ပြီးခဲ့တဲ့လတွေအတွင်း ဖြစ်ပွားခဲ့တဲ အကြမ်းဖက်လုပ်ရပ်တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုသူတွေရဲ့ အစွန်းရောက်လုပ်ရပ်တွေဖြစ်ပြီး ဒီလုပ်ရပ်တွေကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုပါ ဆိုးကျိုးတွေ သက်ရောက်စေခဲ့ကြောင်း သမ္မတဦးသိန်းစိန်က သတိပေး ပြောကြားလိုက်ပါတယ်။
အစိုးရပိုင် မီဒီယာတွေကနေ ထုတ်လွှင့်ခဲ့တဲ့မိန့်ခွန်းမှာ သမ္မတက အခုလို ထည့်သွင်းပြောခဲ့တာဖြစ်ပြီး တဖက်နဲ့တဖက် အမုန်းတရား ကြီးထွားအောင် လှုံ့ဆော်မှုတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ့်အကြောင်းလည်း ပြောပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ထုတ် TIME မဂ္ဂဇင်း မျက်နှာဖုံးဟာ ဗုဒ္ဓဘာသာဝင်အများစုရဲ့ ဘာသာရေးယုံကြည်မှု အနှစ်သာရကို မထင်ဟပ်ဘဲ၊ ပုဂ္ဂိုလ်အနည်းစုရဲ့ လုပ်ဆောင်မှုတွေကိုသာ ဇောင်းပေးဖော်ပြထားကြောင်းနဲ့၊ TIME မဂ္ဂဇင်းအနေနဲ့ ပဋိပက္ခတွေ ငြိမ်းအေးဖို့ ရည်ရွယ်ချက်နဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့သာ တင်ပြသင့်ကြောင်းလည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းပြောဆိုပါတယ်။
နိုင်ငံပိုင် ရေဒီယိုတွေကနေ ပြည်သူလူထုကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
"ကျနော်တို့ မြန်မာဓလေ့ထုံးစံတစ်ရပ်အဖြစ် ခံယူထားကြတဲ့ မည်မျှမှန်ကန်သောကိစ္စရပ်ပင်ဖြစ်
ဒါ့ပြင် လက်ရှိလုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေ၊ သမိုင်းဖြစ်ရပ်အရိပ်မည်းတွေနဲ့ မိမိတို့လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ်မှုတွေကို အစဉ်ထည့်သွင်းစဉ်းစားစေလိုကြောင
ဒီကနေ့ သမ္မတမိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြောင်း၊
ဒီအတောအတွင်း တိုင်းမ်မဂ္ဂဇင်းကို မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ သီရိလင်္ကာနိုင်ငံမှာလည်း အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။
RFA Burmese