စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့်ဗုဒ္ဒမြတ်စွယ်တော်ဗုံးပေါက်ကွဲမှု ၏ အဓိကတရားခံ များကိုဖော်ထုတ်နိုင်ရေး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးကထုတ်ဖော်ပြော ကြားလိုက်သည်။
၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့ေ
သာ စွယ်တော် ဗုံးပေါက်ကွဲမှုနှင့်၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွားခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ နေအိမ် တွင် စာအိတ်ဗုံး ဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ ဦး အသက်
(၃၃)နှစ် သေဆုံး ခဲ့သည့်ဖြစ်ရပ်များအတွက်
အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရားခံများ အားဖော်ထုတ်ဖမ်းဆီးနိုင်ရန်အ တွက် အစီအစဉ်ကိုနိုင်ငံတော်သမ္မတ၏အစိုးရအဖွဲ့ထံမကြာမီတင်ပြသွားရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့် အကူအညီများ ပေး ရန်နှင့် သက်သေအထောက်အ ထားများရှာရန် လိုအပ်သည့်စစ် ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့် များတောင်းဆိုရန်
စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအ ဆင့်မြင့်အရာရှိက ''ကျွန်တော် တို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရ လက် ထက်မှာ ပေါ်ပေါက်အောင်ဖော် ထုတ်နိုင်ဖို့ ကြိုးစားသွားမှာပါ။
အရင်က စစ်ဆေးခဲ့တဲ့သက်သေ အထောက် အထား တွေနဲ့ဆက်စပ်ပြီး စစ်ဆေးသွားမယ်။သံသယရှိ တဲ့သူတွေကိုတော့ သိထားတယ်။ ဒါ
ပေမဲ့ မပြောသေးဘူး။ သက် သေအထောက်
အထား ခိုင်လုံမှ တရားခံက မငြင်းနိုင်မှာ။ တစ်ဆက်တည်းပြောရရင် ငါးလောင်း ပြိုင်လူ သတ်မှုကိုလဲ လက်ရှိ စစ် ဆေးနေ ဆဲပါ။အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကစစ်နေတာ။ ပြည် သူတွေအနေနဲ့ စွယ်တော်ဗုံးကွဲ တာ၊ ဦးတင်ဦးသမီးအိမ်ကို ပါဆယ် ဗုံးပို့လို့သေဆုံးတာကိုမေ့သေးမှာမဟုတ်ပါဘူး''ဟု ပြောသည်။
ယင်းကဲ့ သို့စစ် ဆေးရခြင်း ၏ရည်ရွယ် ချက်မှာ ပြည်သူ များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏လုပ်ဆောင်ချက်များကို အသိအ မှတ်ပြုလာစေရန်နှင့် လူထု
လုံခြုံ ရေးကို မည်ကဲ့သို့ဆောင်ရွက်သည် ကို သိရှိရန်ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးမှတရားသူကြီး တစ်ဦးက ''ဒီလိုမမိတဲ့အမှုတွေကို တရားခံဖော်ထုတ် တော့မယ် ဆိုရင် အတော်စွန့်စားရဲဖို့တော့ လိုလိမ့်မယ်။ကျွန်တော်တို့တရားသူကြီးတွေကလဲ တတ်နိုင်သမျှ တရား ဥပဒေ ဘက်က လုပ်ဆောင် သွားမှာပါ''ဟုပြောသည်။
စစ်အစိုးရလက်ထက်က တရုတ်နိုင်ငံမှ
ဗုဒ္ဒမြတ်စွယ်တော်လာရောက်ဖူးမြော်သူများ
အနေ ဖြင့် မသမာသူများထောင်ထား သည့်ဗုံးကြောင့် ရဟန်းရှင်လူပြည် သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အတွင်း ရေးမှူး (၂) ဒုတိယဗိုလ် ချုပ်ကြီးတင်ဦး၏သမီး မသမာ သူပို့လိုက်သည့် ပါဆယ်ဗုံးကြောင့် ၄င်းနေအိမ်တွင် သေဆုံးခဲ့ကာ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလည်း ကရင်ပြည်
နယ်တွင် ရဟတ်ယာဉ် ပျက်ကျကာ သေဆုံးခဲ့သည်။
From :Yangon Media Group