်ခဲ့သည့် သီတင်းပတ်များ အတွင်း သမ္မတ အာဆတ်၏ တပ်များက အတိုက်အခံ များအား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပြီး အောင်ပွဲများ ရရှိနေစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် ပြည်တွင်းစစ် အတွင်း ဆီးရီးယား အစိုးရ တပ်များက ဓာတု လက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီးနောက် အတိုက်အခံ များထံသို့ စစ်ရေးအရ အကူအညီ ပေးသွားမည်ဟု ဇွန် ၁၃ ရက်က ကြေညာခဲ့သည်။
Myanmar Online News


တူရကီနှင့် ဂျော်ဒန်မှ တစ်ဆင့် အတိုက်အခံ အဖွဲ့များထံ လက်နက်များ ပေးပို့ရန် CIA အဖွဲ့ ပြင်ဆင်လျက်ရှိ 
Sunday, June 16, 2013

တူရကီနှင့် ဂျော်ဒန်နိုင်ငံရှိ လျှို့ဝှက် အခြေစိုက် စခန်းများမှ တစ်ဆင့် ဆီးရီးယားရှိ အတိုက် အခံ အဖွဲ့များထံ လက်နက်များ ပေးပို့ရန် အမေရိကန် ဗဟို ထောက် လှမ်းရေး အေဂျင်စီ (CIA)က စီစဉ်လျက် ရှိပြီး လက်နက်ခဲယမ်း များကိုလာမည့် သီတင်းပတ်များ အတွင်း စတင် ပို့ဆောင်ရန် မျှော်မှန်းထားကြောင်း အမေရိကန် အာဏာပိုင် များက ပြောကြားခဲ့သည်။

သို့သော် ဆီးရီးယား အတိုက်အခံ အဖွဲ့၏ အခြေအနေသည် ယခုအခါ ပရမ်းပတာ ဖြစ်လျက် ရှိသောကြောင့် အမေရိကန်က ပေးပို့မည့် လက်နက်များသည် ၎င်းတို့ ရည်ရွယ် ပေးပို့သူများ ထံမှ လမ်းလွဲ၍ အခြား အဖွဲ့များထံ ရောက်ရှိ သွားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြောင်း ဆီးရီးယား ကျွမ်းကျင်သူ များက သတိပေး ပြောကြားခဲ့သည်။

CIA အဖွဲ့သည် ပြီးခဲ့သည့် နှစ်အတွင်း ကလည်း ဆီးရီးယား နိုင်ငံ၌ စစ်ရေးဆိုင်ရာ တိုးမြှင့်မှု အခြေအနေ များကို လေ့လာ စောင့်ကြည့်ရန် လန်းဂလေရှိ ၎င်းတို့၏ စစ်ဌာန ချုပ်တွင် ရုံးသစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အတိုက်အခံ များထံ လက်နက်များ တင်ပို့မှု အစီအစဉ်သည် လွန်ခဲ့သည့် သီတင်းပတ်များ အတွင်း သမ္မတ အာဆတ်၏ တပ်များက အတိုက်အခံ များအား အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိပြီး အောင်ပွဲများ ရရှိနေစဉ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရသည် ပြည်တွင်းစစ် အတွင်း ဆီးရီးယား အစိုးရ တပ်များက ဓာတု လက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြီးနောက် အတိုက်အခံ များထံသို့ စစ်ရေးအရ အကူအညီ ပေးသွားမည်ဟု ဇွန် ၁၃ ရက်က ကြေညာခဲ့သည်။

မြ၀တီ

SHARE THIS
Previous Post
Next Post