မန္တလေးတရားပွဲဗုံးခွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေး

ဦးလွင် | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၄ ရက် ၂၀၁၃ ခု
နှစ် ၁၀ နာရီ ၄၄ မိနစ်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၆ လမ်း၌
ကျင်းပခဲ့သည့် မစိုးရိမ်ဆရာတော် ဦးဝီရသူ၏
တရားပွဲအနီးတွင် ဇူလိုင်၂၁ရက်က လက်လုပ်ဗုံ
းတစ်ခု ပေါက်ကွဲခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍
သံသယရှိသူများကို ရဲများက ဖမ်းဆီးထားပြီဖြ
စ်ကြောင်း မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများ
တွင် ဖော်ပြထားသည်။
ရဲများက သံသယရှိသဖြင့် ဖမ်းဆီးထားသူနှစ်ဦ
းရှိပြီး ၎င်းတို့ကို တရားပွဲပြုလုပ်ခဲ့သည့် အနီးအ
နားရှိ အေးမေတ္တာဆေးခန်းနှင့် KING မုန့်ဆိုင်
တို့တွင် တပ်ဆင်ထားသော CCTVလုံခြုံရေးက
င်မရာများ မှတ်တမ်းများ မှတစ်ဆင့် ခြေရာခံ
ကာ လိုက်လံစုံစမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲဌာန
က မှတ်တမ်းတင်ထားသည်။
သံသယရှိသူများ၏ အမည်ကို ရဲဌာနက မထုတ်ြ
ပန်သေးသော်လည်း သူတို့နှစ်ဦးကို နေအိမ်တ
ွင် ဖမ်းမိခဲ့ပြီး လက်ရှိတွင် ခရိုင်ရဲမှူးဦးစီးသော
အမှုစစ်အဖွဲ့နှင့်အတူ ရဲမှူးခင်မောင်စိုးဦးစီးသေ
ာအဖွဲ့တို့က စစ်ဆေး မေးမြန်းမှုများ ဆောင်ရ
ွက်နေပြီဖြစ်သည်ဟု ရဲဌာနက ထုတ်ပြန်သည်။
တရားပွဲအနီး ဗုံးကွဲမှုကြောင့် သံဃာတစ်ပါး၊
အမျိုးသမီးသုံးဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်
း ငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက်
သံဃာတော်နှင့် အမျိုးသားတစ်ဦး၊ အမျိုးသမီး
တစ်ဦးတို့မှာ သက်သာသွား ပြီဖြစ်သဖြင့် ဆေ
းရုံမှ ဆင်းသွားပြီဟု ရဲတပ်ဖွဲ့က အတည်ပြုထား
သည်။
ဒဏ်ရာရရှိသည့် ကျန်အမျိုးသမီးနှစ်ဦးသည် အ
ရေးပေါ်ဌာနတွင် ဆေးကုသလျှက်ရှိပြီး ၎င်းတို
့၏ ပေါင်တွင် သံစဟု ယူဆရသော အစတစ်ခုစီ
တွေ့ရှိရသဖြင့် ခွဲစိတ် ကုသမည်ဖြစ်ကြောင်း ရဲ
ဌာနက ဆိုသည်။
မန္တလေးတိုင်းတွင် ဧည့်ပရိသတ်များပြားနိုင်သ
ည့် နာမည်ကြီးဆရာတော်များ၏ တရားပွဲများ
ကို လုံခြုံရေး တင်းကျပ်ရန် ညွှန်ကြားထားပြီးေ
ကျာက်ဆည်တွင် ဇူလိုင် ၂၃ ရက်၌ ကျင်းပမည့်
သီတဂူဆရာတော်၏ တရားပွဲတွင် ရဲ ၃၀ ဦးပင်
လုံခြုံရေး စောင့်ကြပ်ပေးမည်ဟု သက်ဆိုင်ရာ
ရဲစခန်းက စုံစမ်းရရှိသည်။
Mizzima - News in Burmese

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post