( ၁၆.၈.၂၀၁၃ - ညနေခင်းသတင်း )
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် အုပ်ချုပ်ရေးပိုင်းကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း
က ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
နေပြည်တော်မှာဒီနေ့သတင်းထောက်တွေနဲ့
နာရီဝက်လောက်တွေ့ဆုံစဉ် သူရဦးရွှေမန်းကအခုလို ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ ဖွဲ့စည်းပြီးသွားပြီ၊ ဖွဲ့စည်းပြီးတဲ့အတွက် သူတို့တွေစပြီးတော့ ဆောင်ရွက်တော့မယ်၊
ဘယ်လောက်အတိုင်းအတာအထိ ပြီးမယ်ဆိုတာကတော့သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ပါ
ဝင်မှု ပြီးတဲ့အခါမှာ အဓိကက အုပ်ချုပ်ရေးဘက်ကပါဝင်မှုအရေးကြီးပါ
တယ်၊ဥပဒေပြဌာန်းတဲ့အခါမှာအုပ်ချုပ်ရေးအဖွဲ့ရဲ့ပါဝင်မှု အများကြီးအရေးကြီးပါတယ်၊ ဒီအပေါ်မူတည်ပြီး ဘယ်လောက်အတိုင်းအ
တာအထိ ပြီးမယ်ဆိုတာကတော့ အဲဒီပါဝင်မှုအပေါ်မှာမူတည်တယ်လို့ပြောချင်ပါတယ်”
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို မထိခိုက်အောင် သတိထားပြီး ဆောင်ရွက်ရမှာဖြစ်သလို လုပ်နည်းလုပ်ဟန်တွေမမှားဖို့လိုအပ်တယ်လို့လည်း သူရဦးရွှေမန်းကပြောပါတယ်။
"တချို့ကျလည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီအသုံးပြုမယ်၊ ပြီးမှအသစ်ပြဌာန်းမယ်လို့ပြောတယ်၊ ဒီကိစ္စတွေက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း
အယူအဆပဲဖြစ်ပါတယ်၊ ဒီအယူအဆတွေကဘယ်ဟာမိမိတို့ တိုင်းပြည်နဲ့အဆင်ပြေမလဲ၊
ဘယ်ဟာအကိုက်ညီဆုံးဖြစ်မလဲဆိုတာက
တော့ မိမိတို့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူတွေ ရွေးဖို့လိုပါတယ်၊ ဘယ်ဟာပဲဖြစ်ဖြစ်သတိထားရမယ့်ကိစ္စကတော့ နိုင်ငံဖွံ့ဖြိုးတိုက်တက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို မထိခိုက်
အောင်သတိထားပြီးလုပ်ရမယ့်အလုပ်က
လေးတွေရှိပါတယ်"
ဒီနေ့တွေ့ဆုံပွဲမှာ သတင်းထောက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ လယ်ယာမြေသိမ်းဆည်းခံရခြင်းကိစ္စတွေကို မေးမြန်းခဲ့ကြပါတယ်။
RFA