ရခိုင်​​ဒေသစစ်​ပွဲများ ဖြစ်​ပွားရခြင်းသည်​ NCA ​ကြောင့်​ ဟု လွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦး ဆို

ကျောက်​​တော်​ ၊ ​လေးမြို့ 
ဇန်​န၀ါရီ ၈ ရက်​ ၊ ၂၀၁၆

ပြီးခဲ့​သော ရက်​အနည်းငယ်​က ဖြစ်​ပွားခဲ့​သော ရခိုင်​​ဒေသစစ်​ပွဲများသည်​ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူ စာချုပ်​​ကြောင့်​ ဟု ​ကျောက်​​တော်​မြို့ နယ်​ ၊ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​စောငြိမ်းက ​ဆို​ကြောင်း DVB သတင်း၏ ဦး​စောငြိမ်းနှင့်​ ​တွေ့ ဆုံခန်းမှ ​​ပြောစကားများအရ သိရသည်​။

"နှစ်ဦးနှစ်ဘက်အကြား NCA ကိစ္စကြောင့် ဖြစ်တဲ့ ပြဿနာက ဒီဘက်မှာကျတော့ AA က သူတို့က ရခိုင်ပြည်နယ်ဘက်မှာ တပ် လိုချင်တယ်။ အစိုးရပိုင်းကလည်း ဒီဘက်မှာ ရခိုင် AA အပေါ်မှာ ကျူးကျော် ဝင်ရောက်တယ် ထင်ပြီးတော့ နှစ်ဦးနှစ်ဘက် တိုက်ခိုက်တဲ့အပေါ်မှာ ဒီအပေါ်မှာ ပြည်သူက၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ရော၊ ပြည်သူအနေနဲ့ရော စိတ်မကောင်းပါဘူး။ အဲ့တာကြောင့်မို့လို့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေ ယခုထက်ထိ ရှိနေပါသေးတယ်ခင်ဗျ။"ဟု ဦး​စောငြိမ်း၏ ​ပြောဆိုချက်​အား DVB တွင်​ ​ဖော်​ပြထားသည်​ကို ​တွေ့ ရသည်​။

ရက္ခိုင့်​တပ်​မ​တော်​ AA အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် ပါဝင်လက်မှတ် ​ရေးထိုးထားခြင်း မရှိသည့် အဖွဲ့အစည်းတစ်​ခုဖြစ်​ပြီး ရက္ခိုင့်တပ်မတော်( AA) အနေဖြင့် အစိုးရဘက်မှ ကမ်းလှမ်း
မည်ဆိုပါက ဆွေးနွေးရန် အဆင်သင့်ရှိကြောင်းကိုလည်း ထုတ်​​ဖော်​​ပြောဆိုထား​ကြောင်းလည်း သိရသည်​။

အဆိုပါကိစ္စနှင့်​ ပတ်​သက်​၍ ရက္ခိုင့်​တပ်​မ​တော်​ AA မှ ဒုတိယစစ်​ဦးချုပ်​ ​ဒေါက်​တာ ညိုထွန်း​အောင်​က ...

"​နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းပြီး
တော့ ဆွေးနွေးလို့ရတဲ့ အနေအထားရှိတယ်။ အဲဒီလိုမျိုး အနေအထားတွေ ကျတော့လည်း ကျွန်တော်တို့ဘက်က အဆင်သင့်ရှိတယ်။ သူတို့ဘက်က ကမ်းလှမ်းလာမယ် ဆိုရင်တော့ဗျာ" ဟု ​ဒေါက်​တာညိုထွန်း​အောင်​က The Lady News တွင်​ ​ပြောကြားခဲ့​ကြောင်း သိရသည်​။

သို့ ​သော်​လည်း ရခိုင်လက်နက်ကိုင်တပ် AA ကို မြန်မာ အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်တပ်တခု အနေနဲ့ အသိအမှတ်မပြုဘဲ အပစ်ရပ်ရေးမှာ ပါဝင်ဖို့ ငြင်းဆန်ထားကြောင်း သိရသည်​။

မင်းမြတ်​ခိုင်​ (​လေးမြို့  )



SHARE THIS