မင်းပြား ၊ လေးမြို့ 
ဇန်န၀ါရီ ၄ ရက် ၊ ၂၀၁၆
ပြီးခဲ့သော ၂၀၁၅ ၊ ဒီဇင်ဘာလ နောက်ဆုံးရက်များက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သော အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် AA တို့  တိုက်ပွဲများကြောင့် အစိုးရစစ်တပ်မှ မင်းပြား၊မြောက်ဦးရှိ ဒေသခံများအား ပေါ်တာဆွဲနေမှုများ ရှိနေသည်ဟု သတင်းများထွက်ပေါ်နေ၍ ညပိုင်းပြည်သူများ လမ်းမထွက်ရဲအောင်အထိ ကြောက်လန့်နေကြကြောင်း အမည်မဖော်လိုသည့် မင်းပြားဒေသခံတစ်ဦးက လေးမြို့ သို့  ပြောကြားသည်။
၎င်းက ``ကျွန်တော်တို့  မင်းပြားမှာ ၁၀ နာရီနောက်ပိုင်း မီးပြတ်ပြီဆို လမ်းမထွက်ရဲကြဘူး...စစ်တပ်က မြို့ထဲကို ကင်းလှည့်တယ်...စစ်ကားတွေနဲ့ ပေါ့...´´ဟု ပြောကြားသည်။
မင်းပြားတွင် ကြားနေရသော သတင်းများနှင့် ပတ်သက်၍ မင်းပြား-လူမှုကူညီရေးအသင်းမှ ဦးခင်ဇော်ဝင်းကတော့ ``သတင်းတွေ ပျံ့ နေတယ်...အမှန်တကယ်တော့.....ကောလဟာလတွေပါ.....မင်းပြားမှာ ဒီနေ့ ထိ ပေါ်တာဆွဲခံရတာမျိုးတော့ မရှိသေးဘူး...ညပိုင်း စစ်တပ်က မြို့ ထဲ ကင်းလှည့်တာတော့ အမှန်ပါ´´ ဟု အတည်ပြုပြောကြားသည်။
ညပိုင်းတွင် အစိုးရစစ်တပ်မှ မင်းပြားမြို့ ထဲ ကင်းလှည့်နေပြီး တွေ့ ရှိသော လမ်းသွား၊လမ်းလာများအား စစ်ဆေး၊မေးမြန်းမှုများရှိနေသည်ဟု မျက်မြင်ဒေသခံအချို့ ၏ ပြောပြချက်များအရ သိရသည်။
မောင်ကာကြီး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)