(၁၁-၉-၂၀၁၃ ၊ လေးမြို့ ကြားဖြတ်သတင်း)
(၁၁၊၉၊၂၀၁၃)နေ့ ၊ နေ့ လည် (၂)နာရီ
ခန့် လောက်က မင်းပြားမြို့ နယ် ၊ ငဇင်ရိုင်းချောင်းအုပ်စု ၊ထောင့်ချေကျေးရွာတွင် ဖျံဥမီးဖုတ်ရာမှ ဖျံဥအ၀ယ်ဒိုင်မီးလောင်ကျွမ်း
မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုသည် နေ့ လည်(၂)နာရီခန့် လောက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း သိရပြီး (၃)နာရီခန့် တွင် အနီးအနားမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ရွာသူ၊ရွာသားများ၏၀ိုင်းဝန်းငြိမ်းသတ်မှုကြောင့်မီးငြိမ်းသွား
ခဲ့ကြောင်း လေးမြို့ သို့ ပေးပို့ လာသည့် ဖုန်းသတင်းအရ သိရသည်။
မီးလောင်ကျွမ်းခဲ့သော ဖျံဥအ၀ယ်ဒိုင်ပိုင်ရှင်မှာ ဦးသူရအောင် ဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့်
အဆောက်အအုံ(၂)လုံးမီးလောင်ကျွမ်းခဲ့ရ
ကြောင်း လည်း ဖုန်းသတင်းပေးပို့ မှုအရ သိရသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့် ကလည်း ငဇင်းရိုင်းချောင်းအုပ်စု ၊ မင်းရွာတွင်လည်း ထင်းမီးကင်ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရပြီး အိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း ဆက်စပ်သိရှိရပါသည်။
မာရုသူရ
(လေးမြို့ သတင်းမီဒီယာ)