Showing posts with label ရုပ်ရှင်. Show all posts

ကိုယ်ရွေးချယ်တဲ့ အိမ်ထောင်ဖက်က ကိုယ့်အပေါ် နားလည်မှု ရှိရမယ်လို့ဆိုသူ ယုသန္တာတင်

မော်ဒယ်လောကကနေ အနုပညာလောကကို ရောက်ရှိလာပြီး အနုပညာပျိုးခင်းက စင်တင်မင်းသမီး တစ်ယောက်လည်းဖြစ်တဲ့ ယုသန္တာတင်က မိုးယံဇွန်နဲ့အတူ ဆီးဂိမ်း အတွက် ကရာတေး ဇာတ်လမ်းအတို ရိုက်ကူးနေပါတယ်။ အနုပညာပျိုးခင်းနဲ့ ၂နှစ် စာချုပ်ချုပ်ဆိုထားပြီး ဇာတ်ကား ၁၅ကားရိုက်ကူးဖို့ ပြည့်တော့မှာဖြစ်တဲ့အတွက် အနုပညာ အတွေ့အကြုံနဲ့ပတ်သက်ပြီး ”ညီမကတော့ အနုပညာပျိုးခင်းနဲ့ ၁၅ကားတော့ မပြည့်သေးဘူး။ ညီမရိုက်တဲ့ကား အရေအတွက်က သိပ်မများသေးဘူး။ ကာရိုက် တာလည်း မစုံသေးဘူးဆိုတော့ ကိုယ့်ကိုဘယ်လို ဇာတ်ရုပ်နဲ့ပိုပြီးအားသာလည်း ဆိုတာမသိသေးဘူး။ အတွေ့အကြုံတွေတော့ ရရှိခဲ့ပါတယ်။ ပရိသတ်တွေဘက် ကတော့ ညီမကားတွေထွက်လာရင်လည်း အားပေးကြတယ်”လို့ ယုသန္တာတင်က ပြောပါ တယ်။ နောက်ပိုင်းမှာ ဇာတ်ကားတွေလည်း အဆက်မပြတ် ရိုက်ကူးလာသလို၊ ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်ကူးလာသူဖြစ်ရာ ဘယ်အလုပ်က ပိုခက်ခဲပါသလဲလို့ မေးကြည့်တော့ ..”ကားရိုက်နေပေမယ့် ကြော်ငြာရိုက်ရတာကိုလည်း မလစ် ဟင်း စေချင်ဘူး။ ကားရိုက်တာ အခုမှစပြီး သင်ယူနေရတာဆိုတော့ ပိုပြီးကြိုး စားရတယ်။ေ...ကြာ်ငြာမှာက သူ့ဟာနဲ့ သူခက်ခဲတယ်ဆိုပေမယ့် ကိုယ်ကကြော်ငြာ လိုင်းက လာတာဆိုတော့ အဆင်ပြေတယ်။ ကားရိုက်တာတော့ ကိုယ့် စိတ်ကိုဖျောက်ပြီး ကာရိုက်တာထဲကို စိတ်သွင်းပြီးလုပ်ရ တာဆိုတော့ ပိုကြိုး စားရတယ်”လို့ ပြော ပါတယ်။
လက်ရှိအချစ်ရေးအခြေအနေမှာ တည်တည်ငြိမ်ငြိမ် ပဲရှိနေပြီး အသက် ၂၉၊ ၃ဝအရွယ်ကျမှ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။ အဓိကက ကိုယ့်အပေါ် နားလည်ပေးနိုင်သူ အိမ်ထောင်ဖက်ကိုပဲ ရွေးချယ်မှာ ဖြစ်ကြောင်းကို “အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပဲ။ အခုအချိန်မှာ ကိုယ့်အသက်အရွယ်က ငယ်သေးတယ်။ ဦးနှောက်က စဉ်းစားဆုံးဖြတ်လို့ မရင့်ကျက်သေးပါဘူး။ ညီမကအချစ်ကိုတော့ သူများတွေလိုမျိုး ရယူတယ်၊ ပေးဆပ်တယ်လို့ မခံယူထားဘူး။ အချစ်ကို အချစ်လို့ပဲ မှတ် ထားတယ်။ အဓိကက ကိုယ်နဲ့ယူမယ့်အိမ်ထောင်ဖက်က ကိုယ့်ကိုနားလည်မှုရှိမယ့် သူမျိုးပဲဖြစ်ရမယ်”လို့ ပြောပါတယ်။

တွယ်တာ

(၈၅)ကြိမ်မြောက် အော်စကာဆုပေးပွဲမှ ဆုရရှိသူများနှင့် ဇာတ်ကားများစာရင်း အပြည့်အစုံ ထွက်ပေါ်

လော့စ်အိန်ဂျလိစ်၊ ဖေဖေါ်ဝါရီ-၂၅

ကမ္ဘာ့ရုပ်ရှင်လောက၏ အရှိန်အဝါအကြီးဆုံး ဆုပေးပွဲတစ်ရပ်ဖြစ်သည့် ၈၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆုပေးပွဲကို ကျင်းပခဲ့ရာ ဆုရရှိသူ သရုပ်ဆောင်များ၊ ဇာတ်ကားများ၏ အမည်စာရင်းအပြည့်အစုံ ပေါ်ထွက်ခဲ့ပြီဖြစ်ပါသည်။ ယခုနှစ်အတွက် အော်စကာဆုပေးပွဲတွင် အမေရိကန်သမ္မတလင်ကွန်း၏ အတ္ထုပတ္တိရုပ်ရှင် လင်ကွန်းမှာ အများခန့်မှန်းထားသည့်အတိုင်း သရုပ်ဆောင်မင်းသား ဒင်နီယယ်ဒေးလူးဝစ်အတွက် သမိုင်းဝင် တတိယမြောက် အော်စကာဆုကို ဆွတ်ခူးစေခဲ့ပြီး ဆုအများဆုံးရရှိသည့် ဇာတ်ကားအဖြစ် Life of Pi ဇာတ်ကားမှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းဆုနှင့် အကောင်းဆုံးရိုက်ညွှန်းဆု၊ အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆုများ ရရှိကာ ဆုအများဆုံးရ ဇာတ်ကားအဖြစ် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ Life of Pi ဇာတ်ကားနောက်တွင် Argo ဇာတ်ကားမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး မှီငြမ်းဇာတ်လမ်းဆု၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆုများ ရရှိခဲ့သည်။ ယခုနှစ်အော်စာဆုပေးပွဲ၏ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ကို Silver Linings Playbook ဇာတ်ကားဖြင့် ဂျင်နီဖာလောရင့်စ်ကလည်းကောင်း၊အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အမျိုးသမီးဆုကို အန်းဟတ်သဝေးက Les Miserables ဇာတ်ကားဖြင့်လည်းကောင်း ရရှိခဲ့သည်။ (၈၅)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ရရှိခဲ့သော ဆုများ၏ စာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။ အကောင်းဆုံးဇာတ်ကားဆု - "Argo" ၂။ အကောင်းဆုံး ဒါရိုက်တာဆု - အန်းလီ - "Life of Pi" ၃။ အကောင်းဆုံး သရုပ်ဆောင် (မင်းသား)ဆု - ဒင်နီယယ်ဒေးလူးဝစ် "Lincoln" ၄။ အကောင်းဆုံး သရုပ်ဆောင် (မင်းသမီး)ဆု - ဂျင်နီဖာလောရင့်စ် "Silver Linings Playbook" ၅။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် (အမျိုးသား)ဆု - ခရစ်စတော့်ဖ်ဝေါ့ဇ် "Django Unchained" ၆။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် (အမျိုးသမီး)ဆု - အန်းဟတ်သဝေး "Les Miserables" ၇။ အကောင်းဆုံး မူရင်းဇာတ်လမ်းဆု - ကွင်တင်တာရန်တီနို "Django Unchained" ၈။ အကောင်းဆုံး မှီငြမ်းဇာတ်လမ်းဆု - ခရစ်တာရီယို "Argo" ၉။ အကောင်းဆုံး အန်နီမေးရှင်းဇာတ်လမ်း- "Brave" ၁၀။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် - "Amour" ၁၁။ အကောင်းဆုံး ဇာတ်လမ်းမှတ်တမ်းရုပ်ရှင် - "Searching for Sugar Man" ၁၂။ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ကားတို - "Innocente" ၁၃။ အကောင်းဆုံး တိုက်ရိုက်ရုပ်ရှင် ဇာတ်လမ်းတို - "Curfew" ၁၄။ အကောင်းဆုံး အန်နီမေးရှင်း ရုပ်ရှင်ကားတို - "Paperman" ၁၅။ အကောင်းဆုံး မူရင်းဇာတ်ညွှန်း - မိုင်ကယ်ဒန်နာ "Life of Pi" ၁၆။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ဝင်သီချင်း - အဒဲလ် "Skyfall" ၁၇။ အကောင်းဆုံး အသံတည်းဖြတ်ဆု - "Zero Dark Thirty (2012)" နှင့် "Skyfall" ၁၈။ အကောင်းဆုံး အသံရောစပ်မှု - "Les Miserables" ၁၉။ အကောင်းဆုံး ထုတ်လုပ်မှုဒီဇိုင်းဆု - "Lincoln" ၂၀။ အကောင်းဆုံး ရိုက်ညွှန်းဆု - "Life of Pi" ၂၁။ အကောင်းဆုံး မိတ်ကပ်နှင့်ဆံပင် ပြင်ဆင်မှုဆု - "Les Miserables" ၂၂။ အကောင်းဆုံး အဝတ်အစားဒီဇိုင်းဆု - "Anna Karenina" ၂၃။ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု - "Argo" ၂၄။ အကောင်းဆုံး အမြင်ဆိုင်ရာ အထူးပြုလုပ်ချက်ဆု - "Life of Pi" CNN/Eonline/ABC
မှ 7Day News Journal
အော်စကာဆုပေးပွဲ (7 photos)

ခရစ္စတန်အား မီဒီယာများ၏ ဝေဖန်မှုကို အမ်မာ ဝပ်ဆန် တုံ့ပြန်ပြင်တင်

Monday, February 11, 2013

ခရစ္စတန် စတီးဝပ်နှင့် ပတ်သက်၍ မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်
ဖော်ပြနေမှုများကို အမ်မာ ဝပ်ဆန်က တုံ့ပြန် ပြစ်တင်လိုက်သည်။ Harry Potter ဇာတ်ဆောင် မင်းသမီး အမ်မာက မီဒီယာများသည် ခရစ္စတန်၏ အနုပညာ ဘဝကို သုံးမရအောင် အစိတ်စိတ် အမြွှာမြွှာ စုတ်ဖြဲလိုစိတ်ဖြင့် တမင်တကာ ကြံဆောင်နေကြောင်း ပြောကြားခဲ့သည်။

ခရစ္စတန်သည် ချစ်သူ Twilight ဇာတ်ကား တွဲဖက် သရုပ်ဆောင် ရောဘတ် ပက်တင်ဆန်ကို သစ္စာဖောက်သည့် လုပ်ရပ် ပေါ်ပေါက်လာသည့်နောက် ယမန်နှစ် ကတည်းက မီဒီယာများ၏ ပစ်မှတ်ထား ဝေဖန် လှောင်ပြောင်ခြင်း
များကို ခံလာရသည်။

Planet Myanmar Network

မလေးရှား ကြယ်ပွင့် မီချဲလ်ယို ''Crouching Tiger, Hidden Dragon" ရုပ်ရှင်၏ နောက်ဆက်တွဲ ဇာတ်လမ်း၌ ပါဝင် သရုပ်ဆောင်မည်

မလေးရှား နိုင်ငံ၏ စူပါစတား မင်းသမီးချော မီချဲလ်ယိုသည် ၂ဝဝ၁ ခုနှစ် အတွင်းက နာမည်ကျော် လူကြိုက် များခဲ့သည့် 'Crouching Tiger, Hidden Dragon" ရုပ်ရှင်၏ နောက်ဆက်တွဲ ဇာတ်လမ်း၌ ပြန်လည် ပါဝင် သရုပ်ဆောင်

သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က အတည်ပြု ပြောကြား ခဲ့သည်။

အသက် ၄၆နှစ် အရွယ်ရှိ စူပါစတား မင်းသမီးချောသည် ယင်းဇာတ် ကားတွင် ပါဝင် သရုပ်ဆောင် သွားမည်ဟု ပေကျင်းမြို့တွင် ကျင်းပသော ကြော်ငြာပြပွဲ တစ်ခု၌ ပြောကြား ခဲ့ခြင်း ဖြစ်ပြီး ၄င်းဇာတ်ကားနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များအား ပြောကြား ခဲ့ခြင်း မရှိကြောင်း ဟောင်ကောင် သတင်းဌာန တစ်ခုက ထုတ်ပြန် ခဲ့သည်။

၎င်းနောက်ဆက်တွဲ ရုပ်ရှင် ဇာတ်လမ်းအား မူလ ရိုက်ကူးခဲ့သော ဒါရိုက်တာ လီဘန်းက ရိုက်ကူးမည် မဟုတ်ဘဲ ဟောင်ကောင် ဒါရိုက်တာ တစ်ဦးဖြစ်သူ ယိုနီယူက ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။

'Crouching Tiger, Hidden Dragon" ဇာတ်ကားအား တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး စာရေးဆရာ ဝန်တူ လူ၏ စတုတ္ထမြောက် စာအုပ်ဖြစ်သော ''Crane-Iron" စာအုပ်အား အခြေခံ၍ ရိုက်ကူး ထားခြင်းဖြစ်ပြီး ၄င်းဇာတ်ကားတွင် မင်းသမီးယိုနှင့် အတူ တရုတ် မင်းသမီး ကျန်းကျိယီနှင့် ဟောင်ကောင် မင်းသားချောင်ယွန်ဖတ် တို့က အဓိက သရုပ်ဆောင် အဖြစ် ပါဝင် သရုပ်ဆောင် ထားသည်။ ယခု ဆက်လက် ရိုက်ကူးမည့် ဇာတ်လမ်းတွဲ သစ်အား မေလအတွင်း စတင် ရိုက်ကူးသွားမည် ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်၌ အပြီးသတ် ရိုက်ကူး နိုင်မည်ဟု မျှော်မှန်း ထားခဲ့ကြောင်းသိရသည်။

From : မြ၀တီ

http://www.myawady.net.mm/arts/artcorner/item/6012-2013-02-03-09-01-26#.UQ3q2fJafro
ဆင်ဆာလွတ်လပ်ခွင့်ကို တန်ဖိုးထားတယ် ဆိုရင်တော့ တန်ဖိုးရှိရှိ အသုံးချဖို့လိုတယ် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

လူတစ်ဦးရဲ့ အတွေး၊အခေါ် ထင်မြင်ယူဆချက်တွေ အပေါ်မှာ အလေးအနက်ထားပြီး နားထောင်တတ်ဖို့လည်း လိုအပ်ပါတယ်။  အထူးသဖြင့် ပြည်သူကို ချစ်ကြတဲ့ အနုပညာရှင်တွေနဲ့၊ အနုပညာရှင်တွေကို ချစ်ကြတဲ့ပြည်သူတွေရဲ့ ကြားမှာ အပြန်အလှန် ပေးချင်တဲ့ Message တွေ ရှိကြမှာ မလွဲပါဘူး။ မီဒီယာတွေရဲ့ ထုံးစံအတိုင်းပဲ ဘယ်လိုအကြောင်းအရာတွေကို ပရိသတ်တွေသိအောင် ပြောကြားချင်လဲလို့ အနုပညာရှင်တွေကို မေးမြန်းကြည့်တဲ့အခါ . . . သူတို့က ဒီလို ပြောကြားခဲ့ ပြန်ပါတယ် . ..

Photo

အခုဆိုရင် ဆင်ဆာတွေလည်း သင့်တင့်တဲ့ လွတ်လပ်ခွင့်တွေ ပေးလိုက်ပြီ။ အဲဒီလို ပေးလိုက်တဲ့အချိန်မှာ အနုပညာရှင်တွေဘက်က ဘာတွေရိုက်ကြမလဲဆိုတာ အရမ်းစကားပြောလာပြီ။ ပရိသတ်ဘက်ကလည်း ဆင်ဆာတွေက ခွင့်ပြုလိုက်ပြီဆိုတော့ မျှော်လင့်လာကြပြီ။ အဲဒီလို မျှော်လင့်လာကြတဲ့ အချိန်မှာ ခါတိုင်းလိုပဲ ချစ်ကြိုက်ညားကွဲတွေကို ရိုက်နေလို့ အလကားပဲ။ အနုပညာရှင်တွေကလည်း ချပေးလိုက်တဲ့ လုပ်ပိုင်ခွင့်နဲ့ တန်ရာတန်ရာလေးကို လုပ်ပြရမယ်။ အဲဒီလိုလုပ်ပြကြတဲ့ အခါမှာ တချို့က ထူးထူးခြားခြား ဖြစ်ချင်တယ်။ ထူးထူးခြားခြား ဖြစ်ချင်တာ အနုပညာရှင်ရဲ့ သဘာဝလေ။ ကောင်းသော ထူးထူးခြားခြား ဖြစ်စေချင်တယ်။ တချို့ကျတော့လည်း အဖော်အချွတ်တွေနဲ့ ကလေးတွေကြည့်လို့ မသင့်တော်တဲ့ဟာမျိုးတွေ ရိုက်ပြတာမျိုးတွေပေါ့။ အဲဒီလိုမျိုးတွေ ဆိုရင်တော့ လောလောဆယ် ကိုယ့်အနုပညာရှင် အချင်းချင်း ပြန်ထိန်းသင့်တယ်။
 
ဒါတင်မကဘူး တစ်ခါတလေ ပရိသတ် လက်မခံနိုင်တဲ့ အနိဋ္ဌာရုံဆန်တဲ့ ဟာမျိုးတွေကို တချို့ အချစ်ကို အကြောင်းပြုပြီး Sexy ဖြစ်အောင် ရိုက်ပြထားတဲ့ ကားမျိုးတွေ အဲတာမျိုးတွေကို ကိုယ့်ဘာသာကိုယ် ဆင်ခြင်သင့်တယ်။ မဆင်ခြင်ရင် ရထားတဲ့ဟာက ဒီလိုဟာမျိုးတွေရှိလို့ ကျွန်တော်တို့က ဒီလိုပိတ်ထားတာပါဆိုပြီး ပြန်ယူသွားမယ်ဆိုရင် ကြိုးစားပြီး ယူထားတဲ့ဟာတွေက အလကား ဖြစ်သွားလိမ့်မယ်။ ဆင်ဆာလွတ်လပ်ခွင့်တွေကို တန်ဖိုးထားတယ် ဆိုရင်တော့ တန်ဖိုးရှိရှိ အသုံးချဖို့လိုတယ်။ အခု ဦးမျိုး ဇာတ်ကား “နှောင်းချစ်ဝေ့လယ်” ကို ကိုယ်ဘာသာကိုယ် တိုက်တွန်းချက် ဆိုပြီးတော့ အသက် (၁၅) နှစ်အောက် လူငယ်များ မကြည့်ရ မကြည့်သင့်၊ ဆေးပညာပေး ဇာတ်ကားဖြစ်သည်လို့ရေးဖို့ စိတ်ကူးထားတယ်။ ဒီဇာတ်ကားမှာ ညစ်ညစ်ညမ်းညမ်းတွေ မပါဘူး။ ဒီဘက်ခေတ်မှာ ကြီးတဲ့လူတွေ အနေနဲ့ မသိမဖြစ် သိသင့်တာတွေပါတယ်။ ငယ်တဲ့လူတွေအနေနဲ့ မသိသင့်သေးတာတွေလည်း ဒီဇာတ်ကားထဲမှာ ပါတယ်။ ဆင်ဆာတွေလည်း လွတ်လာပြီဆိုရင် သတိပေး တားမြစ်ချက်တွေ၊ သတ်မှတ်ချက်တွေ ထည့်သင့်ပါတယ်။ အဲဒီလို အရာမျိုးတွေလည်း ရှိရမယ်လေ။ အခု အဲတာတွေမရှိတော့ ကိုယ့်ဘာသာကိုယ် သတ်မှတ် ပေးလိုက်တယ်။
မင်းသမီးများ၏ ဝတ်စားဆင်ယင်မှုတွင် မြန်မာဆိုတာ သိရန် လိုအပ်ကြောင်း မေသဉ္ဇာဦးဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅။

ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ပြီး၊ မြန်မာဆန်ဆန် ဝတ်စား
ဆင်ယင်တတ်သူတစ်ဦး ဖြစ်သည့် အကယ်ဒမီ မေသဉ္ဇာဦး သည် အနုပညာ
ရှင်အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး မိမိတို့သည်
မြန်မာမိန်းအမျိုးသမီးများဖြစ်သည်ကိုသတိထားရန်လိုအပ်ကြောင်း
မြန်မာ့ခေတ်သို့ ပြောကြားခဲ့သည်။

"ဝတ်စားဆင်ယင်မှုကတော့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းမှပဲလေ။ သူတို့ လွှတ်
ပေးတိုင်း ကိုယ်လွတ်သွားလို့ မရဘူး။ ကိုယ်က မြန်မာ မိန်းကလေးဆိုတာ
သိဖို့ရယ်၊ ကိုယ်က အနုပညာသမား တစ်ယောက်ဆိုတာ အားလုံးရဲ့ စံပြ
ဆိုတာကို ခေါင်းထဲမှာ ထည့်ထားရင်ပဲ မဆိုးပါဘူး။ အပြင်သွားလို့ ဝတ်လည်း
အားလုံးလွတ်လွတ်လပ်လပ်ပဲ ဝတ်ကြတာပါပဲ။ ဒါပေမယ့် သူများတွေက
ကိုယ့်ကို စံအနေနဲ့ ကိုယ့်ကို ထားထားပြီး ကြည့်ကြတာဆိုတော့ အနုပညာ
သမားတွေ အနေနဲ့ ကိုယ်က ဂရုစိုက်ပေးသင့်တာပေါ့' ဟု မေသဉ္ဇာဦးက
ပြောကြားသည်။

လက်ရှိအနုပညာလောကနှင့် ပတ်သက်၍ "ပြောင်းလဲနေတဲ့ အချိန်ဆိုတော့
အားလုံးမှာ အခက်ခဲရှိကြမှာပဲ။ ဒါကို အားမလျော့ပဲနဲ့ ဇွဲရှိရှိ ဆက်သွားကြဖို့
လိုတာပေါ့'ဟု ၄င်း၏ အမြင်ကို ပြောကြားသည်။

အိအိ

မှ The Myanma Age

အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
Photo From:
ပြည်သူတွေရဲ့ခံစားချက်တွေကို ရုပ်ရှင်ရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရသေး

January 22, 2013 Home, သတင်း

နာရေးကူညီမှုအသင်းမှ ဦးကျော်သူက အသင်းအဖွဲ့များ ကိုယ်စားနှင့်ပြည်သူများ၏ရင်ထဲ တွင်ရှိနေသော ခံစားချက်များအား ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ဖန်တီးရိုက်ကူးချင်ပေမယ့်လည်း ရိုက်ကူးခွင့်မရရှိသေးသည့်အတွက် ရုပ်ရှင်ပြန်လည်ရိုက်ကူးရန် သေ ချာမှုမရှိသေးကြောင်း ဦးကျော်သူ ကပြောသည်။
““ရုပ်ရှင်ကပြန်မရိုက်တော့ ပါဘူး။ရိုက်ခွင့်ကသေမှမသေချာ တာ။တကယ်လို့ရိုက်ပြီးတော့မှ ခွင့်မပြုဘူးဆိုရင် ဘယ်လိုလုပ်မလဲ ရိုက်ခွင့်ပေးတယ်လို့ စာရရင် လူမှု ရေးကားတစ်ကားရိုက်ဖို့စီစဉ်ထား တယ်။ အလှူရှင်ရဲ့ဆန္ဒနဲ့အဲလို ရိုက်ကူးတဲ့နေရာမှာလည်း မြန်မာ ပြည်တစ်ပြည်လုံးမှာရှိနေတဲ့ အသင်းအဖွဲ့များကိုယ်စား မြန်မာ တစ်ပြည်လုံးမှာရှိနေတဲ့ ပြည်သူ တွေရဲ့ရင်ထဲက ခံစားချက်တွေကို ရိုက်ကူးပေးမှာပါ။ကျွန်တော့် အသင်းအတွက်ရိုက်ပေးမှာမဟုတ် ပါဘူး။ကျွန်တော်ဒီလိုပြန်ရိုက်တယ် ဆိုတာကလည်း ကိုယ်အတ္တအနု ပညာအတွက် ရိုက်တာမဟုတ်ပဲနဲ့ ပရိတ်သတ်အတွက်အနုပညာ အတွက် ရိုက်ကူးချင်တာပါ””ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရိုက်ကူးချင်ပေ မယ့်လည်း ရိုက်ကူးခွင့်ရရှိရန် အတွက် မည်ကဲ့သို့အချိန်ကြာမြင့် မည်ကို မသိရှိရသေးကြောင်း ရိုက်ခွင့်ရရှိပါကလည်း မေတ္တာ ဖြင့်ကူညီမည့် ရုပ်ရှင်သရုပ်ဆောင် များကိုသာ ခေါ်ယူသရုပ်ဆောင် စေမည်ဖြစ်ကြောင်းသိရှိရသည်။

The Hot News

 ဖြိုးအောင်

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
 ဒေါ်ခင်သူဇာ (အကယ်ဒမီ စိုးသူရဲ့ မိခင်) ကွယ်လွန်ပြီ

ဇန်န၀ါရီ၁၆ရက်နေ့ က ကွယ်လွန်သွားသော ဒေါ်ခင်သူဇာ (အကယ်ဒမီ စိုးသူရဲ့ မိခင်) အသက်၇၂နှစ် ကို ဇန်န၀ါရီ၂၀ရက်နေ့ မနက်၁၁နာရီတွင် ရေဝေးသုသန်သို့ ပို့ ဆောင်ဂူသွင်းသဂြိဟ်ခဲ့သည်၊သတင်း-ခိုင်ဝေလွင်၊ဓါတ်ပုံ -အောင်ဇော်မင်း
ဇာတ်ကားသစ် ရိုက်ကူးတော့မည့် အန်းဟတ်သာဝေး

မကြာသေးမီက ကျင်းပခဲ့သော Golden Globe Awards ဆုပေးပွဲတွင် Les Miserables ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သူ အန်းဟတ်သာဝေးသည် ဝီလျံ ရှိတ်စပီးယား ရေးသားသော Taming of the Shrew ပြဇာတ်ကိုရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းမည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဇာတ်ကားတွင် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည့် "The Iron Lady" နှင့် "Shame" ဇာတ်ကားတို့တွင် ဇာတ်ညွှန်း ရေးခဲ့သော အဘီ မော်ဂန်ကပင် ဇာတ်ညွှန်း ရေးဖွဲ့သွား မည် ဖြစ်သည်။

၎င်းဇာတ်ကားကို ဒီဘရာ ဟေးဝက်ဒ်နှင့် Working Title ထုတ်လုပ်ရေး ကုမ္ပဏီ နှစ်ခုက ပူးပေါင်း၍ ထုတ်လုပ် သွားမည်ဟု အနုပညာ အသိုင်းအဝိုင်းမှ လူ တစ်ဦးက The Wrap သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ဟတ်သာဝေးသည် Les Misera- bles နှင့် The Dark Knight Ri ဇာတ်ကားတို့တွင် ပါဝင် သရုပ်ဆောင်ပြီး ကတည်းက နောက်ထပ်ဇာတ်ကား ရိုက်ကူးခြင်း မရှိကြောင်းနှင့် Rio 2 ကာတွန်းကားတွင် အသံဖြင့် သရုပ် ဆောင်သွားရန် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/arts/artcorner/item/4497-2013-01-16-09-38-16#.UPbE2u72ur0

GOLDEN GLOBE AWARDS ဆုပေးပွဲ အခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက် ညတွင် ကျင်းပခဲ့သော ကမ္ဘာကျော် သရုပ်ဆောင်များ၏ "GOLDEN GLOBE AWARDS" ဆုပေးပွဲ အခမ်းအနား၌ ဆုရရှိ ခဲ့သော စာရင်းများမှာ
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - "Silver Linings Playbook"ဇာတ်ကားမှ ဂျနီဖာလောရန့်စ်

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - "Django Unchained" ဇာတ်ကားမှ ခရစ်တိုဖာဝဲလ်ဇ်

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - "Les Miserables" ဇာတ်ကားမှ အန်းဟတ်သာဝေး

အကောင်းဆုံး ရုပ်ရှင် ဇာတ်ညွှန်းဆု - "Django Unchained" ဇာတ်ကားဖြင့် ကွင်တင်တာရန်တီနို

အကောင်းဆုံး ကာတွန်းရုပ်ရှင် ဇာတ်ကားဆု - "Brave" ဇာတ်ကား

နိုင်ငံခြား စာတန်းထိုး အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား - "Amour" ဇာတ်ကား

အကောင်းဆုံး ဇာတ်ဝင်တေးသွား - "Life of Pi" ဇာတ်ကားမှ ဇာတ်ဝင်တေးသွား

အကောင်းဆုံး ဇာတ်ဝင်တေး - "Sky Fall" ဇာတ်ကားမှ အဒဲလ်(အပေါ်ပုံ)၏ Sky Fall ဇာတ်ဝင်တေးတို့ ဖြစ်ကြ သည်။

http://www.myawady.com.mm/arts/artcorner/item/4430-2013-01-15-10-31-09#.UPa82u72ur0

ဆက်ဆံရေး အက်ကြောင်းပြန်ပေါ်လာသည့် Twilight စုံတွဲ

Friday, 11 January 2013

ရောဘတ် ပက်တင်ဆန်နှင့် ခရစ္စတန် စတီးဝပ်တို့၏ ဆက်ဆံရေးသည် တင်းတင်းမာမာ အခြေအနေမျိုးတွင် ရှိနေကြောင်း သိရှိရသည်။

Twilight ဇာတ်လမ်းတွဲများ ရိုက်ကူးရင်း ချစ်ကြိုက်ခဲ့သော ဟောလီးဝုဒ် ကြယ်ပွင့် နှစ်ဦးသည် ခရစ္စတန်၏ ဇာတ်ရှုပ်မှုကြောင့် ယာယီ လမ်းခွဲ

ဖြစ်ခဲ့သေးသည်။

ပြီးခဲ့သည့် နှစ်အတွင်းက ခရစ္စတန်သည် Snow White and Huntsman ဇာတ်ကားမှ ဒါရိုက်တာ ရူးပတ်ဆန်းဒါးစ်နှင့် အတန်ငယ် ငြိစွန်းခဲ့သည်။

အိမ်ထောင်သည် တစ်ဦးဖြစ်သော ရူးပတ်နှင့် ခရစ္စတန်တို့၏ ကိစ္စ လူသိရှင်ကြား ဖြစ်ခဲ့သည့်နောက် ရောဘတ်က သီးခြား နေထိုင်ခဲ့

သော်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ပြန်တွဲဖြစ်ခဲ့သည်။

သို့သော်လည်း လက်ရှိ အခြေအနေတွင်မူ အဆိုပါ စုံတွဲ၏ ဆက်ဆံရေးသည်

အေးခဲ တင်းမာမှု ကြီးမားနေရာ မိတ်ဆွေများက စိုးရိမ်နေကြောင်း သိရှိရသည်။

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးက ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိ

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်တာနဲ့ ပတ်သက်ပြီး လမ်းညွှန်တာ၊ ကြီးကြပ်တာ၊

ဆွေးနွေးညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ ၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တယ်လို့ သိရပါတယ်။

‘အခုလို ထုတ်ပြန်တာက ဒီနှစ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်ထူးချွန်ဆုတွေကို ရုပ်ရှင်လောကနဲ့ ပရိသတ်တွေက စိတ်တိုင်းမကျခဲ့ကြဘူး၊ အဲဒီဆုတွေကို အစည်းအရုံးက ရွေးတာမဟုတ်ပါဘူး၊ အစည်းအရုံးက လမ်းညွှန်တာလဲ မဟုတ်ဘူးဆိုတာကို သိအောင် ထုတ်ပြန် ကြေညာလိုက်တာ’ လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်တဲ့ အခါမှာလည်း စိစစ်အကဲဖြတ်ရေး အဆင့်သုံးဆင့်ကို အဖွဲ့သုံးဖွဲ့နဲ့ ရွေးချယ်ခဲ့ပါတယ်။

အခုနှစ်မှာတော့ အဲသည် အဖွဲ့သုံးဖွဲ့မှာ ရုပ်ရှင်အတတ်ပညာရှင် ၂၄ ဦးကို ထပ်မံ ထည့်သွင်းပြီး ဆုတွေရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဲသည် အတတ်ပညာရှင် ၂၄ ဦးကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရွေးချယ်တင်သွင်းခဲ့တာ မဟုတ်ဘဲ ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့တဲ့ အမည်စာရင်းအရ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ယူ ချီးမြှင့်မှာဖြစ်ပြီး ၂၀၁၃ အတွက်ကိုတော့ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်မှာဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

International Social Network Myanmar