ရခိုင်အဆိုတော် ဒိုးအ်ရီ ၏ ဇနီးကို သတ်သည့်တရားခံကို ဖမ်းမိပြီ


ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇ
ွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က
ထိုးသတ်သွားသူ တရားခံအား အခင်းဖြစ်ပြီး
(၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန်
့တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်က
မ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီး
ရမိခဲ့သည်။ တရားခံ ကိုမောင်တုတ် က ဒိုးအ်ရီ
၏ ဇနီး မဥမ္မာထွန်းအား ထိုးသတ်ရာတွင် အသုံ
းပြုခဲ့သည့် အသွားကိုးလက်မရှိ ကတ်ကြေး နှင့်
အတူ ဖမ်းဆီးရမိခြင်းဖြစ်သည် ဟု ဆိုသည်။
ထိုကတ်ကြေးမှာ ကိုက်ဖြတ်ရန် အတွက် မဟု
တ်ဘဲ လက်နက်အဖြစ်အသုံးပြုနိုင်အောင် ချွန်
ထက်အောင် သွေးထားသော ကတ်ကြေးဖြစ်
သည် ဟု ဆိုသည်။ တမြန်နေ့က (ကို) ဒိုးအ်ရီတို
့မိသားစု နှင့် တရားခံမိသားစုတို့ ကတောက်က
ဆ ဖြစ်ကြရာမှ တရားခံကိုမောင်တုတ် (၃၂-နှ
စ်ခန့်) က (ကို) ဒိုးအ်ရီတို့မိသားစု အိမ်ဝင်းခြံမျ
ားအား လာရောက် နင်းခြေဖျက် ဆီး သည် အ
ထိဖြစ်ပွားခဲ့သဖြင့် (ကို) ဒိုးအ်ရီတို့ ဇနီးမောင်နှံ
က ရဲစခန်းသို့သွားရောက် တိုင်တမ်းခဲ့ကြ သ
ည့်နောက်၊ အိမ်နီးနားချင်းများဖြစ်ကြသည့် တ
ရားခံ၏ မိသားစုဝင်အများစုတို့ အလျှိုလျှိုပျောက်
သွားကြပြီး တရားခံ ကိုမောင်တုတ် တစ်ယော
က်သာလျှင် အိမ်ပေါ်တွင် ကျန်ခဲ့သည် ဟု ဆိုသ
ည်။ “အဲသည်အိမ်ပေါ်က မိန်းမနှစ်ယောက်၊ တ
စ်ယောက်က သူ့မိန်းမပဲ၊ အဲသည် နှစ်ယောက်နဲ့
အဲသည်ကောင်နဲ့ တိုးတိုး တိုးတိုး တိုင်ပင်ပြီး
သူတို့အိမ်သားတွေ အိမ်ကနေထွက်သွားကြတ
ယ်။ နောက်ဆုံး အိမ်ရှေ့ တံခါးမကြီးကို ပိတ်တ
ာက သူပဲ။ သူက အကြံနဲ့ကျန်ခဲ့တာ” ဟု ဒိုးအ်ရီ
က ဆိုသည်။ ရန်လိုရိုင်းပြနေသည့် (တရားခံ)
အိမ်နီနားချင်းများ၏ ရန်မှ အကာအကွယ်ပေးပ
ါရန် အခင်းဖြစ်သည့်နေ့က နှစ်ကြိမ်တောင် ဖု
န်းဆက်တိုင်တန်းခဲ့သော်လည်း ဟုတ်ကဲ့ပါ၊ လ
ာပါတော့မယ်၊ ယူနီဖောင်းလဲနေလို့ပါ ဟု ၄င်း
အား ရဲစခန်းက အကြောင်းပြန်သည် ဟု ဒိုးအ်
ရီ က ဆိုသည်။ မိမိအိမ်မှ အိမ်သူအိမ်သားများ
ကို ကြိုတင်ရှင်းလင်းထားသည့် တရားခံ ကိုမေ
ာင်တုတ်သည် ညနေ ခြောက်နာရီကျော်ခန့်တွင်
အသတ်ခံရသူ မဥမ္မာထွန်း နေအိမ်မှ ဆင်းလာ
သည်ကို မြင်သည်နှင့် (သုံးအိမ်ခန့်အကွာရှိ) မိ
မိအိမ်ပေါ် ၀ရန်တာပေါ်က ထိုင်ချောင်းနေရာမှ
နေ လမ်းပေါ်သို့ ကမန်းကတန်း ပြေးဆင်းသွာ
းပြီး မဥမ္မာထွန်း သတိမထားအောင် ကျောပြု
ကာ လမ်းပေါ်ဦးစွာ ရောက်အောင် နေရာယူထ
ားခဲ့သည် ဟု မျက်မြင်တစ်ဦးက ဆိုသည်။ ယင်း
မျက်မြင်၏ အဆိုအရ နောက်ဆုံးဖြစ်စဉ်မှာေ
အာက်ပါအတိုင်းဖြစ်သည်။ “မောင်တုတ်ဟာ
သူကွယ်ပြီး နေနေတဲ့နေရာကို ဥမ္မာထွန်းကေ
ကျာ်သွားတယ်ဆိုတာနဲ့ လှစ်ကနဲ သူ့နေရာကေ
နထွက်လိုက်ပြီး ဥမ္မာထွန်း ဆံပင်ကိုစုဆွဲပြီးေ
ခါင်းကို လှန်လိုက်တယ်။ ပြီးတော့ ရင်ချင်းအပ်
မျက်နှာချင်းဆိုင် ဖြစ်နေတဲ့ ဥမ္မာထွန်းရဲ့ ရင်ည
ွန့်ထဲကို (ကတ်ကြေးနဲ့) ထိုးထည့်ပစ်လိုက်တယ်
။ အဲဒီတစ်ချက် နဲ့တင် ဥမ္မာထွန်း ခွေကနဲ အိကျ
သွားတာပဲ။ လဲသွားတဲ့ ဥမ္မာထွန်းကို ခွစီးပြီးေ
တာ့ သုံးလေးချက်လား လေးငါးခြောက်ချက်လ
ား အပေါ်ကနေ ထပ်ထိုးတယ်” ဟု အဆိုပါ မျ
က်မြင်ပုဂ္ဂိုလ်က ဆိုသည်။ ထိုသူမှာ ဖြစ်စဉ်ကို
အိမ်အပေါ်ထပ်မှ လှမ်းကြည့်မိလျက်သားဖြစ်ေ
နသည့် အိမ်နီနားချင်း တစ်ဦးဖြစ်သည်။ ဥမ္မာ
ထွန်း၏ နောက်ဆုံးအော်သံကို ဒိုးအ်ရီ မကြား
လိုက်။ သို့မဟုတ် ဥမ္မာထွန်းမှာ အော်ဖို့ အချိန်ပ
င် မရလိုက် ဟု ယူဆရသည်။ “ကျွန်တော် ကြာ
းလိုက်တာက အလန့်တကြားနဲ့ အော်လိုက်တဲ့ (
အနီးအနား ၀န်းကျင်က) ယောင်္ကျားတွေရဲ့ အ
လန့်တကြား အော်သံ တွေပဲ။ ကျွန်တော် အိမ်
ကနေ ပြေးဆင်းသွားတာနဲ့ ဥမ္မာထွန်းဆီကိုေ
ရာက်သွားတာ မိနစ်ပိုင်းတောင်မကြာဘူး။ ဘ
ယ်လိုမှ မကာကွယ်နိုင်လိုက်ဘူး။ လမ်းပေါ်မှာ
လဲကျနေတဲ့ ကျွန်တော့် ဇနီးကိုပဲ တွေ့ရတော့
တယ်။ ဟိုကောင်က တစ်ခါတည်း တန်းပြေးသ
ွားပြီ” ဟု ဒိုးအ်ရီက ပြောကြားသည်။ အခင်းဖြ
စ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် အသတ်ခံရသူ
၏ ၇-တန်းကျောင်းသား သားကြီးဖြစ်သူမှာ ကျူ
ရှင်မှ ပြန်လာပြီး ထိုလမ်းအတိုင်းဝင်လာသည်ြ
ဖစ်ရာ ထိုကလေးမှာ သေဘေးမှ သီသီကလေး
လွတ်သွားခြင်းပင် ဖြစ်သည် ဟု အိမ်နီးနားချင်
းများက ဆိုကြသည်။ တရားခံအား ဒုက္ခသည်အိ
မ်ယာစခန်းတွင် ဖမ်းမိသည့်အချိန်တွင် တရားခံ
၏ ဇနီးနှင့် သမီးတို့အား စစ်တွေ အထက (၃)
ရှေ့လမ်း ချတောပါရာလမ်းကြားအိမ်တစ်အိမ်
သို့ (တရားခံက) တင်ကြို ရွှေ့ပြောင်းထားပြီးဖြ
စ်နေသည် ဟု ဆိုသည်။ တရားခံ မောင်တုတ်မှ
ာ ယခင်ကလည်း စစ်တွေမြို့ ကျောင်းတက်လမ်
းရပ်ကွက် တစ်နေရာတွင် ကလးတစ်ဦးထံမှ
ဆွဲကြိုးဖြတ်ပြေးသဖြင့် ပြစ်မှုကျခံရဖူးသည်
ဟု ဆိုသည်။ နာမည်ကြီး ရခိုင်တေးသံရှင် ဒိုးအ်
ရီမှာ ပရိုဖက်ရှင်နယ် တက်တူးထိုးပေးခြင်းဖြ
င့် အသက်မွေးဝမ်းကြောင်းပြုသူ တစ်ဦးဖြစ်ပြီ
း ပြီးခဲ့သည့် ဧပြီလ စစ်တွေမြို့ သင်္ကြန်အတွင်း
ဒိုးအ်ရီ ၏ တေးသံဖြင့်သာ လွှမ်းမိုးနေခဲ့သည်။
အခင်းဖြစ်ပွားရာ စစ်တွေမြို့ မိဇရပ်ကွက် ကု
လားချောင်းအပိုင်းမှာ အစဉ်အလာကပင် ဇက်
ရဲလက်ရဲသမားများ ပေါများရာနေရာဖြစ်သည်
။ သေဆုံးသူ မဥမ္မာထွန်း၏ ရုပ်ကလပ်အား စစ်
တွေ ဆေးရုံကြီး ရင်ခွဲရုံမှ ယနေ့နေ့လယ်တွင်
အာကျိတ်တော်ကုန်း သို့ပို့ဆောင်၍ မြေမြှုပ် သြ
င်္ဂိုလ်မည် ဟု သိရသည်။ သေဆုံးသူ မဥမ္မာထွန်း
တွင် ခင်ပွန်း (ကို)ဒိုးအ်ရီ အပြင် ခုနစ်တန်းအရ
ွယ် သားတစ်ယောက်၊ ခြောက်တန်းအရွယ် သ
ားတစ်ယောက် နှင့် သူငယ်တန်းအရွယ် သမီး
တစ်ယောက် ကျန်ရစ်ခဲ့သည်။
Ref & Credit to Rakhine News Group

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post