ရွှေတိဂုံပုံပါ လက်ဖက်ခြောက်ဘူးများ သိမ်းဆည်းရန် သတိပေး


Thursday, August 29, 2013
ဖူးရှင်းဘရားသားစ် ကုမ္ပဏီက မိတ်ဆွေများကိုလက်ဆောင်အဖြစ်ပေးသော လက်ဖက်ခြောက်ဘူးတွင် ကမ္ဘာ့အံ့ဖွယ် စာရင်းဝင် မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီ၏ ပုံတော်ကို တံဆိပ်ရိုက်နှိပ်ပေး
သဖြင့် သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်စာ ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး သိမ်းဆည်းသွားရန် ကုမ္ပဏီတာဝန်ရှိသူများကိုအသိပေးခဲ့ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီးဌာန
တာဝဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တိုင်းသာသနာရေးက တင်ပြလာတဲ့အပေါ် ဝန်ကြီးရုံးအနေနဲ့ မနေ့က ကန့်ကွက်စာ ထုတ်ပြ
န်လိုက်တယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသနာရေး ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် သာသနာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ
သူများက ဖူးရှင်းဘရားသားစ် ကုမ္ပဏီအကြံပေး ဦးဇင်ဦးကို ခေါ်၍ ပြုလုပ်ခဲ့သော သတင်းစာ
ရှင်းလင်းပွဲတွင် ယင်းသို့ အသိပေးခဲ့ကြောင်
း ၎င်းကပြောကြားသည်။
စီးကရက်ဘူးပုံသဏ္ဌာန်လက်ဖက်ခြောက်ဘူးငယ်များ၊ ဘူးငယ်များထည့်သည့် စက္ကူဘူးကြီးနှင့် လက်ဆွဲအိတ်များပေါ်တွင် ရွှေတိဂုံ စေတီတော်ပုံ
(Logo) ကို ကုန်အမှတ် တံဆိပ်သဖွယ် အသုံးပြုထားသည့်အတွက် သံဃာတော်များနှင့် ဗုဒ္ဓဘာသာဝင်များ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ ခံစားနေရသောကြောင့် ကန့်ကွက်ကြောင်းနှင့် ယင်းတံဆိပ်
ကို ဆက်လက်အသုံးမပြုရန် နေပြည်တော် သာသနာ
ရေးဝန်ကြီးဌာန၏ ကန့်ကွက်စာ ထုတ်ပြန်ခဲ့သ
ည်။
ဖူးရှင်းဘရားသားစ် ကုမ္ပဏီများ အုပ်စုသည်ေ
ရ်ာဘာတင်ပို့သော လုပ်ငန်းကို အဓိကလုပ်ကိုင်ကာ
တရုတ်၊ ကိုရီးယား၊ မလေးရှားနိုင်ငံတို့သို့ တ
င်ပို့သည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံေ
ချာင်းများ တင်သွင်းပြီး နို့မှုန့်လုပ်ငန်း
၊ စားသောက်ကုန်သုံး ဓာတုပစ္စည်းများလည်း
တင်သွင်းကြောင်း သိရသည်။

မေလအတွင်းက ကုမ္ပဏီသို့ လာရောက်သည့် နိုင်ငံခြားသားများနှင့် ဧည့်သည်များကို လက်ဆောင်ပေးရန် ယူနန်ပြည်နယ်မှ နာမည်ကြီး လက်ဖက်ခြောက် ကုမ္ပဏီတွင် ဖူးရှင်းဘရားသားစ် ကုမ္ပဏီများအုပ်စု၏ အကြီးအကဲက လက်ဖက်ခြောက်ဘူးကြီး ၅၀ နှင့်အတူ မြန်မာနိုင်ငံအတွက် လှပသော ပုံတစ်ပုံ ထည့်ပေးရန်လည်း မှာကြားရာမှ ယခုကဲ့သိုဖြစ်ခဲ့ကြောင်း ဖူးရှင်းဘရားသားစ် ကုမ္ပဏီအကြံပေး ဦးဇင်ဦးက ပြောကြားသည်။

ကုမ္ပဏီသို့ ရောက်ရှိလာသော ဘူး ၅၀ ထဲမှ မိတ်ဆွေများနှင့် နိုင်ငံခြားသား များထံ ၁၆ ဘူး လက်ဆောင်ပေးခဲ့ပြီး ဖြစ်ရာ လက်ကျန် ၃၄ ဘူးကို သိမ်းဆည်းခဲ့ကြောင်း၊ လက်ဆောင်ပေးခဲ့ပြီးဖြစ်သည့် ၁၆ ဘူးကို ပြန်လည်သိမ်းဆည်းနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
ွှThe Voice

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post