Sunday, July 28, 2013
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် သက
င်္န်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦ
းကို လူဝတ်လဲ အရေးယူထားကြောင်း မိတ္ထီလာ
မြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းေ
စာင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ ဆရာတော်တ
စ်ပါးက The Voice သို့ မိန့်ကြားသည်။
မိတ္ထီလာမြို့ ရတနာမာန်အောင် နယ်မြေရှိ ဇွဲရုံ
ကားဂိတ်အနီးတွင် ဇူလိုင်လ ၂၄ ရက် ညနေက
အရက်သေစာ သောက်စား၍ မူးယစ်နေသော
သင်္ကန်းဝတ်နှစ်ဦးကို တွေ့ရှိသဖြင့် ပတ်ဝန်းကျ
င်လူထုက သတင်းပေး တိုင်ကြားခြင်းကြောင့်
မြို့နယ် သံဃနာယကအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့က
သွားရောက် စစ်ဆေးခဲ့ကြောင်း မိတ္ထီလာမြို့ မြို
့မရဲစခန်းထံမှ သိရသည်။
အဆိုပါ သင်္ကန်းဝတ်ဖြင့် အရက်မူးယစ်နေသူန
ှစ်ဦးမှာ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်နေ ဦးကေ
ာသလ္လ ၄၅ နှစ် လူအမည် ဦးကျော်သင်းနှင့် ဦးေ
သာဘန ၄၅ နှစ် လူအမည် ဦးသောင်းမြင့်တို့ြ
ဖစ်ကြောင်း ၎င်းတို့သည် သာသနာဝင် မှတ်ပုံ
တင် ကိုင်ဆောင်ထားခြင်း မရှိသည်ကို စစ်ဆေ
းတွေ့ရှိခဲ့ခြင်းကြောင့် မြို့နယ်သံဃနာယက အ
ဖွဲ့၏ တာဝန်ရှိ ဆရာတော်တစ်ပါးက လူဝတ်လဲ
ပေးခဲ့ပြီး သင်္ကန်းဝတ်ဖြင့် အရက်သေစာ သေ
ာက်စား၍ သာသနာညှိုးနွမ်းအောင် ပြုလုပ်မှုဖြ
င့် မြို့မရဲစခန်းက ရဲအရေးမပိုင်အမှု အမှတ်စဉ်
(ပ)၃၉/၂၀၁၃၊ ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့် အ
ရေးယူထားကြောင်း အဆိုပါစခန်းထံမှ သိရသ
ည်။
The Voice Weekly
သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ
Published with Blogger-droid v2.0.10