လျှပ်စစ်မီးရရှိရေး၊ အလုပ်အကိုင်ရရှိရေး ဦး စားပေးဖို့ သမ္မတ တိုက်တွန်း


လက်ရှိ အစိုးရရဲ့ လက်ကျန်သက်တမ်း ၂နှစ်
ခွဲကာလအတွင်း ပြည်သူတွေ လျှပ်စစ်မီးရရှိ
ရေး၊ အလုပ်အကိုင်ရရှိရေး လုပ်ငန်းတွေကို
ဦးစားပေးဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်း
စိန်က တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်က သမ္မတနေအိမ်မှာ ဒီနေ့မ
နက် ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ဒုတိ
ယဝန်ကြီးအသစ်တွေ ကတိသစ္စာခံယူတဲ့
အခမ်းအနားမှာ သမ္မတ ဦးသိန်းစိန်က ခု
လို တိုက်တွန်းပြောကြားလိုက်တာပါ။ အစို
းရအဖွဲ့အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ အဂ
တိတရားကင်းရှင်း ဖို့ကိုလည်း သမ္မတဦးသိ
န်းစိန်က သတိပေးပြောကြား ခဲ့ပါတယ်။

"မိမိတို့အစိုးရအနေနဲ့ ကျန်ရှိတဲ့ လပေါင်း ၃
ဝ အတွင်း ပြည်သူတွေ တိုက်ရိုက်အကျိုးခံစ
ားလို တဲ့ ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စ
စ်မီးရရှိရေး၊ သွားလာမှုအဆင်ပြေစေရေး၊
အလုပ်အကိုင်ရရှိရေး ဆိုတဲ့ လုပ်ငန်းတေ
ွကို ဦးစားပေးဆောင်ရွက်ကြဖို့နဲ့ လူမှုစီးပွာ
းဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ရမယ့်
လုပ်ငန်းတွေကို အားသွန်ခွန်စိုက် တက်တ
က်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းဝန်းပြီးလု
ပ်ကြဖို့ လိုအပ်ပါတယ်၊ ဒီလုပ်ငန်းတွေအေ
ာင်မြင်အောင် အစိုးရတစ်ဖွဲ့လုံး တက်ညီလ
က်ညီ ဝိုင်းလုပ်ကြဖို့ဖြစ်ပါ တယ်၊ တစ်ဦးချ
င်းတာဝန်ဆိုတာကတော့ အလုပ်လုပ်ကြ
တဲ့အခါမှာ စေတနာအလျောက် လုပ်ငန်း
ကိုင်ငန်းဖြစ် တတ်တာရှိပါတယ်၊ စေတနာ
အလျောက် မှားယွင်းတာတွေကို ပြုပြင်ပေး
မှာဖြစ်သော်လည်းပဲ ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်
တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ
ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သ
တိပေးပြောကြားရင်း နိဂုံးချုပ်ပါတယ်"
အဲ့ဒီအခမ်းအနားမှာပြောကြားတဲ့ သမ္မတ
ဦးသိန်းစိန်မိန့်ခွန်းကို ဒီနေ့ အစိုးရပိုင်မီဒီယ
ာတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား
မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တရားဥပဒေစိုးမိုးတဲ့တိုင်းပြည်၊ လူမှုစီးပွား
ဘဝ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပြည်သူေ
တွ ဆန္ဒရှိနေကြောင်းနဲ့ မိမိတို့အစိုးရအနေ
နဲ့ အဲဒီ့ဆန္ဒတွေ အောင်မြင်အောင်ဆောင်ရ
ွက်ဖို့ ရည်မှန်းချက်ထားဖို့လိုကြောင်း သမ
္မတဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရာမှာလည်း
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ဖွဲ့နဲ့ြ
ပည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆိုင်း
ရေး ဆွေးနွေးနိုင်ခဲ့ပြီး မကြာခင်မှာ တစ်နို
င်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘော
တူညီချက်ကို လက်မှတ်ရေးထိုးနိုင်တော့မှာ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ဇူလိုင် ၂၅ရ
က်နေ့မှာ ဒုတိယဝန်ကြီး ၅ဦး၊ သြဂုတ် ၁၃
ရက်နေ့မှာ ဒုတိယဝန်ကြီး ၃ဦးတို့ကို အသ
စ်ခန့်အပ် တာဝန်ပေးခဲ့တာဖြစ်ပါတယ်။
RFA Burmese

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post