အင်တာနက်သုံးစွဲသူဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။

ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်
နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပို
တော့ များလာမှာပါ” ဟု ၎င်းကပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာ
ရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစားဖုန်းများအားလုံး လျှောက်ထားသုံးစွဲသူ တစ်
သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့်
အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော်
ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အြ
ပင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ကျော်ရှိရာ
ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချ
က်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦး
ရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစုထားခြင်ြးေ
ကာင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။
ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားရသော်လည်း သြဂုတ်လမှ
စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထားရသည့်
နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင်၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင်
၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
7Day Daily News

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post