ငြိမ်းချမ်းရေးပွဲစား ဘယ်တော့မှ မလုပ် ဟု ABSDF ဥက္ကဌ ရဲဘော် သံခဲပြောကြား

Wednesday, August 14, 2013
အစိုးရက တာဝန်ပေးသည့် ငြိမ်းချမ်းရေး ပွဲစားဘယ်တော့မှပြုလုပ်မည် မဟုတ်ဟု ABSDF ဥက္ကဋ္ဌ ရဲ ဘော်သံခဲက ဩဂုတ် ၁၁ရက်က ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်း) ရုံး၌ ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။အစိုးရမှတာဝန်ပေးသည့်ငြိမ်းချမ်းရေးသံတမန်၊ငြိမ်းချမ်း ရေးပွဲစားABSDF (မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသား
များဒီမို ကရက်တစ်တပ်ဦး)မှပြုလုပ်သွား မည်မဟုတ်ဟု ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကပြောကြားသည်။

ABSDF သည် ဒီမိုကရေ စီရရှိရေးနှင့် စစ်အာဏာရှင်ဆန့် ကျင်ရေးအား တော်လှန်တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်း
ဖြစ်ပြီး ရည်ရွယ်ချက်ထားသည့် နိုင်ငံရေး ရည်မှန်းချက်များအား ရရှိရန်အတွက် အခြားသော နိုင်ငံရေး အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

ဥက္ကဋ္ဌ ရဲဘော်သံခဲက ''တိုင်းပြည်အတွက် လိုအပ်ရင် ဒီလက်တွဲဖော်တွေနဲ့အတူ ဝိုင်း ဝန်းဆုံးဖြတ်တဲ့ပွဲတွေမှာ အတူတူပါမှာဖြစ်ပါတယ်။ အစိုးရက ပေးတဲ့ငြိမ်းချမ်းရေးသံတမန်မျိုး၊ အစိုးရ
ကပေးတဲ့ ကြားဝင်ပေးမယ့် နိုင်ငံရေးပွဲစား မျိုးမကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသား
များဒီမိုကရက်တစ်တပ်ဦး)ကဘယ်တော့မှမ
လုပ်ဘူးဆိုတာကျွန်တော်အတိအလင်းပြောချင် ပါတယ်''ဟု ယတိပြတ်ပြောကြား သည်။
ယင်းကဲ့သို့အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်း ချမ်းရေးကိစ္စများတွင် ဝိုင်းဝန်းဆောင်ရွက်ပေးရန် ပြည်နယ်အ ဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ပြည် ထောင်စု ဝန်ကြီး ဦးအောင်မင်း ကကမ်းလှမ်းခဲ့ကြောင်း
ABSDF ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောသည်။ ''ဒီကိစ္စနဲ့ပတ်သက်လို့လဲ ကျွန်တော်တို့ဆုံးဖြတ်ထားတာ မရှိသေးပါဘူး''ဟု ရဲဘော်မျိုးဝင်း က ပြောသည်။
ABSDF၏၂၅နှစ်တာကာလအတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လက်တွဲ vတိုက်ပွဲဝင်လာခဲ့သည့်အ တွေ့အကြုံနှင့် အပြန်အလှန်တည် ဆောက်ထားနိုင်သည့်ယုံကြည် မှု
အားအခြေခံ၍ စစ်မှန် သည့်ပြည် တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်အင် အားစုအားလုံးပါဝင်သည့် နိုင်ငံ ရေးဆွေး
နွေးပွဲပေါ်ပေါက်နိုင်ရန် အတွက် တတ်စွမ်းသမျှကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရဲဘော်မျိုး ဝင်းက ပြောသည်။

အစိုးရနှင့်ABSDFအပစ်အခတ်ရပ်စဲရေးအတွက် မြန်မာ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုဌာနတွင်ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေးအတွက် ဩဂုတ်၅ရက်တွင် လက်မှတ်ရေး ထိုးနိုင်ခဲ့ကာ ဩဂုတ်၁ဝရက်တွင် ပြည်ထောင်စု အဆင့်ဆွေးနွေး ခဲ့ပြီး လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

လင်းအောင်
Yangon Media Group

Published with Blogger-droid v2.0.10

SHARE THIS