“FBI က မောင်းသူမဲ့လေယာဉ်များ အမေရိကန်ပြည်တွင်း၌ အသုံးပြုခဲ့”

ဇွန်လ ၂၁ ရက် ၂၀၁၃

FBI၏ ဒါရိုက်တာ ဖြစ်သူက ထောက်လှမ်းရေး ကိစ္စအတွက် မောင်းသူမဲ့
လေယာဉ်များကို အမေရိကန် နိုင်ငံအတွင်း ပျံသန်းစေခဲ့ဖူးကြောင်း ထုတ်ဖော် ဝန်ခံခဲ့သည်။ အမေရိကန်၏ နိုင်ငံရပ်ခြား စစ်ဆင်ရေးများတွင် အဓိက အသုံးပြုသည့် အဆိုပါ လေယာဉ်များကို ပြည်တွင်းတွင်လည်း အသုံးပြုခဲ့ဖူးသည့်တိုင် အလွန်စီစစ် နည်းပါးသော အခြေအနေဖြစ်အောင်မူ စီမံခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

FBI၏ ဒါရိုက်တာ ရောဘတ်မူလာက အမေရိကန် အမျိုးသား ထောက်
လှမ်းရေး အေဂျင်စီ (NSA)၏ အစီအစဉ်များအရ FBIက ထိန်းချုပ်သော
မောင်းသူမဲ့ လေယာဉ်များကို ပြည်တွင်းတွင် ပျံသန်းစေရန် ဗျူရိုက ခွင့်ပြုခဲ့ကြောင်း အမေရိကန်လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

Planet Myanmar Network

SHARE THIS
Previous Post
Next Post