အောင်ကိုဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၂ ရက်
၂၀၁၃ ခုနှစ်
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ၃၆
လမ်း ၈၄ လမ်းနှင့် ၈၅ လမ်းကြားတွင် အရှင်ဝီ
ရသူ၏ ဓမ္မပူဇာတရားပွဲ ပြုလုပ်နေစဉ် ကားဘီး
များပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ရာ အနီးရှိသုံးဦ
း ပွန်းပဲ့ဒဏ်ရာများ ရရှိသွားကြပြီး တရားပွဲကို
လည်း ရပ်လိုက်ရသည်။
တရားပွဲအနီး ရပ်တန့်ထားသည့် ကားနံပါတ် ၇
က/၃၀၂၀ ၏ ဘီးများပွင့်ထွက်ကာ ပေါက်ကွဲရာ
မှ ကိုရင်ငယ်တစ်ပါး၊ အမျိုးသမီးတစ်ဦးနှင့် အ
မျိုးသားတစ်ဦးတို့ ခြေထောက်များတွင် ပွန်းပဲ့ဒ
ဏ်ရာများ ရရှိသွားကြသည်ဟု အနီးရှိတာဝန်
ကျ ရဲတပ်သား တစ်ယောက်က မဇ္ဈိမကို ပြော
သည်။ အမျိုးသမီးနှင့် အမျိုးသားတို့ကို မန္တလေး
ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။
အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာသည့် ရဲများ
က အဆိုပါကားဘီးပေါက်မှုသည် သာမန်ပေါ
က်ကွဲခြင်းလော၊ အခြားအကြောင်းအရာတစ်
ခုခုကြောင့်လော ထုတ်ဖော်ပြောဆိုခြင်း မရှိေ
သးပါ။
တရားပွဲကို ည ၇ နာရီတွင် စတင်ခဲ့ပြီး ၉ နာရီ
၁၅ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သ
ည်။ တရားပွဲကို ယခုလ ၁၇ ရက်တည်းက ကျင်း
ပခြင်းဖြစ်ကာ ၂၁ ရက်ည တရားပွဲသည် နော
က်ဆုံးညလည်းဖြစ်သည်။ အဆိုပါ တရားပွဲသို့
လူရာပေါင်းများစွာ လာရောက်နာယူခဲ့ကြသည်
။
Mizzima - News in Burmese
မန္တလေးမြို့ တရားပွဲအနီး ပေါက်ကွဲမှုဖြစ်၊ သုံး ဦး ဒဏ်ရာရ
Published with Blogger-droid v2.0.10