Showing posts with label အားကစား. Show all posts
Showing posts with label အားကစား. Show all posts
လီဝန်ဒေါစကီးကို လစာပေါင် ၃သန်း တိုးပေးလိုက်ပြီ

လီဝန်ဒေါစကီးကို လစာပေါင် ၃သန်း တိုးပေးလိုက်ပြီ

ဘိုင်ယန်ကို ပြောင်းချင်ပေမယ့် ဒေါ့မွန်က ခွင့်မပြုလို့ မကျေမနပ်ဖြစ်ခဲ့ရတဲ့ တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ အခုအခါမှာတော့လစာငွေ ပေါင် ၃သန်း ပို
ရတော့မှာဖြစ်ပါတယ်။ ဒေါ့မွန်နဲ့ လီဝန်ဒေါစကီးတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လီဝန်ဒေါစကီးက စာချုပ်သက်တမ်း
တိုးမှာ မဟုတ်ဘူးလို့ဆိုထားပါတယ်။လီဝန်ဒေါစကီးဟာ ဒေါ့မွန်မှာ တစ်နှစ်လုပ်ခ ပေါင် ၁.၃သန်းပဲ ရခဲ့ပေမယ့် မနှစ်တုန်းက ခြေစွမ်းပြနိုင်ခဲ့တာ
ကြောင့်ဒေါ့မွန်က ပေါင် ၄.၃သန်းထိ တိုးပေးခဲ့ပြီး ဒီနောက်မှာတော့ ဒေါ့မွန်မှာ တစ်ရာသီထက် ပိုကစားဖွယ်ရှိတယ်လို့ လီဝန်ဒေါစကီးက ဆိုလာပါတယ်။

“အသင်းပြောင်းခွင့်ရမယ်လို့ ထင်ခဲ့ပြီးမှ အသင်းမပြောင်းနိုင်ခဲ့တာကို စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ အဆင်မပြေတာတွေကို ဘေးချိတ်ထား လိုက်ရုံပါပဲ။ ဒီလို အခြေအနေမျိုးဆိုရင် အသင်းမှာ တစ်ရာသီထက် ပိုကစားဖို့ ရှိပါတယ်”ဟု လီဝန်ဒေါစကီးက ဆိုခဲ့တာပါပဲ။
http://yoyarlay.com/sport/football/
37339-2013-08-21-17-19-35
ဇော်ထွန်း(ရိုးရာလေး)

Published with Blogger-droid v2.0.10
အသင်းပြောင်းရန် ကြိုးပမ်းခြင်းကြောင့် ဆွာ
ရက်ဇ် ပြန်တောင်းပန်ရမည်

အသင်းပြောင်းရန် ကြိုးပမ်းခြင်းကြောင့် ဆွာ ရက်ဇ် ပြန်တောင်းပန်ရမည်

Monday, August 12, 2013
ဆွာရက်ဇ်အနေဖြင့်လီဗာပူးအသင်းနှင့်အသင်းဖော်များအပေါ်ပြန်လည်တောင်းပန်ရ
မည်ဟု နည်းပြ ရော့ဒ်ဂျာက သတိပေးခဲ့သည်။ ဆွာရက်ဇ်မှာလီဗာပူးမှ
ထွက်ခွာလိုကြောင်း ၀န်ခံခဲ့သူဖြစ်ပြီး အဆိုပါ
လုပ်ရပ်မှာအသင်းနှင့်အသင်းဖော်များအ
ပေါ်မလေးစားရာ ရောက်သည့်
အတွက်တောင်းပန်ရမည်ဟုရော့ဒ်ဂျာက
ပြောခဲ့ခြင်းဖြစ်သည်။

ရော့ဒ်ဂျာက“ဒီအသင်းနဲ့ကစားသမားတွေကို
ဒီလိုမပြုမူသင့်ပါဘူး။ ဒါကြောင့် ဆွာရက်ဇ်အနေနဲ့ပြန်တောင်းပန်ရပါလိမ့်မယ်။ သူ့ဟာ ရင်ထဲက လာတဲ့ခံစားချက် အစစ်အမှန်နဲ့ ပရိသတ်တွေကို ပြန်တောင်းပန်လိမ့်မယ်လို့ ကျွန်တော်
သေချာပေါက် ပြောရဲပါတယ်”ဟု ဆိုထားသည်။

သို့သော် ရော့ဒ်ဂျာ ပြောသကဲ့သို့ တောင်းပန်မည်မဟုတ်ကြောင်း ဆွာရက်ဇ်က နာရီပိုင်းအ
တွင်းပြန်တုံ့ပြန်ခဲ့သည်ဟုမီဒီယာများကဖော်ပြထားပြီး အသင်းပြောင်းခွင့်ရရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု သိရသည်။
http://yoyarlay.com/sport/football/
37093-2013-08-11-17-34-16
ဇော်ထွန်း(ရိုးရာလေး)

Published with Blogger-droid v2.0.10