Saturday, 06 July 2013
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊
မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အ
သက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားမျ
ားဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လ
သား နှင့် အသက်(၉)လသားအရွယ် ကျော်လင်
းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)
ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်က
ာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသ
ည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအ
ဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ည
အိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်
ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ
ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်း
ထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွာ
းရောက် ပို့ဆောင်ခဲ့ကြသည်။
ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ြ
ဖင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လ
ယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီး
ခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည်
လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေ
စဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ေ
ဒ်ါလုတမှ ကလေးအငယ် ကျော်လင်းအောင်အ
ား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်
ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်
သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွ
င် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြ
ားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂ
ရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လ
ယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မ
တွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦ
းမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အ
တွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်
းပို့ခဲ့ကြောင်းသိရသည်။
သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်
ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေ
ရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို
တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုမျ
ားပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်းေ
သမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရ
သည်။
သတင်းပေးပို့သူ ။ ။ သာစည်မျိုးသန့်
Tachileik Online News
ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှသားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး
Published with Blogger-droid v2.0.10