ရခိုင်ပြည်အား ဘင်္ဂလီနိုင်ငံထူထောင်ရန် စီမံကိန်းရေးဆွဲခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်ကို ရဲကဖမ်းမိပြီ

ဘင်္ဂလီလူဦးရေ စာရင်းကောက်ခံရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်အား ယနေ့ နေ့လည်း ၁၂ အချိန်ခန့်က ခရိုင်ရဲမှူးကြီးကိုယ်တိုင်သွားရောက်ဖမ်းဆီးရရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါကျော်လှအောင်သည် ရခိုင်ပြည်နယ်အား ဘင်္ဂလီနိုင်ငံထူထောင်ရန်မူဝါဒများ ရေးဆွဲခဲ့သူတစ်ဦးဖြစ်ပြီး AZG အားခုတုံးလုပ်ကို ဘင်္ဂလီများအား စေခိုင်းခဲ့သောအဓိက ခေါင်းဆောင်တစ် ဦးဖြစ်ပြီး ဇွန်လ အရေးအခင်းတွင် ဖမ်းဆီးခံခဲ့ရသည့်တိုင် လွတ်မြောက်လာသည့်နှင့် ဘင်္ဂလီများအား ကြိုး ကိုင်လှုပ်ရှားလာခဲ့သည်ကိုသိရကြောင်း၊ ယခုအခါတွင် အဆိုပါတရားခံပြေး ဘင်္ဂါလီ ရှေ့နေကျော်လှအောင်၏ နေအိမ်အား AZG အဖွဲ့မှ တာဝန်ယူထိန်းသိမ်းထားကြောင်းလည်းသိရသည်။

လူဦးရေစာရင်းကောက်ခံရာတွင် ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ရန်
ကျော်မြင့်တို့နှင့်အတူ ပါဝင်ခဲ့သော် လည်း ထွက်ပြေးနေသဖြင့် ဖမ်းဆီးမရနိုင်ခဲ့ကြောင်းသိရသည်။ ယခုခါတွင် ထိုသူအားဖမ်းဆီးနိုင်ခဲ့ခြင်း မှာ ဘင်္ဂလီသတင်းပေးများကြောင့်သာဖြစ်ကြောင်းလည်းသိရသည်။
ကျော်လှအောင်အား မဖမ်းဆီးနိုင်ပါက ဘင်္ဂလီများအကြမ်းဖက်မှုများဖြစ်လာအောင် ဆက်လက်ဖန်တီးနေ ဦးမည်ဖြစ်ကြောင်းလည်းသိရသည်။

Arakan Events

SHARE THIS
Previous Post
Next Post