နယူးဒေလီ၊ ဇူလိုင် ၉
ကမ္ဘာကျော် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ
်သော ဗုဒ္ဓဂယာတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွား
ခဲ့ပြီး နောက် အိန္ဒိယ အစိုးရ အာဏာပိုင်များက
ဗုဒ္ဓဘာသာ ဘုရားများ၊ စေတီများနှင့် ဘုန်းကြီး
ကျောင်း များတွင် လုံခြုံရေး အထူး တင်းကျပ်ရ
န် အမိန့်ထုတ်လိုက်ကြောင်း The Straits
Times သတင်းစာက ရေးသား ဖော်ပြသည်။
ထိုသို့ လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်ထား
သော နေရာများတွင် တိဘက် လူမျိုးများ ဘာသ
ာရေး အဆောက်အအုံများလည်း ပါဝင်သည်ဟု
သတင်းက ဆိုသည်။
“ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့
ဘာသာရေး အဆောက်အအုံတွေ အားလုံးမှာ
လုံခြုံရေးအတွက် ကြိုတင် သတိပေး လုပ်ဆော
င်ချက်တွေကို အိန္ဒိယ အာဏာပိုင်တွေက လုပ်ေ
ဆာင်လျက် ရှိပါတယ်” ဟု အိန္ဒိယအခြေစိုက်
တိဘက် ပြည်ပြေး အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ
္ဂိုလ်က ဆိုသည်။
တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်
းလားမားနှင့် တိဘက် ပြည်ပြေး အစိုးရတို့ အေ
ခြချရာ ဒါရမ်ဆာလာမြို့တွင်လည်း လုံခြုံရေးမျာ
း အထူး တင်းကျပ်ထားသည်။
ဘီဟာပြည်နယ် ဂယာမြို့ ဂေါတမ ဗုဒ္ဓဘုရား ပ
ွင့်တော်မူရာ ဗောဓိညောင်ပင် ရှိသည့် မဟာဗေ
ာဓိ စေတီ ပရဝုဏ်နှင့် ဝန်းကျင်တွင် တနင်္ဂနွေေ
န့ နံနက် အစောပိုင်းက ဗုံး ကိုးလုံး ပေါက်ကွဲမှု
ဖြစ်ပွားခဲ့ရာ လူ ငါးဦး ဒဏ်ရာ ရရှိသွားသည်။
အဆိုပါ ဖောက်ခွဲမှုနှင့် ဆက်စပ် ပတ်သက်နေ
သည်ဟု သံသယရှိသူ တစ်ဦးကို ဂယာ ခရိုင်တ
ွင် အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်ေ
န့တွင် ဖမ်းမိလိုက်ပြီး ယခုအခါ စစ်ဆေး မေြး
မန်းမှုများ ပြုလုပ်လျက် ရှိသည်ဟု အိန္ဒိယ ရဲတ
ပ်ဖွဲ့မှ အကြီးတန်း အရာရှိ နာယာဟတ်စ်နန်ခန်
၏ ပြောကြားချက်ကို Press Trust of India သ
တင်းဌာနက ကိုးကား ဖော်ပြ သည်။
အိန္ဒိယသည် အကြမ်းဖက် တိုက်ခိုက်မှုများဒဏ်
ကို နှစ်ပေါင်းများစွာ ခံစားခဲ့ ရသော်လည်း ဗုဒ
္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ေ
သာ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်
ခိုက်သည်မှာ ဖြစ်တောင့်ဖြစ်ခဲ ပင် ဖြစ်သည်။
အိန္ဒိယတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်
ဆူပူ အုံကြွမှုများကို ဖန်တီးနေသူများမှာ မော်ဝါ
ဒီ သောင်းကျန်းသူများ ဖြစ်ကြသည်ဟု အာဏာ
ပိုင်တို့က ဆိုသည်။
The Voice Weekly
အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်
Published with Blogger-droid v2.0.10