(Local News)
Feb 21 , 2016
ရခိုင်ပြည်နယ် ၊ ပြည်နယ်ရဲတပ်ဖွဲ့ မှ ယခင်ရဲမှုးကြီး ဦးနေမျိုးနေရာတွင် ကရင်ပြည်နယ်မှ ရဲမှုးကြီး ဦးစိန်လွင်က ပြောင်းလဲတာဝန်ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဦးနေမျိုးသည် ၂၀၁၂ ခုနှစ် စက်တင်ဘာက ရခိုင်ပြည်နယ်ရဲမှူးကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတနင်္သာရီတိုင်းဒေသကြီးတွင် ရဲမှူးကြီးအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း RIA ၏ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်ကို တွေ့ ရသည်။ အဆိုပါ ရဲမှူးကြီးနေရာ အပြောင်းအလဲများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ချုပ်မှ ညွှန်ကြားချက်အရ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၊ ဒုတိယရဲမှူးကြီး ဦးသစ်ဆန်းက ပြောကြားကြောင်း RIA ၏ ဖော်ပြချက်ကို သိရသည်။
"ရှေ့လဆန်းပိုင်းလောက်မှာစပြီး တာဝန်ပြောင်းလဲထမ်းဆောင်ရမှာပါ။ နေရာ အပြောင်းအလဲ လုပ်တယ်ဆိုတာကတော့ ပုံမှန် လုပ်ရိုးလုပ်စဉ်ပါပဲ။ အထွေအထူးတော့ သိပ်မရှိပါဘူး။"ဟု ဦးသစ်ဆန်းက ပြောကြားခဲ့ကြောင်း သိရသည်။
မောင်လူအေး (လေးမြို့ )
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
မင်းပြား-စာပေဟောပြောပွဲ တက်ရောက်နားထောင်သူများနှင့် စည်ကား (Local News) Jan 20 , 2016 ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ တွင် ရခိုင်ဒေသတွင်း စာေ
(၂၃၁)နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် မင်းပြားတွင် ကျင်းပရခိုင့်နိုင်ငံ&
မင်းပြားအဝေးပြေးကားဝင်းအား တိုးချဲ့ရန် (သို့) ပြောင်းရွေ့ ရန် လိုအပ်နေ (မင်းပြား - ဇွန်လ ၂ ) ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ ၊ ကင်းဆိပ်မြို့ထွက်ဂိတ်အနီးရှိ အဝေးပြေးကား
NLD သည် အပြောနှင့် လက်တွေ့ မညီဟု ဦးဖေသန်းက ဝေဖန်(Political News) Jan 21 , 2016 အမျိုးသားƛ
လူငယ်နှစ်ဦး လွတ်မြောက်ရေး ကျောက်ဖြူတွင် လူတစ်သောင်းကျော် ဆန္ဒပြကျောက်ဖြူ၊ ဒီဇင
မင်းပြားမှ ဘေးတွဲဆိုင်ကယ်ကိစ္စ ဝန်ကြီးဌာနထိ တင်ပြထားကြောင်း စည်ပင်သာယာဆို (မင်းပြား) May 25 , 2016 လတ်တလောလူစိတ်ဝင်စားမှုမြင့်တက်နေသော မင်းပြားက ဘေးတွဲဆိုင်ကယ်များ မောင်
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)