(Local Crime News)
ဖေဖော်ဝါရီ ၁၉ ရက်နေက ရခိုင်ပြည်နယ် ၊ မင်းပြားမြို့၊ကံကော်မြိုင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ် မိန်းကလေးအား အဒေါ်အရင်းဖြစ်သူ.ဒေါ်.......... မှ ငွေ ၂၀၀၀ ခိုးယူသည်ဟုဆိုကာ ကလေး၏ မအင်္ဂါအပါအ၀င် ခန္ဓာကိုယ်တစ်ခုလုံးအား မီးတောက်ခဲများဖြင့် ရှို့ ခဲ့ကြောင်း မြစ်မခ၏ စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
“ကလေးမှာ မိဘတွေက ထိုင်းမှာ သွားအလုပ်လုပ်နေကြတယ်။ ဒီမှာ အဘွား၊အဒေါ်တွေနဲ့အတူတူနေတယ်။ အခု ကလေးကို မီးရှို့တာက သူ့အဒေါ်အရင်းပါ။ ကလေးကို နောင်ပိုက်ဆံတွေ မခိုးရဲအောင် ဆုံးမတယ်လို့ ပြောပါတယ်။ သူက မီးညှပ်နဲ့မီးသွေးတုံးကိုကိုင်ပြီး ကလေးကို တကြိမ်ပဲ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကလေးကိုယ်ခန္ဓာအနှံ့မှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရနေတော့ တစ်ကြိမ်မကဘူးလို့ သုံးသပ်ရပါတယ်။ ပြီးတော့ ကလေးကို အိမ်မှာပိတ်ထားရာကနေ ဒီမှာကနေတဲ့ နတ်ပွဲကို ရောက်လာတော့ ရပ်ကွက်က လူတွေက ကလေးကို ရဲစခန်းမှာ သွားအပ်ခဲ့တာဖြစ်ပါတယ်။ အခု ဆေးရုံမှာ ဆေးကုပေးနေတယ်။ အရင်တုန်း ကလည်း ကလေးကို ညှင်းပန်းခဲ့တာမျိုးတွေရှိခဲ့တယ်”ဟု မင်းပြားမြို့၊ ဥက္ကပျံရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစောဘချိုက ပြောကြားကြောင်း မြစ်မခတွင် ဖော်ပြထားသည်။
ကလေးငယ်၏ မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသူများဖြစ်ကာ လက်ရှိ အချိန်တွင် ကလေးအား မင်းပြားဆေးရုံကြီးတွင် ဆေးကုသလျှက်ရှိပြီး မီးရှိုသူအဒေါ်ဖြစ်သူအား မင်းပြား မြို့မရဲစခန်းမှ အပြင်းအထန်နာကျင်စေမှု ( ပ)၃၄/၁၆ ၊ပုဒ်မ ၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။
လေးမြို့ 
ပခုက္ကူ KBZ Bank မီးရှို့ လုယက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်
ပခုက္ကူ ၊ လေးမြို့ 
ဇန်န၀ါရီ ၅ ရက် ၊ ၂၀၁၆
ယနေ့ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့(၁) နာရီခွဲအချိန်ခန့်လောက်က မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူမြို့ ရှိ မီးရှို့ ၊ လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ပြည်သူများ အထိတ်တလန့်  ဖြစ်သွားရသဖြင့် KBZ Bank မှ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
KBZ Bank မှ သတင်းထုတ်ပြန်ချက်.. ......
ယနေ့ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့(၁) နာရီခွဲအချိန်ခန့်တွင် အမျိုးသားလူငယ်တစ်ဦးဘဏ်အတွင်းသို့ လောင်စာအိတ်ကိုယူဆောင်လာပြီးအမျိုးသားသန့်စင်ခန်းအတွင်းမီးရှို့ရန်ကြိုးစားအားထုတ်ခဲ့ပါသည်။ ထို့နောက် ၄င်းမှပင် မီးလောင်နေသည်ဟုအော်ဟစ်ပြေးထွက်လာပြီးမသမာသောနည်းဖြင့် ဘဏ်ကောင်တာရှိငွေအချို့ကိုယူဆောင်ရန်ကြိုးပမ်းစဉ် ပြည်သူများနှင့် ဘဏ်ဝန်ထမ်းများ လုံခြုံရေးများက ၀ိုင်းဝန်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။
၎င်း၏ မီးရှို့ရန်ကြိုးပမ်းမှုအားဘဏ်မှ လုံခြုံရေးများနှင့် ၀န်ထမ်း၊ အရာထမ်းများ၊ Customers များတွေ့ရှိ၍ ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သဖြင့် ဘဏ်၏ မည်သည့်ပစ္စည်းမှ မီးလောင်ကျွမ်းမှုမရှိခဲ့ပါ။ကမ္ဘောဇပခုက္ကူဘဏ်ခွဲရှိ ၀န်ထမ်းများမှပခုက္ကူမြို့ရဲစခန်းသို့အကြောင်းကြားပြီးအဆိုပါအမျိုးသားအားအရေးယူဆောင်ရွက်နိုင်ရန်အပ်နှံခဲ့ပါသည်။
ထိုသို့ ဘဏ်အတွင်းအထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့သူမိုးစက်(၂၈)နှစ်ကိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးဘဏ်မှ ဥပဒေကြောင်းအရပခုက္ကူမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ်တွင် မည်သည့်နစ်နာဆုံးရှုံးမှု တစ်စုံတရာမျှမရှိပါကြောင်းနှင့် customers များအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ပေါ်ကြစေရန် ဖြစ်ရပ်မှန်အားကမ္ဘောဇဘဏ်လီမိတက်ရုံးချုပ်မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
(လေးမြို့ သတင်းမီဒီယာ)
၂ နှစ်အရွယ် သမီးငယ်ကို ပြန်ရောင်းစားသည့် ဖခင်
မလေးရှာနိုင်ငံမှာ အသက် ၂ နှစ်အရွယ် သမီးမိန်းကလေး တယောက်ကို မူးယစ်ဆေးစွဲနေတဲ့ ဖခင်ဖြစ်သူက တခြားတဦးဆီမှာ မလေးရှားငွေ ၁၂၀၀၀ နဲ့ ရောင်းစားခဲ့ပါတယ်။
မလေးရှာနိုင်ငံ ရဲတွေက လူပျောက်မှုနဲ့ စုံစမ်းစစ်ဆေးရာကနေ မူးယစ်ဆေးစွဲနေတဲ့ ဖခင်ဖြစ်သူက သမီးငယ်ကို ရောင်းစားတဲ့ အမှုမှန် သိရှိခဲ့ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ထိုင်း khaosod သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းအရ ဒီအမှုနဲ့ ပတ်သက်တဲ့ ဖခင်ဖြစ်သူ အပါအ၀င် သံတယရှိသူ ၃ ဦးကိုလည်း ရဲတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ဒါပေမယ့် ရဲတွေကတော့ ရောင်းစားခံထားရတဲ့ ကလေး ဘယ်နေရာမှာ ရှိတယ်ဆိုတာ မသိရသေးသလို ဆေးစွဲနေတဲ့ ဖခင်ဆီက အချက်အလက်တွေ မရရှိသေးပါဘူး။ ရဲတွေကတော့ ကလေးဟာ ရောင်းစားခံထားရတဲ့သူဆီမှာပဲ ရှိမယ်လို့ ယုံကြည်ထားပါတယ်။
From-BBC