မိတ္ထီလာ၊ ဇူလိုင် ၁၁
မိတ္ထီလာပဋိပက္ခ ဖြစ်စဉ်အတွင်း တက္ကသိုလ်ေ
ကျာင်းသားတစ်ဦးကို သတ်ဖြတ်ခဲ့သူ လေးဦး
ကို ခရိုင်တရားရုံးက ဇူလိုင် ၉ ရက်နေ့တွင်ေ
ထာင်ဒဏ်ခုနစ်နှစ်မှ တစ်သက်တစ်ကျွန်းထိ ပြ
စ်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း အဆိုပါ
တရားရုံးမှ သိရသည်။
ဖြစ်စဉ်မှာ မိတ္ထီလာပဋိပက္ခများ ဖြစ်ပွားခဲ့သော
မတ်လ ၂၃ ရက်နေ့က မိတ္ထီလာ ဆေးရုံကြီးသို့
လူသေလောင်း တစ်လောင်း ရောက်ရှိနေသည်
ဟူသော သတင်းအရ မြို့မရဲစခန်းမှ ရဲအုပ်ဌေး
လွင်
ဦးဆောင်၍ သွားရောက်စုံစမ်းရာ သေဆုံးသူမှ
ာ ရူပဗေဒ တတိယနှစ်ကျောင်းသားအသက်
၁၉ နှစ်အရွယ် ဝင်းမျိုးအောင်ဖြစ်ပြီး ဦးခေါင်း
နှင့် လည်ပင်းတွင် ဒဏ်ရာများရရှိ သေဆုံးခဲ့ြေ
ကာင်း အဆိုပါ မြို့မရဲစခန်း၏ ရဲမှတ်တမ်း များ
အရ သိရသည်။
ယင်းအမှုကို မြို့မရဲစခန်း (ပ) ၁၁၁/၂၀၁၃ ပုဒ်မ
၃၀၂/၄၃၆ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းဖော်ထုတ်ခဲ့
ရာ လူသတ်မှု ကျူးလွန်သူများမှာ မိတ္ထီလာမြို့ နန်
းတော်ကုန်းရပ်နေ ဂျိုးဂျိုး (ခ) ဂျိုးနက် (ခ) ဌေး
ကိုကိုအောင် ၂၂ နှစ်၊ ညီညီ (ခ) ဟာနစ်၂၁ နှစ်၊
မတ်လီ (ခ) အောင်ကိုလတ် ၁၉ နှစ်၊ အကြူး (ခ
) မောင်မောင်မြင့် ၃၂ နှစ် တို့ဖြစ်ကြောင်း ပေါ်
ပေါက်ခဲ့၍ ၄င်းတို့ လေးဦးကို မိတ္ထီလာခရိုင် တ
ရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း အဆိုပါမြို့မ
ရဲစခန်း ၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
တက္ကသိုလ်ကျောင်းသား ဝင်းမျိုးအောင်သတ်မ
ှုနှင့် ပတ်သက်၍ မိတ္ထီလာခရိုင်တရားရုံးက ပြစ်
မှုကြီးအမှတ် ၄၀/၀၁၃ ဖြင့် လက်ခံကြားနာ စ
စ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသော ဂျိုးဂျိုး (ခ) ဂျိုးန
က် (ခ) ဌေးကိုကိုအောင်ကို ပုဒ်မ ၃၀၂ (၂) အရ
ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ အကြူး (ခ)ေ
မာင်မောင်မြင့်ကို ပုဒ်မ ၃၀၂ (၂)/၁၄၄ အရေ
ထာင်ဒဏ် ၁၀ နှစ်၊ ညီညီ (ခ) ဟာနစ်နှင့် မတ်
လီ(ခ)အောင်ကိုလတ် တို့ကို ပုဒ်မ ၃၀၂(၂)/
၁၄၄ အရ ထောင်ဒဏ် ခုနစ်နှစ်စီ ကျခံစေရန်
အမိန့်ချမှတ်ခဲ့ကြောင်း မိတ္ထီလာခရိုင် တရားထံ
ရုံးမှ သိရသည်။
From Internet
မိတ္ထီလာတွင် တက္ကသိုလ်ကျောင်းသားကို သတ်သူ လေးဦး ထောင်ဒဏ်ချမှတ်
Published with Blogger-droid v2.0.10