ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန် အတွက်သာ ပေးအပ်ထားခြင်းဖြစ်ဟု နိုင်ငံတော်သမ္မတ ပြောကြား

Created on Tuesday, 20 Aug
ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ဘဲ အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှုပေးရန် အတွက်သာ ပေးအပ်ထားခြင်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

သြဂုတ် ၁၉ ရက် နံနက်က နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ နိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိရာ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရန် အတွက် လူထုက ရွေးချယ်တင်မြှောက်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တော်ရန်၊ ကောင်းရန် အရေးကြီးကြောင်း၊ ရှေးဦးစွာ ကျေးရွာများတွင် တရားဥပဒေ စိုးမိုးအောင်၊ လောင်းကစားဝိုင်းများ၊ အရက်ပုန်း ချက်လုပ်ခြင်းများ၊ ချဲထီဒိုင်များ၊ မူးယစ်ဆေးဝါးများ မရှိအောင် ထိထိရောက်ရောက် လုပ်မှသာ ရာဇ၀တ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုများ က
င်းစင်ပြီး တရားဥပဒေ စိုးမိုးသည့် ကျေးရွာများ ဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများ တိုးတက်အောင်လုပ်၍ ရမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော် သမ္မတက ''တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေ စိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှု မရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည် မဟုတ်ကြောင်း၊ ရာထူးဆိုသည်မှာ အာဏာပြရန် မဟုတ်ကြောင်းနှင့် အဖွဲ့အစည်းတစ်ခု တိုးတက်လာအောင် ဦးဆောင်မှု ပေးရန်အတွက် ပေးအပ်ထားခြင်း ဖြစ်သည်'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ် ကျင့်သုံးနေပြီး မြို့နယ်၊ ကျေးရွာများတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး တို့အပြင် မြို့နယ်ကျေးရွာ ပူးပေါင်းဆောင်ရွက်ရေး အကျိုးဆောင် ကော်မတီကို
မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသော အဖွဲ့များ၊ မြို့နယ်မှ ရွေးချယ်သည့် စည်ပင်အဖွဲ့များ ရှိနေပြီ ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

From : Eleven

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post