Saturday, 17 August 2013
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် နှစ်စဉ် ကြွချီ အပူဇော် ခံသည့် အစဉ်အလာ အတိုင်း ယခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၂ ရက်အထိ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော် ခံမည်ဖြစ်ကြောင်း သိရသည်။
ညောင်ရွှေမြို့သို့ အောက်တိုဘာ ၁၁ ရက်တွင် ရောက်ရှိပြီး အောက်တိုဘာ ၁၃ ရက်အ၀င် ကိန်းဝပ် အပူဇော်ခံမည် ဖြစ်သည်။
အောက်တိုဘာ ၂၂ ရက်တွင် အင်းလေး ဖောင်တော်ဦး ဘုရား ရတနာ စံကျောင်းတော် ကြီးသို့ ပြန်လည်ကြွမြန်း ကိန်းဝပ်မည် ဖြစ်ကြောင်း၊ သြဂုတ် ၁၄ ရက်တွင် အင်းလေးကန် ဖောင်တော်ဦး ဘုရား ဗုဒ္ဓသာသနာ ထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ဒေသစာရီ ကြွချီ အပူဇော် ခံရေး အစည်းအဝေး ကျင်းပခဲ့ရာ သြ၀ါဒါ စရိယ ဆရာတော် ကြီးများ၊ မြို့နယ်တာဝန် ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဂေါပက အဖွဲ့ဝင်များ တက်ရောက်၍ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။