ပုဂ္ဂလိကကျောင်းများတွင်နိုင်ငံတကာသင်ရိုးများသင်ကြားနိုင်ရန်ဆောင်ရွက်လျက်ရှိ

Friday, 12 July 2013

ရှမ်းပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းများတွင် နိုင်ငံတကာအသိအမှတ်ပြု စင်္ကာပူအောင်လက်မှတ်ရ ကွန်ပျုတာနှင့် အင်္ဂလိပ်စာသင်ရိုးများကို သင်ကြားနိုင်ရေးအတွက်အ ကောင်အထည်ဖော်ဆောင်ရွက်နေပြီဟု လားရှိုးမြို့ ပါရာဂွန်အင်တာနေရှင်နယ်၊ နိုင်ငံတကာပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ တာဝန်ရှိသူဦးဗိုလ်ဗိုလ်အောင်က ပြောသည်။

၎င်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စင်္ကာပူနိုင်ငံရှိ ဆီဒါအကယ်ဒမီမှ ရေးဆွဲထားသော နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျုတာနှင့် အင်္ဂလိပ်စာသင်ရိုးကို ပုဂ္ဂလိကျောင်းများတွင် အသုံးပြုနေသော အစိုးရပြဌာန်းသင်ရိုးနှင့်အတူ အစားထိုး သင်ကြားနိုင်ရေးအတွက် ရည်ရွယ်ဖေါ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းဝန်ဆောင်မှုလုပ်ငန်းမှ သိရသည်။

ပုဂ္ဂလိကကျောင်းများတွင် ကျောင်းသားများကို သင်ကြားပို့ချနိုင်ရန် ကနဦးစွာဆရာ/ဆရာမများကို နိုင်ငံခြားမှဆရာများအဖွဲ့က နည်းပြသင်တန်းပို့ချစေပြီး ဆရာ/ဆရာမများကိုလည်း နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်များ ချီးမြှင့်သွားမည်ဟု သိရသည်။

ယင်းပြင် စင်္ကာပူနိုင်ငံရှိ ဆီဒါအကယ်ဒမီနှင့် ချိပ်ဆက်၍ ပုဂ္ဂိကကျောင်းများတွင် ကျောင်းသားများကို အရေအချင်းစစ် စာမေးပွဲများပြုလုပ်ပေး၍ အရေအသွေး ထိန်းချုပ်ပေးသွားမှာဖြစ်ကြောင်း ပါရာဂွန်အင်တာနေရှင်နယ်မှ ပညာရေးအတိုင်ပင်ခံက ပြောသည်။

“ပုဂ္ဂလိကကျောင်းတွေမှာ နိုင်ငံတကာအသိအမှတ်ပြု သင်ရိုးကိုသင်ကြားနိုင်ဖို့ ဖေါ်ဆောင်ရတာတော့ မြန်မာ့ပညာရေးကို တဖက်တလမ်းက မြင့်တင်ပေးတဲ့သဘောပါ။ ယနေ့ကမ္ဘာမှာITခေတ်ရောက်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာအဆင့်မြင့် ကွန်ပျုတာနဲ့ အင်္ဂလိပ်စာကို ကျောင်းသားတိုင်း တတ်မြောက်ထားဖို့ လိုတယ်။ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ပြီး ပညာရေးစွမ်းအားတွေမြင့်လာမယ်။ ပညာရေးအရင်းအမြစ်တွေ တိုးတက်အားကောင်း လာပါလိမ့်။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ၀န်ဆောင်မှုပေးရခြင်း ဖြစ်ပါတယ်”ဟု ၎င်းတာဝန်ခံက ဆက်လက် ပြောကြားသည်။

င်ငံတကာအသိအမှတ်ပြု ကွန်ပျုတာနှင့် အင်္ဂလိပ်သင်ရိုးအောင်မြင်သူ ကျောင်းသားများကို နိုင်ငံတကာအသိ အမှတ်ပြု စင်္ကာပူအောင်လက်မှတ်များ ချီးမြှင့်ပေးသွားပြီး စင်္ကာပူနိုင်ငံရှိ ဆီဒါအကယ်ဒမီမှ အသိအမှတ်ပြုပေး သွားမည်ဟု သိရသည်။

၎င်းအပြင် ဆီဒါအကယ်ဒမီမှ သီးသန့်ရေးဆွဲထားသော ဟိုတယ်နှင့် ခရီးသွား အင်္ဂလိပ်စာသင်ကြားနိုင်ရေးအတွက် သင်တန်းဆရာ/ဆရာမများကို နည်းပြသင်တန်းများ ပို့ချပေးပြီး အောင်လက်မှတ်များပေးကာ ဆီဒါအကယ်ဒမီမှ အသိအမှတ်ပြုပေးသွားဖို့ အစီစဉ်ရှိကြောင်း ၎င်းဝန်ဆောင်မှုလုပ်ငန်းမှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

SHARE THIS
Previous Post
Next Post