ဇာတ်ကားသစ် ရိုက်ကူးတော့မည့် အန်းဟတ်သာဝေး

မကြာသေးမီက ကျင်းပခဲ့သော Golden Globe Awards ဆုပေးပွဲတွင် Les Miserables ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့သူ အန်းဟတ်သာဝေးသည် ဝီလျံ ရှိတ်စပီးယား ရေးသားသော Taming of the Shrew ပြဇာတ်ကိုရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းမည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဇာတ်ကားတွင် ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည့် "The Iron Lady" နှင့် "Shame" ဇာတ်ကားတို့တွင် ဇာတ်ညွှန်း ရေးခဲ့သော အဘီ မော်ဂန်ကပင် ဇာတ်ညွှန်း ရေးဖွဲ့သွား မည် ဖြစ်သည်။

၎င်းဇာတ်ကားကို ဒီဘရာ ဟေးဝက်ဒ်နှင့် Working Title ထုတ်လုပ်ရေး ကုမ္ပဏီ နှစ်ခုက ပူးပေါင်း၍ ထုတ်လုပ် သွားမည်ဟု အနုပညာ အသိုင်းအဝိုင်းမှ လူ တစ်ဦးက The Wrap သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ဟတ်သာဝေးသည် Les Misera- bles နှင့် The Dark Knight Ri ဇာတ်ကားတို့တွင် ပါဝင် သရုပ်ဆောင်ပြီး ကတည်းက နောက်ထပ်ဇာတ်ကား ရိုက်ကူးခြင်း မရှိကြောင်းနှင့် Rio 2 ကာတွန်းကားတွင် အသံဖြင့် သရုပ် ဆောင်သွားရန် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/arts/artcorner/item/4497-2013-01-16-09-38-16#.UPbE2u72ur0

SHARE THIS
Previous Post
Next Post