ပခုက္ကူ KBZ Bank မီးရှို့ လုယက်​မှုနှင့်​ ပတ်​သက်​၍ သတင်းထုတ်​ပြန်​ချက်



ပခုက္ကူ ၊ ​လေးမြို့ 
ဇန်​န၀ါရီ ၅ ရက်​ ၊ ၂၀၁၆

ယနေ့ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့(၁) နာရီခွဲအချိန်ခန့်​လောက်​က မ​ကွေးတိုင်း​ဒေသကြီး ၊ ပခုက္ကူမြို့ ရှိ မီးရှို့ ၊ လုယက်​မှုတစ်​ခုဖြစ်​ပွားခဲ့ပြီး ပြည်​သူများ အထိတ်​တလန့် ဖြစ်​သွားရသဖြင့်​ KBZ Bank မှ သတင်းထုတ်​ပြန်​ချက်​ တစ်​​စောင်​ ထုတ်​ပြန်​ခဲ့​ကြောင်း သိရသည်​။

KBZ Bank မှ သတင်းထုတ်​ပြန်​ချက်​.. ......

ယနေ့ ၂၀၁၆ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့(၁) နာရီခွဲအချိန်ခန့်တွင် အမျိုးသားလူငယ်တစ်ဦးဘဏ်အတွင်းသို့ လောင်စာအိတ်ကိုယူဆောင်လာပြီးအမျိုးသားသန့်စင်ခန်းအတွင်းမီးရှို့ရန်ကြိုးစားအားထုတ်ခဲ့ပါသည်။ ထို့နောက် ၄င်းမှပင် မီးလောင်နေသည်ဟုအော်ဟစ်ပြေးထွက်လာပြီးမသမာသောနည်းဖြင့် ဘဏ်ကောင်တာရှိငွေအချို့ကိုယူဆောင်ရန်ကြိုးပမ်းစဉ် ပြည်သူများနှင့် ဘဏ်ဝန်ထမ်းများ လုံခြုံရေးများက ၀ိုင်းဝန်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။

၎င်း၏ မီးရှို့ရန်ကြိုးပမ်းမှုအားဘဏ်မှ လုံခြုံရေးများနှင့် ၀န်ထမ်း၊ အရာထမ်းများ၊ Customers များတွေ့ရှိ၍ ၀ိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သဖြင့် ဘဏ်၏ မည်သည့်ပစ္စည်းမှ မီးလောင်ကျွမ်းမှုမရှိခဲ့ပါ။ကမ္ဘောဇပခုက္ကူဘဏ်ခွဲရှိ ၀န်ထမ်းများမှပခုက္ကူမြို့ရဲစခန်းသို့အကြောင်းကြားပြီးအဆိုပါအမျိုးသားအားအရေးယူဆောင်ရွက်နိုင်ရန်အပ်နှံခဲ့ပါသည်။

ထိုသို့ ဘဏ်အတွင်းအထိတ်တလန့်ဖြစ်စေရန် လုပ်ဆောင်ခဲ့သူမိုးစက်(၂၈)နှစ်ကိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးဘဏ်မှ ဥပဒေကြောင်းအရပခုက္ကူမြို့မရဲစခန်းတွင်အမှုဖွင့်တိုင်ကြားပြီးဖြစ်ပါသည်။သို့ဖြစ်ပါ၍ ကမ္ဘောဇဘဏ်တွင် မည်သည့်နစ်နာဆုံးရှုံးမှု တစ်စုံတရာမျှမရှိပါကြောင်းနှင့် customers များအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ပေါ်ကြစေရန် ဖြစ်ရပ်မှန်အားကမ္ဘောဇဘဏ်လီမိတက်ရုံးချုပ်မှ သတင်းထုတ်ပြန်ထား​ကြောင်း သိရသည်​။

(​လေးမြို့ သတင်းမီဒီယာ)



SHARE THIS