ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုအများအ ပြား ဖြစ်ပွားနေသဖြင့် လမ်းပေါ်ရှိ စွန့်ပစ်ပစ္စည်း ကောက်သူများကို လိုက်လံဖမ်းဆီး


Tuesday, August 13, 2013
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ခိုးမှုဖြစ်စဉ်
များ အများအပြား ဖြစ်ပွားနေသည့်အတွက်
လျော့ကျစေရန် လမ်းပေါ်ရှိ ကောက်တိုသမားမျာ
း (အသုံးဝင် စွန့်ပစ်ပစ္စည်း ကောက်သူ) ကို လိုက်
လံဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သြဂုတ်
၁၂ ရက် နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီ
း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တ
ပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး ၀င်းကြည်
က ပြောကြားသည်။
ခိုးမှုများ လျော့နည်းစေရန်အတွက် ယင်းကဲ့သို့
လိုက်လံဖမ်းဆီး စစ်ဆေးနေသည့်အပြင် ပြည်သူမျာ
းကို ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြ
င်း၊ ရဲတပ်ဖွဲ့မှ လှည့်ကင်း၊ ပတ်ကင်းများ
ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
''တချို့ခိုးမှု ဖြစ်စဉ်တွေမှာ စွန့်ပစ်ပစ
္စည်းတွေကို လိုက်လံကောက်နေတဲ့ သူတွေက လစ်ရင်
လစ်သလို ကျူးလွန်တဲ့ ဖြစ်စဉ်တွေ ရှိနေတဲ့အတွ
က် အဲဒီလူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးတယ်
။ ပြစ်မှုကျူးလွန်တယ် ဆိုရင်တော့ ဥပဒေအရ အ
မှုဖွင့်မယ်။ ဘာမှ မဟုတ်ရင်တော့ စည်ပင်နဲ့
ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ မှုခ
င်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ တရားခံ
တွေကို ဖော်ထုတ်တဲ့ အခါမှ ရဲတပ်ဖွဲ့ဝင်တွေ
တစ်ခုတည်း ဖော်ထုတ်တာထက် ပြည်သူလူထု ပူးပေါ
င်း ပါဝင်မယ်ဆိုရင်တော့ ပိုပြီးတော့ ထိရောက်
ပါမယ်'' ဟု သြဂုတ် ၁၂ ရက် နံနက်ပိုင်းက ရန်ကုန်တို
င်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မ
ှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီ
း ၀င်းကြည်က ပြောကြားသည်။
ဖော်ထုတ်ရန် ကျန်ရှိသည့် ဖြစ်စဉ်များမှ ကျူးလ
ွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရန်အတွက်
အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် မှုခ
င်းအကူဌာနတို့ ဖွဲ့စည်းထားပြီး ဆောင်ရွ
က်လျက် ရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇန်
န၀ါရီလမှ ဇူလိုင်လအထိ ရန်ကုန်တိုင်း ဒေသကြီး
အတွင်း ခိုးမှုစုစုပေါင်း ၆၂၉ မှုဖြစ်ပွာ
းခဲ့ပြီး ၃၁၄ မှုမှ တရားခံများကို ဖော်ထုတ်
ခဲ့ကာ ကျန် ၃၁၅ မှုမှ တရားခံများကို ဖမ်းဆီး
ရမိရန် စုံစမ်းဆဲသာ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လအတွင်း၌ ရန်ကုန်တိုင်း ဒေသကြီးအတ
ွင်း ခိုးမှု(စက်ဘီး) ကိုးမှု၊ ခိုး မှု(မဆ) ၂၈
မှု၊ ခိုးမှု(ကား) ၃၁မှု၊ ခိုးမှု(နှိုက်) ၄၈
မှု၊ ခိုးမှု(ရိုးရိုး) ၄၇၁ မှု၊ ခိုးမှု(၃၈၂)
၄၂ မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
EMG

Published with Blogger-droid v2.0.10

SHARE THIS