သံတွဲက ချမ်းသာတဲ့ မွတ်ဆလင်မိသားစု တချို့ မြို့ကို စွန့်ခွာ

သံတွဲက ချမ်းသာတဲ့ မွတ်ဆလင်မိသားစု တချို့ မြို့ကို စွန့်ခွာ
ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဆူပူ တိုက်ခိုက်မူတွေ ဖြစ်ပွားခဲ့ပြီးတဲ့ နောက် လုံခြုံရေး စိုးရိမ်ရတဲ့ အတွက် ချမ်းသာတဲ့ မွတ်ဆလင် မိသားစု တချို့ အိမ်ကိုစွန့်ခွာပြီးး သံတွဲကနေ ရန်ကုန်ကို လေယာဉ်နဲ့ ထွက်ခွာသွားကြတယ်လို့ သတင်း ရရှိပါတယ်။
ဒီကနေ့ ထွက်ခွာသွားတဲ့ သူတွေထဲမှာ ရွှေစင်သဂီင်္ မိသားစု၊ ကိုအောင်စိုး မိသားစုနဲ့ မီးရှို့ခံရတဲ့ အတွက် အိမ်မီးထဲပါသွားတဲ့ ဒေါ်ဝင်းကြည်တို့ မိသားစုတွေ ဖြစ်ကြတယ်လို့ သံတွဲ ဒေသခံ
တစ်ဦးက ပြောပါတယ်။
သံတွဲမှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး လူစုလူဝေး မလုပ်ရ၊ ညမထွက်ရ ဆိုတဲ့ ဒေသန္တာရဥပဒေ ထုတ်ပြန်ထားပေမယ့် လုံခြုံရေး မရှိတဲ့
မြို့ပြင် ရပ်ကွက်တွေမှာ လူတွေကတော့ စိုးရိမ်
နေကြတယ်လို့ ပြောပါတယ်။
အခုလောလောဆယ် သံတွဲမြို့ထဲက ဒွာရ၀တီ
တံထားထိပ်၊ ဆေးရုံရှေ့၊ မာဂလမ်းတို့မှာ လုံခြုံ
ရေးတွေ ချထားပေမယ့် မြို့သစ်ရပ်ကွက်တွေမှ
ာ လုံခြုံရေး မရှိဘူးလို့ ဒေသခံတွေက ပြောပါ
တယ်။ လုံခြုံရေးအရ ဟာနေတဲ့ နေရာတွေမှာ
စိုးရိမ်ရတယ်လို့ ပြောပါတယ်။
သံတွဲရဲစခန်း တာဝန်ကျသူ တစ်ဦးကတော့ အ
ခြေအနေ တည်ငြိမ်သွားပြီး ဘာမှ ကြီးကြီးကျ
ယ်ကျယ် ဖြစ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒါ့ပြင် မတော်မတရား ပြုကျင့်တဲ့ မွတ်ဆလင် နှစ်ဦးကိုလည်း ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ထုတ်ပြန်တဲ့ သာစွဌာနေ ရခိုင်ပြေ Facebook မှာတော့ မတော်မတရား ပြုကျင့်သူ ဖမ်းဆီးခံရသူ (၂) ဦး ကမန်လူမျိုး အစ္စလာမ်ဘာသာဝင်တွေ ဖြစ်တယ်လို့ေ
ဖ်ါပြထားပါတယ်။
သံတွဲရဲစခန်းမှာ သူတို့ (၂) ဦးကို စစ်ဆေးမေးမြန်းတာတွေ ဆောင်ရွက်နေပြီး တည်ဆဲ တရာ
ဥပဒေနဲ့ အညီ အမြန် အရေးယူ တရားစွဲဆို နိုင်ရေး အတွက် သံတွဲရဲစခန်းမှာ (ပ)၃ရ/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၇၆ နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
မနေ့ တိုက်ခိုက်မူ ဖြစ်ပွားရာမှာ သံတွဲမြို့ ဒွာရ၀တီ မြို့သစ်က မွတ်ဆလင် ဘာသာဝင် အိမ် (၅)လုံးခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး အဲဒီအထဲမှာ သူနာပြုဆရာမဟောင်း ဒေါ်ဝင်းကြည် အိမ်နဲ့ ဦးမျိုးသစ်ရဲ့ အိမ်က လုံးဝ မီးထဲပါသွားခဲ့ပြီး ကျန် အိမ် (၃) လုံးကတော့ တချို့တ၀က် ပျက်စီးသွားတ
ယ်လို့ ပြောပါတယ်။
ဒီလို တိုက်ခိုက်မူတွေ ဖြစ်ပွားခဲပြီးတဲ့နောက်ပိုင်းမှာ မြို့ဝင် မြို့ထွက်လမ်းတွေကိုလည်း ပိတ်ထားလိုက်ပြီး ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီး (၂)ဦး အပါအ၀င် တစ်ခြား အရာရှိကြီးတွေလည်း
အကြမ်းဖက် ဆူပူတွေကို တားဆီးနိုင်အောင်
သံတွဲမြို့ကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။
သံတွဲသူ တစ်ဦးကတော့ ခုလို ဖြစ်ပျက်ခဲ့ပြီးတဲ့
နောက်ပိုင်းမှာ သံတွဲရဲ့ အခြေအနေက ပုံမှန်လိုဘဲ တည်ငြိမ်နေပေမယ့် သူမတို့ အနေနဲ့ တစ်ခုခု ဆက်ဖြစ်လာမလားဆိုပြီး စိုးရိမ်မူတွေ ရှိနေတယ်လို့ ပြောကြားပါတယ်။
(နိရဉ္စရာ- ၁ ဇူလိုင် ၂၀၁၃)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post