ရန်ကုန်၊ ဇူလိုင် ၁၃
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာ
နက သော့ခတ်ချိပ်ပိတ်ထားသော သင်္ဃန်းကျွန်း
မြို့နယ် (၂၉) ရပ်ကွက် မင်းဒင် ၄ လမ်း၊ အမှ
တ် ၄၂ ရှိ တိုက်ခန်းတွင် တရားရုံး၏ အနိုင်ဒီကရြီ
ဖင့် ဝင်ရောက် နေထိုင်ခြင်းကို ၁၉၉၅ ခုနှစ် အစို
းရအိမ်ဥပစာ နှင်ထုတ်ခြင်း အက်ဥပဒေဖြင့် ဖ
ယ်ရှားပြီး တရားစွဲဆိုသွားမည်ဟု အဆိုပါဌာ
နမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြား
သည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့
နယ် (၂၉) ရပ်ကွက်၊ မင်းဒင် ၄ လမ်းရှိ အမှတ်
၄၂၊ အခန်း (၁)နေအိမ်ကို မြို့ ရွာနှင့် အိုးအိမ်
ဖွံ့ဖြိုးရေးဦးစီးဌာနက သော့ခတ်ချိပ်ပိတ်ထ
ားရာ ဇူလိုင်လ ပထမပတ် အတွင်း အမျိုးသမီးကြီ
းတစ်ဦးက အရှေ့ပိုင်းခရိုင်တရားရုံး၏ အနိုင်ဒီ
ကရီဖြင့် ဝင်ရောက် နေထိုင်ခဲ့ကြောင်း အဆိုပါ
ရပ်ကွက် နေထိုင်သူများက The Voice သို့ ပြော
ကြားသည်။
အဆိုပါ တိုက်ခန်းကို အရှေ့ပိုင်းခရိုင် တရားရုံး
၏ အနိုင်ဒီကရီနှင့် တိုင်းဒေသကြီး တရားရုံး၏ ခ
ွင့်ပြုချက်ဖြင့် အရှေ့ပိုင်းခရိုင် တရားရုံးမှ
ဒုတိယမြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများတို့
ရှေ့မှောက်တွင် သော့ဖျက်ကာ ဝင်ရောက်နေထိုင်
ခဲ့ခြင်း ဖြစ်ကြောင်း ဝင်ရောက်နေထိုင်သူေ
ဒ်ါအေးအေးမြင့်က ရှင်းပြသည်။
၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်တွင် နေအိမ်နှင့် ပတ်သ
က်ပြီး လိမ်လည်အငြင်းပွားမှု ဖြစ်ပွားသ
ဖြင့် မြို့ ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး
စီးဌာနက ဥပဒေအရ ချိပ်ပိတ်ခဲ့ပြီး နေအိမ်၏ မူ
လအိမ်ပိုင်ရှင် ဒေါ်အိအိမိုးထံမှ ဒေါ်စန္ဒာနှင့်ေ
ဒ်ါအေးအေးမြင့်တို့က အိမ်ကိုရယူလိုကြောင်း အ
ရှေ့ပိုင်းခရိုင် တရားရုံးထံတွင် လျှောက်ထားခဲ့
ရာ ဒုတိယတရားသူကြီး ဦးကြင်သောင်းက ဒေ
ါ်အေးအေးမြင့်ကို ၂၀၁၂ ခုနှစ် ဇူလိုင် ၁၈ ရက်တ
ွင် အိမ်ပိုင်ဆိုင်ကြောင်း ကြေညာ၍ အနိုင်ဒီကရီ
ချမှတ်ခဲ့ကြောင်း၊ ဒေါ်စန္ဒာ၏ ခရိုင်တရားရုံ
းထံ ဦးတိုက်လျှောက်ထားခဲ့သော်လည်း ပလပ်ခံရပြီ
း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌ
ာနတွင် ပြန်လည်လျှောက်ထား တောင်းခံရန် ချ
မှတ်ခဲ့ကြောင်း အဆိုပါ နေအိမ်ရယူလိုမှု လျှောက်
ထားခဲ့သူနှစ်ဦးထံမှ သိရှိရသည်။
အိုးအိမ်ပိုင်အိမ်တွင် ဝင်ရောက်နေထိုင်မှုကို သင်္ဃ
န်းကျွန်းမြို့နယ် မြို့ ရွာနှင့် အိုးအိမ်ဖွံ
့ဖြိုးရေး ဦးစီးဌာနရုံးထံ တရားရုံးက အေ
ကြာင်းကြား ဆက်သွယ်ခြင်း မရှိသဖြင့် ကိုယ်
တိုင်သွားရောက်ကြည့်ရှုကာ ဒုတိယညွှန်ကြား
ရေးမှူးထံ တင်ပြထားကြောင်း သင်္ဃန်းကျွ
န်းမြို့နယ် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေ
း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြ
ားသည်။
အဆိုပါအိမ်ခန်းတွင် နေထိုင်ခဲ့သူသည် အိမ်ပိုင်ဆိုင်မ
ှု စာချုပ်အတုများဖြင့် လူ ၁၀ ဦးခန့်ကို လိမ်လည်
ရောင်းချမှုများ ရှိကြောင်း အလိမ်ခံရသူများ
ထဲမှ တစ်ဦးဖြစ်သူ ဒေါ်ခင်အေးမြင့်က ပြော
ဆိုသည်။
၂၀၁၀ ပြည့်နှစ်ခန့်က အဆိုပါအိမ်ရှင် ဒေါ်အိအိမို
းသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင်
လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ရွာ
သာကြီးတွင် လည်းကောင်း၊ သုဝဏ္ဏ ရေနံ့သ
ာရပ်ကွက်တွင် လည်းကောင်း အိမ်စာချုပ်အတုမျာ
း၊ ဂရန်အတုများဖြင့် လိမ်လည်ရောင်းချမှုမျာ
း ရှိကြောင်း လိမ်လည်ခံရသူများက The Voice သို
့ ပြောကြားသည်။
From: The Voice
ချိပ်ပိတ်ထားသော အိုးအိမ်တိုက်ခန်းအတွင်းဝင်ရောက်နေထိုင်မှု ဖယ်ရှားတရားစွဲဆိုမည်
Published with Blogger-droid v2.0.10