Thursday, August 15, 2013
အိုဘားမားက လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့်ပတ်သက်၍အီဂျစ်အစိုးရ
အား ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နှစ်နိုင်ငံ ပူးတွဲပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကိုလည်းဖျက်သိမ်းလိုက်ပြီဖြစ်
သည်။
အမေရိကန်သမ္မတ အိုဘားမားသည် အီဂျစ်နိုင်ငံတွင် လက် ရှိဖြစ်ပေါ်နေသော ပဋိ ပက္ခအခြေအနေများနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ ထုတ်ပြန်ပြောကြားသည်။
အိုဘားမားက လက်ရှိဖြစ်ပေါ်နေသော ပဋိ
ပက္ခများနှင့် ပတ်သက်၍ အီဂျစ်အစိုးရအား ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နှစ်နိုင်ငံ ပူးတွဲပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ သို့သော် အကူအညီပေးရေး အစီအစဉ်များကိုမူရပ်ဆိုင်းခြင်းမရှိသေး
ကြောင်း သိရသည်။
အီဂျစ်အား အောင်မြင်မှု ရစေလိုကြောင်း၊ ငြိမ်းချမ်းသော ဒီမိုကရေစီထွန်း ကားသော ချမ်းသာကြွယ်ဝသော အီဂျစ်နိုင်ငံကို မိမိတို့ လိုလားကြောင်း အိုဘားမားက ပြောကြာသည်။ မော်စီ ဖြုတ်ချခံခဲ့ရပြီး နိုင်ငံရေးအဖြေရှာရန်အခွင့်အလမ်းရှိခဲ့သော်လည်းယခုအခါအီဂျစ်မှာပိုမိုအန္တရာယ်များသည့် လမ်းကြောင်းပေါ်သို့ ရောက်
ရှိနေသည်ကို မိမိတို့မြင်တွေ့နေရကြောင်း
လည်းအိုဘားမားကထည့်သွင်းပြောကြား
သည်။
အီဂျစ်တွင် ဖြုတ်ချခံသမ္မတဟောင်း
မော်စီအားထောက်ခံဆန္ဒပြသူများကို ယမန်နေ့ (သြဂုတ်၁၄ ရက်၊ ဗုဒ္ဓဟူး) က အကြမ်းဖက် ဖြိုခွင်းနှိမ်နင်းခဲ့ရာ လူပေါင်း ၅၂၅ ဦးသေဆုံးခဲ့ပြီး အခြားလူပေါင်း ၃,၇၁၇ဦးဒဏ်ရာရရှိခဲ့သည်။သေဆုံးသူများအနက် ဂျာနယ်လစ် ၄ ဦးလည်းပါဝင်
ကြောင်း သိရသည်။ ယခုအခါ မော်စီ ထောက်ခံသူများက ကိုင် ရိုမြို့တော်နှင့် နိုင် ငံမြောက်ပိုင်းရှိ ဂီဇာမြို့တို့တွင် အစိုးရ အဆောက် အအုံများကို အကြမ်းဖက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးမ
ှုများ ပြုလုပ်လျက်ရှိသည်။
Planet Myanmar Network
ZinYawNews