ပထမဆုံးအကြိမ်​​မြောက်​​ ဒိုင်းနက်​အမျိုးသား​နေ့ ကို ပုဏ္ဏားကျွန်းတွင်​ ကျင်းပမည်

ပုဏ္ဏားကျွန်း ၊ ​လေးမြို့
ဇန်​န၀ါရီ ၅ ရက်​ ၊ ၂၀၁၆

ရခိုင်​မျိုးနွယ်​ဝင်​(၇)မျိုးတွင်​ တစ်​ခုအပါအဝင်​ဖြစ်​​သော ဒိုင်းနက်​(ခ)သက္ကမ​လူမျိုးစု၏ ပထမဆုံးကြိမ်​​မြောက်​ ဒိုင်းနက်​အမျိုးသား​နေ့ ကို ရခိုင်​ပြည်​နယ်​ ၊ ပုဏ္ဏားကျွန်းမြို့ နယ်​ ၊ သျှင်​​တော်​​ကျေးရွာ၌ လာမည့်​ ဇန်​န၀ါရီ ၇ ရက်​​နေ့တွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း သိရသည်​။

အဆိုပါ ဒိုင်းနက်​အမျိုးသား​နေ့ ဖွင့်​ပွဲအခမ်းအနားကို ၄င်း​နေ့ နံနက်​ပိုင်း၌ စတင်​ဖွင့်​လှစ်​ကာ ဒိုင်းနက်ရိုးရာအကအလှများဖြင့်​ ဖြေဖျော်ဖွင့်လှစ်မည်ဖြစ်ပြီး လူမျိုးစု​ခေါင်း​ဆောင်​များက ​ဟော​ပြောမည့်​ ​ဟော​ပြောပွဲကိုပါ တစ်​ဆက်​တည်း ပြုလုပ်​ကျင်းပသွားမည်​ဖြစ်​​ကြောင်း Arakan Blood News ၏ အွန်​လိုင်းစာမျက်​နှာတွင်​ ​ဖော်​ပြထားသည်​များကို ​တွေ့ ရသည်​။

(​လေးမြို့ သတင်းမီဒီယာ)



SHARE THIS
Previous Post
Next Post