Showing posts with label ကဗျာပြခန်း. Show all posts
Showing posts with label ကဗျာပြခန်း. Show all posts
သင်းကွဲကြယ်နီ

သင်းကွဲကြယ်နီ

သင်းကွဲကြယ်နီ
****************************
(လေးမြို့ ကဗျာပြခန်း)
****************************

ဂရက်ဒေါက်ပြန်သွားလို့ 
တက်ခေါက်သံပါးလိုက်တာနဲ့ 
ထွက်ပေါက် တံခါးတွေပိတ်
နှိပ်ကွပ်ကြစမ်းဟေ။

တကယ် မကြောက်တရားနဲ့ 
အပယ်ရောက်လားပစေ
သွေဖေါက်သွားမှာ မဟုတ်။

နယ်ချဲ့ ဆန့် ကျင်ရေး
အမျိုးသားလွတ်မြောက်ရေး
အရေးနှစ်ပါးလုံး
အလေးထားဆုံးနဲ့ စွန့် ဝံ့သူက
ဦးဥတ္တမဆရာတော် ဆိုတာ
ကမ္ဘာကသိ ကနေ့ ထိပဲလေ။

ဟော-မြန်မာတွေ လွတ်ကျွတ်ပြီ
ခိုင်ကျည်တဲ့ လွတ်လပ်ရေးကျောက်တိုင်ဖြူ
စိုက်ထူကြ မြို့ တော်ရန်ကုန်မှာ ….
ရှာကြည့်လိုက်စမ်း
ဆရာတော်ရဲ ၏့အမည်နာမ လမ်းနဲ့ 
ခမ်းနားတဲ့ ကိုယ်တူရုပ်ပွား
တွေ့ များ တွေ့ မိသလားလို့ …။

သာတင်မြ (မင်းပြား)

(၉ .၉ .၂၀၁၃ နေ့ ဆရာတော်ဦးဥတ္တမအား ဂုဏ်ပြုခြင်း တေးကဗျာ)

လေးမြို့ ကဗျာပြခန်း (အမှတ်စဉ် - ၁)

လေးမြို့ ကဗျာပြခန်း (အမှတ်စဉ် - ၁)

စနေနေ့ မှာ ပင်လယ်ကိုတွေ့ တယ်
-------**************------------
လူ(၈)ယောက် ၊ ဆိုင်ကယ်(၄)စီး
တောင်ကုန်းတွေ ကျောပေးထားတဲ့ လမ်းမှာ
ကင်းလိပ်ချော သတ္တ၀ါတွေလို
ပင်လယ်ရှာထွက်တဲ့ ခရီး ..။

လေမဆန်ပေမယ့် 
နေဒဏ်ကို ရယ်သံတွေနဲ့  ဖြတ်ခဲ့ ကြ..။
မလျင်မမြန်
ပုံမှန်မှန် နာရီသံတွေလိုပဲ ပျံသန်းခဲ့ ကြ..။
တောင်ကုန်းတွေ မြင့်လိုက်၊နိမ့် လိုက်
သီချင်းသံတွေ တိုးလိုက် ၊ကျယ်လိုက် ...
နေမညိုပေမယ့်
ငါတို့ တွေ လေဖြိုခဲ့ ကြ ...
မြစ်တွေ ချောင်းတွေအတွက်
ခင်မင်မှုတွေ စုစည်း ဖောင်ဖွဲ့ ကူးခဲ့ ကြတယ် ...။

လမ်းဆုံးတော့ ရွာတွေ့ 
ရွာဆုံးတဲ့  စနေနေ့ မှာ
မြေပုံ အငူစွန်းရဲ့ နေပူပူကျောက်ဆောင်အိုတွေ ရင်ကြားက
ခရုခွံတွေနဲ့ အနားကွပ်ထားတဲ့ 
ပင်လယ်ကို တွေ့ တယ် ....။
* ၀သုန်ခါး
(၂၇.၄.၂၀၁၂ - သူငယ်ချင်းများနှင့်အမှတ်တရ)

Published with Blogger-droid v2.0.10
ဝင်္ကပါထဲက လူ  ( ခေတ်ပေါ်ကဗျာ)

ဝင်္ကပါထဲက လူ ( ခေတ်ပေါ်ကဗျာ)


ဝင်္ကပါထဲက လူ
-----------------

မြေကြီးပေါ်က လူ
ဘယ်ကလာလဲ သူမသိ ....
ဘာလာရှာလဲ သူမသိ .....
တိုးဝှေ့ ကာ သွားနေ၏။

အရောင်တွေအကြား
သစ္စာတရားကို ရွေးချယ်...
အတ္တနဲ့ ပရအကြား
သက္ကရာဇ်အချို့ ပုတ်သိုးခဲ့ ရ ....

မြေကြီးပေါ်က လူ
ဘာလုပ်နေလဲ သူမသိ...
ဘယ်သွားမှာလည်း သူမသိ....
အို ... ၀င်္ကပါအတိ။

ဝင်္ကပါထဲက လူ
အပေါ်ကို မော့ကြည့်၏
ထိုအချိန် ကောင်းကင်က မှောင်စပျိုးနေပြီ ။

( ၀သုန်ခါး )
From : http://khonaryarmaye.blogspot.com

Published with Blogger-droid v2.0.10