ပါဂျောင် လူသတ်မှုဖြေရှင်းရန် ဒေါက်တာနိုင်အောင် လက်မှတ်ထိုးထားဟု ဦးမိုးသီးဇွန်ပြောကြား


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ်ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော အစုလိုက်
အပြုံလိုက် လူသတ်မှုကိစ္စကို ဖြေရှင်းရန်
ဒေါက်တာနိုင်အောင်က လက်မှတ်ရေးထိုးထားကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က
ပြောကြားသည်။

၁၉၉၂ ခုနှစ်က ABSDF မြောက်ပိုင်း ဌာနချုပ် ပါဂျောင်တွင် ဖြစ်ပွားခဲ့သော ဗကသ (အထက်ဗမာပြည်) ဦးထွန်းအောင်ကျော် အပါအဝင်
ABSDF တပ်သား ၁၅ဦးအသတ်ခံရချိန်တွင် ဒေါက်တာနိုင်အောင်မှာ ABSDF ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ယင်းကိစ္စများကို တာဝန်ယူ ဖြေရှင်းပေးမည်ဟု လက်မှတ်ရေးထိုးထားခြင်း ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆိုသည်။
“ဘယ်သူ့မှ နစ်နာစေချင်လို့ မဟုတ်ဘူး။ အမှန်တရားအတိုင်း ရှိစေချင်တာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါလက်မှတ်ကိုဒေါက်တာနိုင်အောင်က
ABSDF တပ်သားများ အသတ်ခံရသည့် ၁၉၉၂ခုနှစ်တွင် KNU မှ ဗိုလ်ချုပ် ဒေးဗစ်တာမလာဘော၊ NLD (LA) မှ ဦးတင်အောင်နှင့် မဟာမိတ်
တပ် ခေါင်းဆောင် ဦးခိုင်စိုးနိုင်တို့ကို အသိသက်သေ ပြုလုပ်ကာ ရေးထိုးထားခြင်း ဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆိုသည်။

၁၉၉၂ ခုနှစ်တွင် ABSDF တပ်များ ပြန်လည် ပေါင်းစည်းရေးအတွက် လုပ်ဆောင်နေရခြင်းကြောင့်သာ လူသတ်မှုများကို ဖြေရှင်းရန် တာဝန်
ယူခဲ့ရခြင်း ဖြစ်ကြောင်းဒေါက်တာနိုင်အောင်
က ဆိုသည်။
အဆိုပါ လူသတ်မှုကို ဖြေရှင်းရန်အတွက်
ABSDF က ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်နှင့် ပူးပေါင်းလုပ် ဆောင်ရန် အသင့်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“နှစ်ဖက်ပေါင်းစည်းမယ်ဆိုတော့ ကိုယ့်ဘက်မှာရှိတဲ့ ပြဿနာတွေကို တာဝန်ခံ ပြီးရှင်းရတာပါ”ဟု ယင်းအချိန်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့
သူ ဒေါက်တာနိုင်အောင်က ဆိုသည်။
ABSDF မှ ဖွဲ့စည်းဆောင်ရွက်နေသော မြောက်ပိုင်းလူသတ်မှု စစ်ဆေးရေး ကော်မရှင်သည်လူပေါင်း ၁၀၀ ကျော် ပါဝင်ပတ်သက်နေသော
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လူပေါင်း ၃၄ ဦးနှင့် တွေ့ဆုံထားပြီး ဒီဇင်ဘာလအတွင်း အစီရင်ခံစာ ထုတ်ပြန်မည် ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောဆိုသည်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗကသဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၁၅ ဦးကို တပ်မတော် ထောက်လှမ်းရေးဟု စွပ်စွဲကာ သတ်ဖြတ်ခဲ့ပြီး အဆိုပါအမှုကို စစ်ဆေးပေးရန် ဦးထွန်းအောင်ကျာ်၏ မိခင်ဖြစ်သူက ၂၀၁၂ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ရဲစခန်းတွင် ဒေါက်တာနိုင်အောင် အပါအဝင်
ABSDF တာဝန်ရှိသူအချို့ကို တရားစွဲဆိုထားသည်။

ဟိန်းသွင်ထက်
The Voice

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post