စင်္ကာပူမှ ကျောင်းသူတစ်ဦး သူမ၀တ်ပြီးသား အတွင်းခံများရောင်းချ ၂ ထည်ဝယ်လျှင် ဘောင်းဘီချွတ်သည့် ဗီဒီယိုပါပြ

Thursday, August 22, 2013
စင်္ကာပူနိုင်ငံရှိ ကောလိပ် ကျောင်းသူ တစ်ဦးသည် သူမ အသုံးပြုပြီးသား အတွင်းခံများကို စင်္ကာပူ ၄၅ ဒေါ်လာ (၁၀၄ ရင်းဂစ်) ဖြင့် ရောင်း ချနေကြောင်း စင်ချုးနေ့စဉ်ထုတ် သတင်းစာတွင်
ဖော်ပြပါရှိသည်။

အတွင်းခံဘောင်းဘီ (၂) ထည် ၀ယ်ယူသူအတွက် အပိုဆု အဖြစ် အသက် ၁၉ နှစ်အရွယ် မိန်းကလေးမှအတွင်းခံဘောင်းဘီအားချွတ်ပြ
သည့် ဗီဒီယိုဖိုင်အား အခမဲ့ကြည့်ရမည်ဖြစ်ပြီး သူမ၏ မျက်နှာကို မူ ပြသထားခြင်း မရှိပေ။
Felicia ဆိုသူ ကျောင်းသူသည် သူမ၏ ဘလော့(ဂ်)မှတဆင့်ယခုကဲ့သို့လိင်စိတ်နိုးကြွစေသည့် အတွင်းခံရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာတစ်လခန့်ကြာခဲ့ပြီဖြစ်သည်။
ပထမပိုင်းတွင် ဘောင်းဘီတစ် ထည် လျှင် စင်္ကာပူဒေါ်လာ ၃၀ ဖြင့် ရောင်းခဲ့ပြီး ယခုလမှ စတင်ကာ ဈေးနှုန်းမြှင့် တင် ရောင်း ချခဲ့ကာ စုစုပေါင်း အတွင်း ခံ (၁၆) ထည် ရောင်း ထားပြီး ဖြစ်ကြောင်း သိရ သည်။

သူမနှင့်အင်တာဗျူးလုပ်ရန်ကမ်းလှမ်းမှုများကိုလည်း ငြင်း ဆိုခဲ့ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးသည့် ဗီဒီယိုဖိုင်ကိုလည်း ပိတ်သိမ်းခဲ့သည်။
သူမသည် ဘောင်းဘီများကို မရောင်းချခင် ၁၂ နာရီကြာ ၀တ်ဆင်ခဲ့ သည်ဟု သိရပြီး ယခုကဲ့သို့ စွန့်စားလုပ်ကိုင်ရခြင်းမှာ ကျောင်းလခ ပေးရန် အတွက် ဖြစ်သည်ဟု ဆိုသည်။သူမက "ကျွန်မ ဘယ်သူဘယ်ဝါဆိုတာကို ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး" ဟုလည်း ပြောဆို ထားခဲ့သည်။

ထူးထွေဆန်းပြားသတင်းများ
Myanmar News Update

Published with Blogger-droid v2.0.10

SHARE THIS