Sunday, July 28, 2013
ရွှေပြည်သာမြို့နယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပေ
ဒက ခွင့်ပြုထားသော နိုင်ငံသား အခွင့်အရေး
ဆုံးရှုံးသည်ဟုဆိုကာ ဇူလိုင်လ ၂၇ ရက်နေ့၌
လူ ၂၀၀ ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒထု
တ်ဖော်ခဲ့ကြောင်း ဦးဆောင်ဆန္ဒ ထုတ်ဖော်သူ
ရွှေပြည်သာမြို့နယ် (၇) ရပ်ကွက်နေ ဒေါ်မျိုးမျိုး
အေး က ပြောကြားသည်။
“မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒထုတ်ဖော်ဖို့ကို ပ
လပ်လိုက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို အယူ
ခံဝင်တယ်။ ခုခွင့်ပြုချက်ရလို့ တရားဝင် ဆန္ဒထု
တ်ဖော် တာပါ” ဟု ၎င်းကရှင်းပြသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးသည် ကျင်းပပြီးခဲ့သော ရ
ပ်ကွက် အုပ်ချုပ်ရေး မှူး ရွေးချယ်ပွဲများ၌ ဝင်ရေ
ာက်စွက်ဖက်လေ့ ရှိကြောင်း၊ ယနေ့ အမှတ်
(၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ၌ ၎င်း
တက်ရောက်မည်ဖြစ်၍ ယခုစောင့်ဆိုင်းကာ က
န့်ကွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ယင်း
မြို့နယ်ရှိ ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ဦးအနေနှင့် ရပ်က
ွက်အုပ်ချုပ်ရေးမှူး ရွေးချယ် ပွဲများ၌ လွှမ်းမိုးမှု မ
ရှိကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရ
ာ၌ ကြီးကြပ်သည့်အဖွဲ့က တင်ပြသော အုပ်ချုပ်
ရေးမှူးကို ၎င်းတို့က အရည်အချင်းညီ မညီ စိစစ်
ပေးခြင်းသာ ရှိကြောင်း ရွှေပြည်သာမြို့နယ် အု
ပ်ချုပ်ရေးမှူးက ပြန်လည်ငြင်းဆိုသည်။
ရွှေပြည်သာမြို့နယ်တွင် ရပ်ကွက်ပေါင်း ၂၇ ရ
ပ်ကွက် ရှိကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးရုံး
ထံမှ သိရသည်။
The Voice Weekly
နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသည်ဟုဆိုကာ လူ၂၀၀ ခန့် ဆန္ဒထုတ်ဖော်
Published with Blogger-droid v2.0.10