ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ကျေးရွာ အချို့တွင် ကလေးသူငယ်များ မသန့်ရှင်းသော သောက်ရေများကို သောက်သုံးရာမှ ၀မ်းရောဂါ ဖြစ်ပွားခဲ့သဖြင့် ဂွမြို့နယ် ဆရာဝန်ကြီးကိုယ်တိုင် ၎င်းကျေးရွာများသို့ သွားရောက်ကုသခဲ့ကြရသည်ဟု သိရသည်။
“ ဟုတ်ပါတယ်။ အခုတော့ ပျောက်ကင်းသွားပါပြီ ခင်ဗျား။ အသေအပျောက်တော့ မရှိပါဘူး” ဟု မြို့နယ် ဆရာဝန်မှ ပြောကြားသည်။
ဂွမြို့နယ် ပေါက်တောကျေးရွာ၊ ၀ါးရုံတောကျေးရွာ အပါအ၀င် ကျေးရွာ အချို့တွင် မသန့်ရှင်းသော ရေကို သောက်သုံးရာမှ ကလေးငယ် ၂၀ ခန့် ၀မ်းပျက် ၀မ်းလျော့ဖြစ်ကာ ယင်းအထဲမှ ၅ ဦးမှာ ပြင်းထန်သဖြင့် ဂွမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။
“ အဓိကတော့ မသန့်ရှင်းတဲ့ စမ်းရေတွေကို သောက်ရာကနေ ၀မ်းရောဂါ ရတာ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀ လောက် ဖြစ်ပွားခဲ့ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် အနှံ့အပြားတွင် သန့်ရှင်းသော သောက်သုံးရေများ ရရှိရေးအတွက် ကန်ရေနှင့် စမ်းရေကို အားကိုးနေရခြင်းထက် ပိုမိုကောင်းမွန်သော သောက်သုံးရေ ရရှိရေး ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်းသိရှိရသည်။
From-Narinjara
Author: မာရုသူရ
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)