Wednesday, 14 August 2013
ပြန်ကြားရေး ၀န်ကြီးဌာနမှ ပစ္စည်းများ ထပ်မံဝယ်ယူရန်ဘတ်ဂျက်မလောက်ဟုဆိုကာ နိုင်ငံတော်ဘဏ်မှ ကျပ်သန်းပေါင်း ၆၀ ဒသမ ၅၇၈သန်းချေးယူရန် ထပ်မံတောင်းခံခဲ့ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန၀န်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
သြဂုတ် ၁၃ ရက်က ကျင်းသည့် ပြည်ထောင်စုလွှတ်တော်တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းအောက်ရှိစတေကာ
နှင့် ဖလင်ရိုင်းများ ၀ယ်ယူရန်အတွက် ချေးယူရန် တင်ပြခြင်းအား လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
၂၀၁၃-၂၀၁၄ ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံး ငွေစာရင်းအရ အမြတ်ရရှိသည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများမှာ ၎င်းတို့၏သာမန်အသုံးစရိတ် အောက်မှာရှိသော ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ် ရာခိုင်နှုန်း ၁၀၀
ကိုလည်းကောင်း၊ အရှုံးပေါ်ပေါက်သော နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအား ၎င်းတို့၏သာမန်အသုံးစရိတ် အောက်မှာရှိသော ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ်၏ ရာခိုင်နှုန်း၈၀ ကို လည်းကောင်း၊ လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် မိမိဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် သုံးစွဲရမှာဖြစ်ကြောင်း၊ အကယ်၍ မလုံလောက်ပါက
နိုင်ငံတော် ဘဏ်များကနေ ချေးယူရမှာဖြစ်ကြောင်း၊ ထိုသို့ မိမိဘဏ္ဍာ ရန်ပုံငွေ အစီအစဉ်နှင့် မလုံလောက်ပါက နိုင်ငံတော်ဘဏ်က ချေးယူသုံးစွဲရန် ငွေပမာဏ သတ်မှတ်ပေးဖို့ ပြည်ထောင်စု အစိုးရအနေနှင့် ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ပုဒ်မ ၁၅
ပုဒ်မ ခွဲ (စ) အရသတ်မှတ်ပေးထားကြောင်း၊
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများက လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် သုံးစွဲရန် မိမိဘဏ္ဍာ ရန်ပုံငွေဖြင့်
မလုံလောက်သည့်အတွက် နိုင်ငံတော်ဘဏ်ကချေးယူလိုသော အဖွဲ့အစည်းတွေက ပြန်ကြားေ
ရး ၀န်ကြီးဌာန အနေဖြင့် ချေးယူလိုသည့် လုပ်ငန်းသုံး ချေးငွေသည် ကျပ်သန်းပေါင်း ၆၀ ဒသမ ၅၇၈ ဖြစ်ပြီး၊ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ချေး
မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားခဲ့သည်။
နိုင်ငံတော် မြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ချေးပါက တစ်နှစ်ကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြစ်ပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်ပိုင် စီး
ပွားရေး အဖွဲ့အစည်းများက လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် နိုင်ငံတော်ဘဏ်မှ ချေးယူရသည့် အကြောင်းအရင်းတွေက ပြန်ကြားရေး ၀န်ကြီးဌာန အောက်မှာရှိသော မြန်မာ့ရုပ်ရှင်လုပ်ငန်း
က စတေကာနှင့် ဖလင်ရိုင်းများ ၀ယ်ယူရန်အတွက် မိမိပိုင် ဘဏ္ဍာရန်ပုံငွေဖြင့် သုံးစွဲရန် မလုံ
လောက်ပါက တတိယ သုံးလပတ်မှာ နိုင်ငံတော်ဘဏ်က ချေးယူနိုင်ဖို့ လျာထားခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မိမိဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် လုပ်ငန်းသုံး ရင်းနှီးငွေအဖြစ် သုံးစွဲရန် မူလခွင့်ပြု လျာထားငွေပမာဏ
ကျပ်သန်းပေါင်း ၁၈၆၁၉ ဒသမ ၉၈၉ ရှိပြီး ထပ်မံချေးယူမှုမှာ ကျပ်သန်းပေါင်း ၆၀ ဒသမ ၅၇၈သန်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက်အရ သိရသည်။
Eleven Media Group