မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

 
မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

''ဇန်န၀ါရီ ဒုတိယပတ်ကစပြီး မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ပုံမှန်အပူချိန်အောက် ၅ ဒီဂရီစင်တီဂရိတ်လောက် ကျဆင်းပြီး အေးခဲ့ပါတယ်။ ဇန်န၀ါရီ ၉ရက် ကနေ ၁၂ရက်အထိမှာ ပုံမှန်ထက်အေးခဲ့တယ်။ ၁၃ရက်နေ့မှာတော့ အပူချိန်နည်းနည်း ပြန်တက်လာပါတယ်။ ဇန်န၀ါရီလ ၁၆ရက်နေ့မှာတော့ ဆောင်းရာသီရဲ့ ပုံမှန်အပူချိန် နီးပါးလောက် ပြန်ရောက်လာပါပြီ။ ဒါကြောင့် လာမယ့်ရက်တွေမှာ ဇန်န၀ါရီလရဲ့ ပျမ်းမျှအပူချိန်အတိုင်း ပြန်ဖြစ်သွားမှာပါ''ဟုလည်း မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

ဆာင်းရာသီကာလအတွင်း အအေးလှိုင်း ဖြတ်ခြင်းဆိုသည်မှာ ဆောင်းရာသီ၏ ပျမ်းမျှအပူချိန်အောက် ၇ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းမှသာ အအေးလှိုင်းဖြတ်ခြင်းဖြစ်သည်ဟု ခေါ်ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော အအေးလွန်ကဲမှုများသည် လေအေးပျံ့နှံ့ခြင်း(Cold Surge)သာ ဖြစ်ကြောင်းလည်း သိရှိရသည်။

''အခုရက်ပိုင်းဖြစ်သွားတာက လေအေးပျံ့နှံ့တာပါ။ ပုံမှန်အပူချိန်ထက် ၇ဒီဂရီ စင်တီဂရိတ်ကျသွားရင်တော့ ဒါက အအေးလှိုင်းဖြတ်တယ် ခေါ်တယ်။ အခုဖြစ်စဉ်က ပုံမှန်အပူချိန်အောက် ၅ဒီဂရီစင်တီဂရိတ်လောက်ပဲ ကျဆင်းသွားတာမို့ လေအေးပျံ့နှံ့တယ်လို့ပဲ ပြောရမှာပါ''ဟု လည်း ဦးချစ်ကျော်က ဆက်လက် ပြောကြားခဲ့သည်။

'
 

SHARE THIS
Previous Post
Next Post