Showing posts with label မိုးလေဝသ. Show all posts

ဘာကြောင့် တောင်ဝင်ရိုးစွန်းက မြောက်ဝင်ရိုးစွန်းထက် ပိုအေးသလဲ

Sunday, June 23, 2013

တောင်ဝင်ရိုးစွန်းက ပင်လယ်ပြင်ထက်မှာပေါ်ထွက်နေတဲ့ ကမ္ဘာအကြီးဆုံး ကုန်းပြင်မြင့်ဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင် ပျှမ်းမျှအမြင့်၂၃၅ဝမီတာမှာ
ရှိပြီး နေရာ၅၅%ခန့်က ပင်လယ်ရေမျက်နှာပြင် ၂ဝဝဝမီတာအမြင့်မှာ
ရှိတယ်။

အမြင့်ဆုံးတောင်ဖြစ်တဲ့ Vinson Massif က ပင်လယ်ရေမျက်နှာပြင်
၅၁၄ဝမီတာမှာရှိတယ်။ ကုန်းပြင်မြင့်လေ ရာသီဥတုအပူချိန်နိမ့်လေဖြစ်တယ်။

မြောက်ဝင်းရိုးစွန်းဒေသက များသောအားဖြင့် ပင်လယ်ရေမျက်နှာပြင်ဖြစ်ပြီး ကုန်းမြေနည်းပါးတယ်။ ပင်လယ်ရေမျက်နှာပြင်လည်း နိမ့်ပြီး ဆောင်းရာသီ
မှာ တိမ်ထူထပ်တယ်။ တိမ်များရင် နွေးထွေးတဲ့အပူဓာတ်ကို ဖြစ်စေတယ်။

တောင်ဝင်ရိုးစွန်းမှာ အနွေးဆုံးအချိန်အခါက ဇန်နဝါရီလဖြစ်ပြီး ပျမ်းမျှ
အပူချိန် _ ၃၂.၆ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျှမ်းမျှအပူချိန် _၆၈.၃ံC မှာ ရှိတယ်။

မြောက်ဝင်းရိုးစွန်းမှာ အနွေးဆုံးအချိန်က ဂျုလိုင်လဖြစ်ပြီး ပျမ်းမျှအပူချိန် _ ၁ံCမှာရှိတယ်။ အအေးဆုံးအချိန်က ဖေဖော်ဝါရီလဖြစ်ပြီး ပျှမ်းမျှအပူချိန် _၃၆ံC ခန့်မှာရှိတယ်။

Nine Nine Sanay @ နိုင်းနိုင်းစနေ

နေ့စဉ်မိုးလေ၀သသတင်း

နေ့စဉ်မိုးလေ၀သသတင်း

(၂၀၁၃ ခုနှစ်၊ မေလ(၁၈)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ယနေ့နံနက်(၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။
လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင်နေရာအနှံအပြား၊ မွန်ပြည်နယ်တွင်နေရာစိတ်စိတ်၊ ပဲခူးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးတစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။
နေ့အပူချိန်များမှာ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် မေလ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ထူးခြားသည်နေ့အပူချိန်များမှာ ချောက်မြို့တွင်(၄၁)ဒီဂရီစင်တီဂရိတ်နှင့် ညောင်ဦးမြို့တွင်(၄၀)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ချောင်းဆုံမြို့တွင်(၂.၂၈)လက်မ၊ သထုံမြို့တွင်(၁.၅၄)လက်မနှင့် မော်လမြိုင်မြို့တွင်(၁.၃၈)လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်
မနက်ဖြန်ညနေချိန်အထိခန့်မှန်းချက်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၃၅)မိုင်မှ(၄၀)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများတိုးလာနိုင်ပါသည်။
MMweather Page

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ မေလ(၁၈)ရက်နေ့ မွန်းလွဲ (၂း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ယနေ့နံနက်(၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ 
လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင်နေရာအနှံအပြား၊ မွန်ပြည်နယ်တွင်နေရာစိတ်စိတ်၊ ပဲခူးတိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးတစ်ချုန်းရွာခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။

နေ့အပူချိန်များမှာ ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် မေလ၏ပျမ်းမျှအပူချိန်တို့ထက်(၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်ထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် မေလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ထူးခြားသည်နေ့အပူချိန်များမှာ ချောက်မြို့တွင်(၄၁)ဒီဂရီစင်တီဂရိတ်နှင့် ညောင်ဦးမြို့တွင်(၄၀)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ 

မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ချောင်းဆုံမြို့တွင်(၂.၂၈)လက်မ၊ သထုံမြို့တွင်(၁.၅၄)လက်မနှင့် မော်လမြိုင်မြို့တွင်(၁.၃၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ 
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်ညနေချိန်အထိခန့်မှန်းချက်။ 
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။ 

မြန်မာ့ပင်လယ်ပြင်။ 
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၃၅)မိုင်မှ(၄၀)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ 
မြစ်ဝကျွန်းပေါ်ဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများတိုးလာနိုင်ပါသည်။

MMweather Page
သီရိလင်္ကာ နိုင်ငံတွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်းဝင်ရောက် ခုနစ်ဦးသေဆုံး၊ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ် ခံစားခဲ့ရ

Wednesday, May 15, 2013

ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် သီရိလင်္ကာ နိုင်ငံတွင် မေ ၁၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်ပွား ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၆ဝဝ ကျော် မုန်တိုင်းဒဏ်ခံစား ခဲ့ရကြောင်း အာဏာပိုင်အဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

မဟာစင် အမည်ရှိ အဆိုပါ မုန်တိုင်းကြောင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ပြီး သစ်ပင်များ ပြိုလဲခဲ့သည့် အပြင် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်း ပင်လယ်ကမ်းခြေတွင် ငါးဖမ်းသမားများ သောင်တင်လျက် ရှိသည်ဟု သိရသည်။

နိုင်ငံအတွင်း မေ ၁၃ ရက်က မုန်တိုင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ပြီး အခြားရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ ၁၆၁၈ ဦးသည် ရေကြီးမှုဒဏ်ကို ခံစားရလျက် ရှိကြောင်း သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန (DMC)မှ ထုတ်ပြန်သော မှတ်တမ်းများ အရ သိရသည်။

မြ၀တီ

၂၀၁၃ခုနှစ်၊ မေလ(၁၅)ရက်နေ့မြန်မာစံတော်ချိန်(၁၃း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

မုန်တိုင်းသတိပေးချက်
----------------------- 
ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်မြန်မာနိုင်ငံ(မောင်တောမြို့)၏အနောက်တောင်ဘက်မိုင်(၃၅၀)ခန့်၊စစ်တွေမြို့၏အနောက်တောင်ဘက်မိုင်(၃၅၀)ခန့်၊ကျောက်ဖြူမြို့၏အနောက်တောင်ဘက်မိုင်(၃၆၀)ခန့်၊အိန္ဒိယနိုင်ငံ(ကိုလ်ကတ္တားမြို့)၏တောင်ဘက်မိုင်(၃၃၀)ခန့်အကွာပင်လယ်ပြင်ကှိုဗဟိုပြုနေပါသည်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားမည်ဟုခန့်မှန်းရပါသည်။မုန်တိုင်းဗဟိုချက်အနီးတွင်အမြင့်ဆုံးလေတိုက်နှုန်းမှာမိုင်(၆၀)အထိရှိနိုင်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီးနေရာကွက်၍မိုးကြီးမည်။မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိတိုက်ခတ်မည်ဖြစ်ပါသည်။ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာလိမ္မော်ရောင်အဆင့်သို့ရောက်ရှိပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေဒေသနှင့်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း)ဒေသများဆီသို့ဦးတည်ရွေ့လျားနေသည့်အခြေအနေဖြစ်ပါသည်။နောက်ဆုံးတိုင်းထွာရရှိသောခန့်မှန်းချက်အရမေလ(၁၆)ရက်နေ့ညပိုင်းခန့်တွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံမောင်တောမြို့အကြားကမ်းခြေဒေသများဆီသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါသည်။မုန်တိုင်းကမ်းခြေကိုဖြတ်ကျော်စဉ်မောင်တောခရိုင်ကမ်းခြေတွင်မုန်တိုင်းဒီရေအမြင့်ဆုံးမှာ(၈)ပေမှ(၁၀)ပေအထိနှင့်စစ်တွေခရိုင်ကမ်းခြေတွင်မုန်တိုင်းဒီရေအမြင့်ဆုံးမှာ(၆)ပေမှ(၈)အထိမြင့်တက်နိုင်ကြောင်းခန့်မှန်းရပါသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်းအကြံပြုအပ်ပါသည်။

မုန်တိုင်းအတွက် ပြင်ဆင်မှု လုပ်ထားပြီလို့ အစိုးရပြော

မေလ ၁၄ ရက် ၂၀၁၃

မြန်မာနိုင်ငံထဲကို မေလ ၁၆ရက် ကြာသာပတေးနေ့မှာ ၀င်ရောက်တိုက်ခတ်သွားမဲ့ မဟာစင် ဆိုင်ကလုံးမုန်တိုင်း အန္တရာယ်အတွက် အစိုးရအနေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အသင့် ပြင်ဆင်ထားပြီးလို့ ဆိုပါတယ်။

မုန်တိုင်းအန္တရာယ်အတွက် ပင်လယ်ကမ်းရိုးတမ်း ဒေသတွေမှာရှိတဲ့ စစ်တပ်တွေက လိုအပ်ရင် အသုံးပြုဖို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်၊ သင်္ဘော၊ မော်တော်ယာဉ်တွေအပြင် ဆေးကုသရေးအဖွဲ့တွေနဲ့ အကူအညီပေးတဲ့အဖွဲ့တွေကို ပြင်ဆင်ထားပြီလို့ မနေ့ကထုတ်ပြန်တဲ့ အစိုးရရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒါအပြင် မုန်တိုင်းကျရောက်မဲ့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသတွေမှာရှိတဲ့ ယာယီတဲမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေကို မေလ ၁၄ရက်နဲ့ ၁၅ရက် နောက်ဆုံးထားပြီး နေရာရွေ့ပြောင်းဖို့ လုပ်ဆောင်နေပြီလို့လည်း ဖော်ပြထားပါတယ်။

အခုဆိုရင် ဒုက္ခသည်အယောက်ပေါင်း ငါးထောင်ကိုလည်း လုံခြုံ စိတ်ချရတဲ့နေရာမှာ ပို့ဆောင်ထားပြီလို့လည်း အစိုးရရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

တဆက်ထဲမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မုန်တိုင်းဝင်ရောက် ဖြတ်ကျော် လာမယ့် ကမ်းရိုးတမ်း တလျှောက်ရှိ သန်းနဲ့ချီ နေထိုင်ကြတဲ့သူတွေကို မုန်တိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန် လိုက်ပြီးလို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် မိုးလေ၀သနဲ့ ဇလဗေဒဌာနက ၀င်ရောက်တိုက်ခတ်သွားမဲ့ မုန်တိုင်းဟာ သတိပေးချက်အဆင့် ၄ဖြစ်တဲ့ မုန်တိုင်အန္တရာယ် ပိုမို စိုးရိမ်နေရတဲ့အဆင့်ကို တိုးမြင့် လိုက်ပြီးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးကလည်း မဟာစင် ဆိုင်ကလုံးမုန်တိုင်းအန္တရာယ်တွေကြိုတင်ပြင်ဆင်မှုတွေပြု ထားတဲ့အကြောင်း ဒါပေမဲ့ အခြေအနေကိုကြည့်ပြီး ထိခိုက်ပျက်စီးမှု ဘယ်နေရာတွေမှာရှိမလဲဆိုတဲ့ အပေါ်မူ တည်ပြီး ကယ်ဆယ်ရေးတွေလိုက်ပြီးလုပ်ဆောင်ရမှာဖြစ်တယ်လို့ ချစ်တကောင်းမြို့နယ် အာဏာပိုင်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဦးရေ သန်း သုံးဆယ်ရှိတဲ့အနက် ၁၅၃သန်းဟာ ပင်လယ်ကမ်းရိုးတမ်း ဒေသတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

၂၀၀၉ခုနှစ် မေလတုန်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး Aila ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူပေါင်း သုံးရာလောက်သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ ၂၀၀၇ခုနှစ် နိုဝင်ဘာလက ကျရောက်ခဲ့တဲ့ ဆိုင်ကလုံး Sidr မှာတော့ အနည်းဆုံးလူ လေးထောင်လောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

radioaustralia

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်း ဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများ အား ရွှေ့ပြောင်းပေး

ဘင်္ဂလား ပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာ စင်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် အတွင်း မုန်တိုင်းဒီရေ အန္တရာယ် ကျရောက်နိုင်သည့် ပင် လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့ ညနေပိုင်းမှ စတင်၍ ဒီရေလွှမ်းမိုးမှု ကင်းဝေးမည့် ကုန်းမြေ နေရာများသို့ ရွှေ့ပြောင်းပေးလျက် ရှိရာ စစ်တွေမြို့နယ်၊ ပလ္လင်ပြင် ကျေးရွာမှ သံဃာ ငါးပါးနှင့် အိမ်ထောင်စု ၉၆ စု၊ လူဦးရေ ၃၈၈ ဦးတို့အား စစ်တွေမြို့၊ ကျိတ်တော်ကုန်းသို့ လည်းကောင်း၊ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက်ရှိ ကယ်ဆယ်ရေး စခန်းမှ အိမ်ထောင်စု ၅၂ စု၊ လူဦးရေ ၃၆၅ ဦးတို့အား အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းသို့လည်းကောင်း တပ်မတော် သားများက တပ်ပိုင် မော်တော်ယာဉ်များဖြင့် ကူညီ ရွှေ့ပြော င်း ပေးခဲ့ကြောင်း သတင်း ရရှိ သည်။
Myawady News
မုန်တိုင်းနှင့် ရခိုင်ဒေသ ပြင်ဆင်မူ အခြေအနေများ

မြေပုံ (ဒေသခံ တစ်ဦး) မေလ ၁၂ နံနက် ၉ နာရီ ၄၀
မြေပုံမြို့ပေါ်မှာက ပုံမှန် အတိုင်းပါဘဲ။ အာဏာပိုင်တွေကတော့ ဘာမှ သတိပေးမူ မရှိသေးဘူး။ မိုးတိမ်တွေကတော့ အုံမိုင်းနေပါတယ်။
မြေပုံမြို့နယ် ပြင်ဝန်းကျေးရွာ (ဒေသခံ တစ်ဦး) နံနက် ၉နာရီ ၄၅ မိနစ်

မုန်တိုင်းတိုက်မယ်ဆိုတာကို ရေဒီယိုက ကြားပါတယ်။ အခုတော့ ငါးဖမ်းစက်လှေတွေ အကုန်လုံးချောင်းထဲကို ၀င်လာကြပါပြီ။ လေကတော့ ငြိမ်နေပါတယ်။ ဖြတ်တိုက်တွေ မရှိသေးပါဘူး။

ကိုသန်းနိုင် (မာန်အောင်မြို့ပေါ်) နံနက် ၉ နာရီ ၅၀ မိနစ်

လေတိုက်တာလည်း မရှိဘူး။ မိုးရွာတာလည်း မရှိဘူး။ မာန်အောင်မှာ နေသာနေပါတယ်။ အာဏာပိုင်တွေဘက်က မုန်တိုင်း သတိပေးတာတွေ မရှိပါဘူး။ ဒေသအတွင်းက လူတွေကတော့ အချင်းချင်း ဖုံးတွေနဲ့ မုန်တိုင်း သတိပေးတာမျိုးတော့ ရှိပါတယ်။

ကိုအောင်သန်းရွှေ (စစ်ကဲတော်အုပ်ကျေးရွာ- မာန်အောင်မြို့နယ်) နံနက် ၉ နာရီ ၅၅ မိနစ်

မုန်တိုင်းတိုက်မယ်ဆိုတာကို ရေဒီယိုကဘဲ ကြားတယ်။ အာဏာပိုင်တွေက ဘာမှ သတိပေးတာ မရှိသေးဘူး။ လူတွေကတော့ ကိုယ်ဟာနဲ့ကိုယ် လုံလုံခြုံခြုံနဲ့ နေကြပါတယ်။ မိုးအုပ်နေပါတယ်။ လေတိုက်တာတွေ မရှိသေးပါဘူး။

ကိုသန်းဌေး (ကျောက်ဖြူ) နံနက် ၉ နာရီ ၁၀ မိနစ်

အခုကျွန်တော် ရန်ကုန်သွားမလို့ လေယာဉ်ပေါ်ရောက်နေပါတယ်။ ကျောက်ဖြူမှာ လေတိုက်တာတွေလည်း မရှိသေးဘူး။ မိုးလည်း မရွာပါဘူး။ မုန်တိုင်းတိုက်မယ်ဆိုတာကိုတော့ သိပါတယ်။

ဦးတက်ထွန်းအောင် ( ပေါက်တော) နံနက် ၉ နာရီ ၂၀ မိနစ်

ပေါက်တောမြို့ပေါ်မှာတော့ အာဏာပိုင်တွေက အသံချဲ့စက်တွေနဲ့ မနေ့က စပြီး မုန်တိုင်း ရှိတယ်ဆိုတာကို မြို့ကို သတိပေးပါတယ်။ ငါးဖမ်းစက်လှေတွေကိုလည်း ပင်လယ်ပြင်ကို ထွက်ပြီး ငါးဖမ်းတာကို တားမြစ်ထားပါတ.ယ်။ မိုးရိပ်တွေနဲ့ အုံမိုင်းနေပါတယ်။ လေလည်း မတိုက်သေးသလို မိုးလည်း မရွာသေးပါဘူး။

ဦးအောင်မြကျော် (စစ်တွေ) နံနက် ၉ နာရီ ၄၅ မိနစ်

စစ်တွေမှာတော့ မုန်တိုင်း အရိပ်ယောင်မျိုး မြင်နေရပါတယ်။ လေလည်း မတိုက်ဘူး။ မိုးတိမ်တွေက အုံမိုင်းနေပါတယ်။ ဒီအခြေအနေက မုန်တိုင်း ၀င်မယ့် အခြေအနေမျိုး ဖြစ်ပါတယ်။ ဒီအတိုင်းဆိုရင် မုန်တိုင်း ၀င်နိုင်ပါတယ်။ ရပ်ကွက်တွေ အလိုက်တော့ စစ်တွေမှာ မုန်တိုင်း သတိပေးမူတွေ ပြုလုပ်နေပါတယ်။

ဦးအောင်ဇံဝေ (ကျောက်နီမော်) နံနက် ၉ နာရီ ၅၅ မိနစ်

ကျောက်နီမော်မှာ အခြေအနေက အေးအေးပါ။ မိုးတိမ်တွေ အုံမိုင်းနေတာကလွဲပြီး လေတိုက်တာတွေ မရှိပါ။ ငါးဖမ်းစက်လှေတွေ၊ လှေတွေကိုတော့ ကမ်းပေါ်ကို ဆွဲတင်ထားပါတယ်။ လူတွေကတော့ ပုံမှန် အတိုင်းပါ။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာတော့ မုန်တိုင်း သတိပေးမူတွေ ရှိနေပြီ ဖြစ်ပါတယ်။ မုန်တိုင်း နံပတ် (၃) အဆင့် အလံတွေကို ကမ်းခြေဒေသတွေမှာ ထောင်ထားတာကို တွေ့နေရပါတယ်။

narinjara

ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် နထအမနာနူနလနူ ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည် ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှုများပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်းတို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှားသူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြုကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

...................................................................

ကမ္ဘာ့ အမြင့်ဆုံး မော်တော်ဆိုင်ကယ်

ကမ္ဘာ့ အမြင့်ဆုံး မော်တော်ဆိုင်ကယ်

Saturday, February 23, 2013

ပုံမှာမြင်တွေ့ရတာကတော့ အမေရိကန်နိုင်ငံသား၊ နယူးယောက်မြို့မှ
Greg Dunham အမည်ရ အင်ဂျင်နေယာတစ်ဦးက ဖန်တီးလိုက်တဲ့ ကမ္ဘာ့အမြင့်ဆုံး မော်တော်ဆိုင်ကယ် ဖြစ်ပါတယ်။

၁၅ပေမြင့်ပြီး ပေ ၂၀ ရှည်တဲ့ ယင်းဆိုင်ကယ်ဟယ ပေါင် ၆၅၀၀ အလေးချိန် ရှိပါတယ်။ အမှန်တကယ်လည်း မောင်းနှင်လို့ရပြီး သုံးနှစ်ကြာ အချိန်ယူပြီး တည်ဆောက်ခဲ့တဲ့ ယင်းဆိုင်ကယ်ဟာ ကမ္ဘာ့အကြီးဆုံး/ အမြင့်ဆုံး
မော်တော် ဆိုင်ကယ်အဖြစ် ဂင်းနစ်စံချိန်တင်နိုင် ခဲ့ပါတယ်။

ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်း တန်ဖိုးရှိတယ်လို့ သိရပါ တယ်။

Ref:Car Lovers and the Bikers Club
--
ရိုးရာလေး Automobile

http://www.yoyarlay.com/science-tech/134-inventions/34333-the-world-tallest-motorcycle

--
YoYarLay

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

''ဇန်န၀ါရီ ဒုတိယပတ်ကစပြီး မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ပုံမှန်အပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ်လောက် ကျဆင်းပြီး အေးခဲ့ပါတယ်။ ဇန်န၀ါရီ ၉ရက် ကနေ ၁၂ရက်အထိမှာ ပုံမှန်ထက်အေးခဲ့တယ်။ ၁၃ရက်နေ့မှာတော့ အပူချိန်နည်းနည်း ပြန်တက်လာပါတယ်။ ဇန်န၀ါရီလ ၁၆ရက်နေ့မှာတော့ ဆောင်းရာသီရဲ့ ပုံမှန်အပူချိန် နီးပါးလောက် ပြန်ရောက်လာပါပြီ။ ဒါကြောင့် လာမယ့်ရက်တွေမှာ ဇန်န၀ါရီလရဲ့ ပျမ်းမျှအပူချိန်အတိုင်း ပြန်ဖြစ်သွားမှာပါ''ဟုလည်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

ဆာင်းရာသီကာလအတွင်း အအေးလှိုင်း ဖြတ်ခြင်းဆိုသည်မှာ ဆောင်းရာသီ၏ ပျမ်းမျှအပူချိန်အောက် ၇ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းမှသာ အအေးလှိုင်းဖြတ်ခြင်းဖြစ်သည်ဟု ခေါ်ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော အအေးလွန်ကဲမှုများသည် လေအေးပျံ့နှံ့ခြင်း(Cold Surge)သာ ဖြစ်ကြောင်းလည်း သိရှိရသည်။

''အခုရက်ပိုင်းဖြစ်သွားတာက လေအေးပျံ့နှံ့တာပါ။ ပုံမှန်အပူချိန်ထက် ၇ဒီဂရီ စင်တီဂရိတ်ကျသွားရင်တော့ ဒါက အအေးလှိုင်းဖြတ်တယ် ခေါ်တယ်။ အခုဖြစ်စဉ်က ပုံမှန်အပူချိန်အောက် ၅ဒီဂရီစင်တီဂရိတ်လောက်ပဲ ကျဆင်းသွားတာမို့ လေအေးပျံ့နှံ့တယ်လို့ပဲ ပြောရမှာပါ''ဟု လည်း ဦးချစ်ကျော်က ဆက်လက် ပြောကြားခဲ့သည်။

'
 
တရုတ်နှင့်အိန္ဒိယ အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်းအအေးပို

ရန်ကုန်။ ။ဇန်န၀ါရီ ၁၃။ တရုတ်ပြည်နှင့်အိန္ဒိယနိုင်ငံတွင် အအေးလိုင်းဖြတ်သန်းမူကြောင့် မြန်မာနိုင်ငံတွင်း အအေးပိုနေကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က Venus News Weeklyသို. ပြောကြားသည်။ “အဲဒီဘက်ကအအေးလိုင်းတွေ ပြည်တွင်းဝင်လာတာကြောင့်အေးတာပါ၊အလွန်ဆုံးတစ်ပတ်လောက် တော့အေးမယ်”ဟုဌင်းကဆိုသည်။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမူဦးစီး ဌာန၏ဇန်န၀ါရီလအတွက်မိုးလေ၀သခန်းမှန်းချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန် အောက် အနည်းငယ်လျော့ကြကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာ ရှိမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် (၁၆)ရက်မှ(၁၈)ရက်ခန့်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့် နံနက်ပိုင်းတွင် မြူထူများ ကျဆင်းနိုင်ကြောင်းထုတ်ပြန်ထားသည်။ “ဒီရက်ပိုင်းမှာ အအေးဓါတ်ကသိသိသာသာပိုလာတယ်၊မနက်မိုင်းမှာ မြူတွေလည်းပိုကြလာတယ်၊ ညဘက်တွေမှပိုသိသာပါတယ်” ဟု လှော်ကားမြို.နယ်၊တာဆုံအနီးတွင် နေထိုင်သူတစ်ဦးကဆိုသည်။ သြစတြေးလျမိုးလေ၀သဌာနက ၂၀၁၂နိုဝင်ဘာလအတွင်း ထုတ်ပြန်မူတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ တွင် ပုံမှန်ထက်ပိုမိုပူပြင်းနေပြီး ယခုနှစ်ဆန်းတွင် အရှေ.တောင်အာရှ၌ အယ်လ်နီညို(ပူပြင်းခြောက် သွေ.သောရာသီဥတု)ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သော်လည်းယခုဆောင်းဝင်ရောက်မူမှာလ၀က် ကျော်လာသည့်အတွက်သေချာခြင်းမရှိကြောင်း ဦးထွန်းလွင်ကပြောကြားသည်။ AFP သတင်းတွင်ဖော်ပြချက်အရ ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် အပူချိန် ၃ ဒီဂရီ စဲစီးယပ်အောက်သို. ကျဆင်းခဲ့ပြီး အဆိုးရွားဆုံး အအေးလှိုင်းဖြတ်မှုကြောင့် ဇန်န၀ါရီ၁၀ရက်နေ.့တွင် လူပေါင်း ၈၀ နီးပါး ခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများမှ ထုတ်ပြန်ခဲ့သည်။ မှ Venus News Weekly
၂၀၁၃ ဇန်န၀ါရီ ၁၁ ရက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်

ဘင်္ဂလားပင်လယ်အော် အခြေအနေ
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနိုင်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် အတွင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းသည် အနောက်တောင်ဘက်သို့ ဆက်လက်ဦးတည်ရွေ့လျားကာ မလေးရှားနိုင်ငံ ကမ်းခြေ
သို့ချဉ်းကပ်ဝင်ရောက်လျက်ရှိနေပါတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့်ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ထစ်ချုန်းမယ့်အခြေအနေများ ဖြစ်ပေါ်လာနိုင်ပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ
မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိနိုင်ပြီး ဧရာဝတီ၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၁ ပေမှ ၂ ပေခန့် ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်ဒေသတွေမှာတော့ လှိုင်းအမြင့် ၂ ပေမှ ၃ ပေခန့်ရှိနိုင်ပါတယ်။

ညအပူချိန်အခြေအနေခန့်မှန်းချက်
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ချင်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ ညအပူချိန်များ ၅ ဒီဂရီစင်တီဂရိတ်အောက်ကျဆင်းနိုင်။ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းတို့တွင်
လည်း ညအပူချိန်များ အနည်းငယ်ကျဆင်းနိုင်ပါတယ်။ ကျန်ဒေသများမှာ ညအပူချိန်များ ပုံမှန်ခန့်ရှိနိုင်ပါတယ်။

မြူအခြေအနေခန့်မှန်းချက်
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းမြောက်ပိုင်းတို့မှာ နံနက်ပိုင်း အချိန်ခါများမှာ မြူထူများ ကျဆင်းနိုင်ပါတယ်။

နေ့အပူချိန်အခြေအနေခန့်မှန်းချက
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မြောက်ပိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်လျော့နိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်းတို့မှာ နေ့အပူချိန်များပုံမှန်ခန့်ရှိနိုင်ကာ၊ ကျန်တစ်ပြည်လုံးတွင် နေ့အပူချိန်များ ပုံမှန်ထက်ပိုမိုမြင့်တက်နေနိုင်။ အထူးသဖြင့် တနင်္သာရီတိုင်းတွင် သိသိသာသာပိုမိုမြင့်တက်နေနိုင်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအခြေအနေခန့်မှန်းချက်
တစ်ပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ရန် အလားအလာများ မရှိနိုင်ပါ။

မိုးရွာသွန်းနိုင်မှုအခြေအနေခန့်မှန်းချက်
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့
တနင်္သာရီတိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကချင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်း
မြောက်ပိုင်းစွန်းနဲ့ တနင်္သာရီတိုင်း တောင်ပိုင်းစွန်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်သည်မှအပ ကျန်တစ်ပြည်လုံး
တွင် သာယာပါမယ်။
7Day News Journal
7Day News Journal