သတင်းစာ လွတ်လပ်ခွင့်အပေါ် နောက်ကြောင်း ပြန်လှည့်တာတွေရှိကြောင်း CPJ ဝေဖန်

မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းစာ လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့သလို နောက်ကြောင်း ပြန်လှည့်နေတာတွေလည်းရှိတယ်လို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီနေ့ ဝေဖန်ထောက်ပြလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန်က အကျဉ်းကျ သတင်းစာဆရာတွေကို ပြန်လွှတ်ပေးခဲ့သလို စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့အပြီး မြန်မာသတင်းမီဒီယာလောက လွတ်လပ်ကျယ်ပြန့်လာခဲ့ကြောင်း၊ ဒါပေမယ့် အမှီအခိုကင်းပြီး စိုးရိမ်မှုကင်းတဲ့ သတင်းတင်ပြချက်၊ ရေးသားချက်တွေ လုပ်ဆောင်နိုင်ဖို့ စိန်ခေါ်ချက်တွေနဲ့ အခက်ခဲတွေက ရှိနေသေးကြောင်း ဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ CPJ ရဲ့ မြန်မာသတင်း လွတ်လပ်ခွင့်ဆိုင်ရာ အထူးအစီရင်ခံစာက ဆိုပါတယ်။

အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာတွေ ရုတ်သိမ်းအပြီး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ မြန်မာအစိုးရရဲ့ သတင်းစာ လွတ်လပ်ခွင့်အတွက် ပေးထားတဲ့ကတိတွေဟာ နောက်ကြောင်းပြန်လှည့်လာတာကို တွေ့ရတယ်လို့လည်း CPJ ရဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

RFA Burmese

SHARE THIS
Previous Post
Next Post