ဘေရွတ်တွင် ဗုံးကွဲ၊ ၁၇ ဦးသေ၊ ၂၀၀ ကျော်ဒဏ်ရာရ


Sunday, August 18, 2013
လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်၏ ဟစ်ဇ်ဘိုလာများ ကြီးစိုးရာ ဘက်ခြမ်းတွင် ကားဗုံးတစ်လုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့သောကြောင့်လူ ၁၇ ဦး သေဆုံးခဲ့ကာ စုစုပေါင်း ၂၀၀ ကျော်
ဒဏ်ရာရရှိ သွားခဲ့ကြောင်း လက်ဘနွန်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတို့၏ ထုတ်ပြန်ချက်များကို ကိုးကားလျက် Xinhua သတင်းတစ်ရပ်က ဖော်ပြထားသည်။

ယင်းဒေသသည် ရှီးယိုက် စစ်သွေးကြွ အဖွဲ့အစည်းဟစ်ဇ်ဘိုလာများအင်အား
ကောင်းရာနေရာ ဖြစ်သည်ဟု BBC က ဖော်ပြထားသည်။ပေါက်ကွဲမှုသည် လူနေထူထပ်ရာ ဒေသများတွင် အဓိကဖြစ်ပွားခဲ့သောကြောင့် အနီးအနား အဆောက်အအုံများနှင့် ကားများလည်း အပျက်အစီး များပြားခဲ့သည်။

ယခုလက်ဘနွန် ပေါက်ကွဲမှုသည် ဆီးရီးယားရှိပဋိပက္ခများနှင့် ဆက်
စပ်ပြီး ယင်းအိမ်နီးချင်းနိုင်ငံ၏ လက်နက်ကိုင် ပြည်တွင်းစစ်ကြောင့် လက်ဘနွန်တွင်လည်း ဘာသာရေး အမြင်မတူမှုအပေါ် မူတည်၍ အကြမ်
းဖက်မှုများ မြင့်တက်လာလျက် ရှိသည်။
ဟစ်ဇ်ဘိုလာရှီးယိုက်ပြောက်ကျားများသည် ဆီးရီးယားသမ္မတ အာဆတ်ဘက်မှ ဆီးရီးယားဆွန်နီသူပုန်များကို တိုက်ခိုက်ပေးသဖြင့် အစလာမ္မစ် အကြမ်းဖက် ဆွန်နီများက ရှီးယိုက်ရပ်
ရွာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ယခုက
ာလ အတောအတွင်း ဆက်တိုက်ဆိုသလို ပြု
လုပ်လာခဲ့သည်။
ယခုပေါက်ကွဲမှု ဖြစ်ပွားသောနေရာသည် ဟစ်ဇ်ဘိုလာတပ်ဖွဲ့များ စစ်ရေးပြရာနေရာနှင့် နီးစပ်ပြီး ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား
များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုဟူ၍ အတည်မပြုနိုင်သေးပေ။
ဖောက်ခွဲရေးပစ္စည်းများ ၅၀ ကီလို ဂရမ်ခန့်အထိ တင်ဆောင်ထားသော ထရပ်ကားဟောင်းတစ်စီးသည် မြို့တော်ဘေရွတ် မြို့လယ်အနီးတွင်
ပေါက်ကွဲသွားခြင်း ဖြစ်ကြောင်း လုံခြုံရေးအရာရှိ သတင်းရင်းမြစ်တစ်ဦးက Xinhua သတင်းဌာနကို ပြောကြားခဲ့သည်။
ပြင်းထန်စွာ ပေါက်ကွဲခဲ့သောနေရာ၏ ၁၀ မီတာခန့် အကွာတွင် တွေ့ရသော အလောင်းတစ်လောင်းသည် အသေခံဗုံးခွဲသမား ဖြစ်နိုင်ကြောင်း ဟစ်ဇ်ဘိုလာရုပ်သံလိုင်း အယ်လ်မနာက
သုံးသပ်ထုတ်လွှင့်သွားခဲ့သည်။

စစ်တပ်က ချက်ချင်းရောက်ရှိလာခဲ့ပြီး လုံခြုံရေးရယူခဲ့ကာ တရားရေးဌာန၏ ကြီးကြပ်မှုဖြင့် စစ်ရေးကျွမ်းကျင်သူများက စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နေပြီ ဖြစ်ကြောင်း လက်ဘနွန် တပ်မတော်က ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် youtube တွင် ရုပ်သံဖိုင်တစ်ခု တက်လာခဲ့ရာ မျက်နှာဖုံးစွပ်သုံးဦးကလက်ဘနွန် ပေါက်ကွဲမှုကို ၎င်းတို့ ပြုလုပ်ခြင်း
ဖြစ်ကြောင်း ၎င်းတို့သည် အီရှာမိခင်ကြီး၏ တပ်ရင်းဟု အမည်ရသည့် ဆွန်နီအစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့မှ ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
The Voice Weekly

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post