Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Metabolic management tea
(အဆီချလက်ဖက်ခြောက်)
Metabolic management tea (အဆီချလက်ဖက်ခြောက်)
Tiens  အဆီချ လက်ဖက်ခြောက်တွင် လက်ဖက်စိမ်း၊ gynostemma ဆေးပင်၊ ကြာရွက်၊sicklesenna အစေ့နှင့်panax (ဂျင်းစင်း)၏အမြစ်စသောသဘာဝဆေးဖက်
ဝင်အပင်များပါဝင်သည်။
Tiensအဆီချလက်ဖက်ခြောက်သည်သွေးရည်ကြည်ထဲမှကိုလက်စထရောနှင့်ထရွိုင်ဂလစ်ဓါတ်များကို နည်းပါးစေနိုင်ပြီး ခန္ဓာကိုယ်ကို အကျိုးပြုသော လစ်ပိုပရိုတိန်း
ဓါတ်သိပ်သည်းဆကိုတိုးမြှင့်စေသဖြင့်နှလုံး
သွေးကြောအဖွဲ့အစည်းကိုသန့်စင်ပေးနှိင်
သည်။
Tiens အဆီချလက်ဖက်ခြေက်ကို ပုံမှန်သုံးစွဲပါကသွေးတွင်းမကောင်းသောအဆီဓါတ်ကိုလျော့နည်းစေပြီးသွေးလည်ပတ်မှုအားကိုကောင်းစေသည်။သွေးကြောမကြီးမာ၍
ကျဉ်းသောပမာဏကိုနည်းပါးလာစေပြီး
နှလုံးသွေးကြောနှင့်ဦးနှောက်သွေးကြောဆိုင်ရာရောဂါများမဖြစ်ပွားအောင်တားဆီးပေးသည်။အပူကိုချေဖျက်ပေးကာဝမ်းမီးငြိမ်းစေသည်။
မျက်စိကိုကြည်လင်စေပြီးအစာကြေကာဆီးရွှင်စေရုံမျှမကအဆိပ်ပြေစေခြင်း၊အသည်းကိုသန့်စင်စေခြင်း၊အူများ၏လုပ်ဆောင်ချက်ကိုပုံမှန်ဖြစ်စေခြင်းနှင့်ဝမ်းမှန်စေသည်။သရက်ရွက်နှင့်အစာအိမ်ကိုသန်စွမ်းစေသည်။ထိုပြင်အချိန်စော၍ဆံပင်ဖြူခြင်းကိုတားဆီးပေးပြီးသွားများခိုင်မာစေသည်။အောက်ဆီဂျင်ဓါတ်ပြုမှုကို ခုခံပေးပြီး အိုမင်းရင့်ရော်မှုကိုဖြစ်စေသည့် ဖရီးရယ်ဒီကယ်များကိုချေဖျက်ပေးသည်။ခန္ဓာ
ကိုယ်အားအင်ပြည့်ဝစေကာပေါ့ပါးလန်းဆန်းစေပြီးအရွယ်တင်နုပျိုစေခြင်းတို့ခံစားရရှိနိုင်ပါသည်။
သုံးစွဲသင့်သူများ
---------------
သွေးတွင်းအဆီဓာတ်များနေသူများ၊နှလုံးနှင့်ဦးနှောက်သွေးကြောရောဂါဝေဒနာရှင်များ၊ကိုယ်တွင်းအပူမိလွယ်သူများ၊အရေပြားအ
ရောင်ဖျော့တော့ခြောက်သွေ့ ပြီး
မျက်နှာတွင်အစက်အပြောက်ရှိသူများ၊အသက်(၄၀)နှင့်အထက်ရှိသူများနှင့်မျက်နှာအသားအရေတွင်အရေးအကြောင်းရှိနေသူများ၊အလုပ်တွင်စိတ်ဖိအားမှုများပြီးပင်ပန်းနွမ်းနယ်မှုခံစားနေရသူများ၊ဝမ်းမကောင်းသူများ။
သုံးစွဲရန်အညွှန်း
-----------------
တနေ့(၂)ကြိမ်မှ(၃)ကြိမ်၊တစ်ကြိမ်လျှင်(၁)ထုပ်မှ(၂)ထုပ်၊လက်ဖက်ခြောက်ထုပ်ကိုရေနွေးဆူဆူတွင်(၁၀)မိနစ်ခန့် စိမ်ပြီးသောက်သုံးရန်၊
တစ်ခါဖျော်ပြီးအထုပ်ကိုပြန်၍ရေနွေးစိမ်ပြီးထပ်မံသောက်သုံးနိုင်သည်။
ဤ ဆေးအား အမြို့ မြို့ ၊ အနယ်နယ်ရှိ ဆေးဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပြီး
မင်းပြားတွင် ဝယ်ယူလိုပါက - လပြည့်ဝန်း
- စတိုး ၊ ကမ်းနားလမ်း ၊ မင်းပြား ၊ ဖုန်း -
၀၉၄၂၁၇၁၂၉၇၃ တွင် ဝယ်ယူရရှိနိုင်ပြီ
ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
မိုးစက်
(လေးမြို့ သတင်းမီဒီယာ)
တရုတ် နိုင်ငံတွင်H7N9ကြက်ငှက်တုပ်ကွေး
ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမြင့်တက်
တရုတ် နိုင်ငံတွင်H7N9ကြက်ငှက်တုပ်ကွေး ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမြင့်တက်
တရုတ် နိုင်ငံတွင်H7N9ကြက်ငှက်တုပ်ကွေး
ရောဂါပိုး ကူးစက် ခံရမှုကြောင့် အသက် ၆၁ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦး ထပ်မံသေဆုံး ခဲ့ပြီးနောက် အဆိုပါ
ရောဂါကူးစက် ခံရမှုကြောင့် သေဆုံးသူ ဦးရေမှာ ၄၅ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်းပေကျင်းမြို့ရှိ ဆေးရုံ တစ်ခုမှ ပြောကြားခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်တွင် သြဂုတ်၁၃ ရက်က
ဖော်ပြထားသည်။
အဆိုပါ အမျိုးသမီးကြီးသည် အဖျားရောဂါ ခံစား ရပြီးနောက် ဟေဘေး ပြည် နယ်ရှိ ဆေးရုံတစ်ရုံတွင် ဇူလိုင် ၂၀ ရက်က စမ်းသပ်ခဲ့ရာ ရောဂါပိုး လက္ခဏာ တွေ့ရှိ ခဲ့သဖြင့် ဆေးဝါး ကုသရန် ပေ ကျင်းမြို့ရှိ Chaoyang ဆေးရုံသို့ သက်ဆိုင်ရာက ပို့ဆောင် ပေးခဲ့ပြီး သြဂုတ် ၁၁ ရက်တွင် သေဆုံး ခဲ့သည်ဟု အဆိုပါ ဆေးရုံမှ ပြောကြား ခဲ့သည်။
မြ၀တီ
Published with Blogger-droid v2.0.10
ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ Cordyceps capsules (ဆောင်းပိုးနွေမြက်)ကို သုံးကြစို့ 
ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့ Cordyceps capsules (ဆောင်းပိုးနွေမြက်)ကို သုံးကြစို့ 
(၁၄.၈.၂၀၁၃ - လေးမြို့ ကျန်းမာရေးကဏ္ဍ)
Cordyceps capsules(ဆောင်းပိုးနွေမြက်)                     
တရုတ်တိုင်းရင်း ပရဆေးတွင် “ရွှေ”ဟုတင်စားကြသည့်အရည်အသွေးအကောင်းဆုံးဆောင်းပိုးနွေမြက်ကိုအဆင့်မြင့်ဇီဝခွဲခြမ်းစိတ်ဖြာခြင်းနည်းပညာအသုံးပြု၍ဖော်စပ်ထုပ်လုပ်ထားသည်။
ဆောင်းပိုးနွေမြက်တွင်ခန္ဓာကိုယ်ခုခံစွမ်း
အားကိုတိုးမြှင့်ပေးသောဒြပ်ပေါင်းများစွာပါဝင်သဖြင့်ကိုယ်တွင်းရှိအင်္ဂါအစိတ်အပိုင်း
များအားလုံး၏ဇီဝရှင်သန်မူအားကောင်းစေသည်။ထိုအခါ အဖုအကျိတ်များနှင့် ရောဂါပိုးများ ၀င်ရောက်မှုမှ ဟန့် တားပေးပြီး ကူးစက်ရောဂါများကို ကာကွယ်ပေးသည်။
   ခန္ဓကိုယ်ကြံခိုင်ခြင်း ၊ ကောင်းစွာ အိပ်စက်စေခြင်းနှင့်အညောင်းအညာပြေ
စေပြီးကာမစွမ်းအားကိုတိုးမြှင့်ပေးသည်။
အရွယ်ကျခြင်းကို နှေးကွေးစေပြီး အသက်ရှည်စေသည်။သွေးတွင်းမကောင်း
သောအဆီဓတ်ကိုလျော့နည်းစေခြင်း
ကြောင့်ဦးနှောက်နှင့်နှလုံးသွေးကြော
ရောဂါဖြစ်ပွားခြင်းမှကာကွယ်ပေးသည်။အလုပ်နှင့် ပတ်ဝန်းကျင်၏ဖိစီးမှုဒဏ်ကို ခံနိုင်စွမ်းရှိပြီး မောပန်းနွမ်းနယ်ခြင်းကို ပြည်လည်လန်းဆန်းစေသည်။
ဓာတုပစ္စည်းနှင့်ရေဒီရေရှင်းဓါတ်ရောင်ခြည်ကြောင့် ပျက်စီးသောဆဲလ်များကို လျင်မြန်စွာဆဲလ်အသစ်ဖြစ်ပေါ်စေသည်။
လူ့ခန္ဓာကိုယ်၏ရိုးတွင်းချဉ်ဆီနှင့်မျိုးပွားဆဲလ်၏တိုးပွားမှုကိုပံ့ပိုးပေးသည်။ဆောင်းပိုး
နွေမြက်သည် လေပြွန်ကိုချဲ့ ၍ သန့် ရှင်းမှုကို ဖြစ်ပေါ်စေပြီး အသက်ရှုလမ်းကြောင်းထဲသို့ ရောဂါပိုး မ၀င်ရောက် နိုင်အောင်
ကာကွယ်ပေးသည်။
သုံးစွဲသင့်သူများ
ကိုယ်ခံအားနည်းသူများ ၊ မကြာခဏ အအေးမိတတ်သူများ ၊ စိတ်ဖိစီး၍ အိပ်ရေးပျက်သူများ ၊ ချောင်းဆိုးချွဲကျပ် ၊ ပန်းနာရောဂါရှိသူများ ၊
ခွဲစိတ်ကုသမှုခံယူပြီးသူနှင့် ရောဂါပျောက်ကင်းစနာလန်ထများ ၊ ဖိုမစွမ်းအင် ကျဆင်းသူများ ၊ သွေးထဲတွင် အဆီဓါတ်မြင့်မားသူများ ၊ နှလုံးသွေးကြောရောဂါရှိသူများ ၊ သွေးချိုရှိသူများ ၊ အသည်းနှင့် ပတ်သက်သော ရောဂါရှိသူများ ၊ အဖုအကျိတ် ကင်ဆာရောဂါအတွက် ခွဲစိတ်ဓါတ်ကင်သူများ ၊ အချိန်နှင့် အမျှ ကွန်ပျူတာ ၊ လက်ကိုင်ဖုန်း ၊ လျှပ်စစ်လှိုင်း Microware မျိုးစုံနှင့်  ထိတွေ့ နေရသူများ ။
သုံးစွဲရန်အညွှန်း
တစ်နေ့ (၁)ကြိမ် (သို့ )(၂)ကြိမ် တစ်ခါသောက် (၁)လုံး(သို့ ) (၂)လုံး အစာစားပြီး မိနစ် (၃၀)ခန့် တွင် ရေနွေးနှင့် သောက်ပါ။
မှတ်ချက် ။ ။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန် မလိုအပ်ပါ။
ဤ Cordyceps capsules (ဆောင်းပိုးနွေမြက်) ဆေးအား
ဝယ်ယူလိုပါက
လပြည့်ဝန်း (စတိုး)
ကမ်းနားလမ်း ၊ မင်းပြား
ဖုန်း ၀၉၄၂၁၇၁၂၉၇၃ တွင် ဝယ်ယူရရှိနိုင်ပါ
ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Published with Blogger-droid v2.0.10
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသော အမျိုးသမီးများ အတွက် ပထမဦးစွာ ရှောက်ရွက် ကြမ်းများကို ရှာထားပါ။
ပုလင်း တစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက် လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံး သွားပေးပါ။
တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများ စားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်း စေပါသည်။
လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက် နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင် စားထားရန်
အ၀လွန်သူများ အတွက် ရှောက်ရွက်၏ အစွမ်း
=========================
Read More >> http://www.myawady.net.mm/health/treatment/item/1740-2012-12-13-12-52-54
မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ
မပေါ့ဆသင့်သော အသေးအဖွဲပြဿနာများ
(၁) နှာခေါင်းသွေးလျှံခြင်း
ပူပြင်းခြောက်သွေ့သော ရာသီ ဥတု၊ မကြာခဏနှပ်ချေးညှစ်ထုတ် ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် နှာခေါင်းသွေးယိုတတ်ပြီး အရေးကြီး သည့်အကြောင်းရင်းမှာ သွေးတိုးခြင်း ကြောင့်လည်းဖြစ်တတ်သည်။ မိမိ သွေးပေါင်ချိန် ၁၂၀/၇၀ mmHg မှ ၁၃၉/၈၉ mmHg အတွင်းရှိနေ လျှင် သွေးတိုးစပြုသည်ဟုယူဆနိုင် ပြီး ၁၄၀/၉၀ နှင့်အထက်ဆိုပါ က သွေးပေါင်ထိန်းဆေးများဖြင့် ကုသမှု ခံယူပါ။
(၂) ဒူးကိုက်ခြင်း
ဒူးဆစ်များနာကျင်ကိုက်ခဲနေပါ က လှုပ်ရှားမှုပြင်းထန်ခြင်းကြောင့် ဖြစ်နိုင်သည်။ အကိုက်အခဲပျောက် ဆေးလိမ်းခြင်း၊ ရေခဲကပ်ခြင်းများဖြင့် မသက်သာဘဲ သုံးလကျော်သည်အထိ ကိုက်နေသေးပါက အရိုးဆစ်ရောင်ခြင်း (osteoarthritis) ဖြစ်နိုင်သည်။
(၃) လည်ချောင်းနာခြင်း
သုံးရက်ကျော်သည်အထိ လည် ချောင်းနာမပျောက်သေးဘဲ စကား သံပါ ပျက်လာပါက Streptococcus ပိုးကြောင့်ဖြစ်နိုင်ပြီး မကုဘဲထားပါက သငန်ရည်ကျိတ်များရောင်ခြင်း၊ ပြည် ထွက်ခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတို့ ဖြစ်နိုင်သည်။
(၄) အရည်ကြည်ဖု
အပူလောင်ခြင်း၊ ဖိနပ်ပေါက် ခြင်းကြောင့် အရည်ကြည်ဖုထတတ် သည်။ သို့သော် ခြေချောင်းများကြား၌ အရည်ကြည်ဖုပေါက်လျှင် သန့်ရှင်း အောင်ဂရုစိုက်ပါ။ ဘက်တီးရီးယား၊ မှိုနှင့် ကပ်ပါးကောင်များဝင်ရောက် နိုင်သည်။ ခြေဖဝါးတစ်ခုလုံးပိုးပျံ့ပြီး ရောင်ကိုင်းလာတတ်သည်။
(၅) ဝက်ခြံ
ဝက်ခြံပေါက်တာတော်တော် နှင့်မပျောက်လျှင် ဂရုစိုက်ပါ။ လနှင့် ချီပြီးကြာနေတဲ့ဝက်ခြံကို မညှစ်ပါ နှင့်။ basal cell carcinoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ ဖြစ် ဖြစ်ချင်းကာလမှာ ဝက်ခြံနှင့်ဆင် တူပါတယ်။ အရေပြားဆရာဝန်နှင့် ပြပြီး စောစောကုလျှင် basal cell carcinoma ဟာ ရောဂါပျောက်ကင်း နိုင်ချေ (၉၅) ရာနှုန်းရှိပါတယ်။
Health Updates Journal
Vol.2, No.27
အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ
အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ
မကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက် လာပါတယ်။ အထူးသဖြင့် အမျိုးသား တွေနဲ့ နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစား သေးငယ်တဲ့ အမျိုးသမီး တွေမှာ အဖြစ်များ လာပါတယ်။ ဒါပေမဲ့ အဆုတ် ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဆေးလိပ် သောက်သူ ဖြစ်နေရင်တောင် ကာကွယ်နိုင် ပါသတဲ့။ အောက်ပါ နည်းလမ်း တွေဟာ အဆုတ် ကျန်းမာရေးကို ကောင်းမွန် စေနိုင်ပြီး ကင်ဆာဖြစ်နိုင် ခြေကို ၆၇ ရာခိုင်နှုန်းကျော် အထိ လျှော့ချ နိုင်ပါတယ်။
ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ
ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေ တဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ် ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ် ရီသီးအခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။
တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ
ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင်ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီဝဲပါ။
ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ
သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံ ဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျ ကော်ဖီနှစ်ခွက်ကို ကဖင်း မပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက် ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာ ဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။
အနီရောင်ဂရိတ်ဖရုသီး စားပါ
အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ် သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေ နှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာ လည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါ တယ်။
ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH
အစိမ်းရောင်ပါတဲ့ အာလူး မစားသင့်
အစိမ်းရောင်ပါတဲ့ အာလူး မစားသင့်
အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့  စားပွဲတော်တော်များများမှာ ပါရှိတက်တဲ့ အမယ်တစ်မျိုးလို့ လည်း ပြောလို့ ရပါတယ်။
အာလူးကို ကြိုက်သည် ရှိသော် မကြိုက်သည်ရှိသော အခု မျှဝေပေးမယ့်  အကြောင်းအရာကတော့ အာလူးနဲ့ ပတ်သတ်တဲ့
ကျန်းမာရေး ဂရုစိုက်မှု ဖြစ်ပါတယ်။
အာလူးကို ပထမဆုံး အခွံခြစ် လိုက်တဲ့ အခါ ထွက်ပေါ်လာတဲ့ အသားမှာ အစိမ်းရောင် ပါနေရင် စားသုံးဖို့  မသင့်တော် ဘူးလို့  သိရပါတယ်။
ဘာကြောင့်လဲ ..?
ဒီဇာတ်လမ်းကို စတင်ခဲ့တာက Solanine လို့ အမည်တွင်တဲ့ ဓာတုဓာတ်ပါတဲ့ အဆိပ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။
သူက အာလူးနဲ့ ခရမ်းချဉ်သီးမှာ အဓီက တွေ့ ရတဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။အဆိပ်ဖြစ်ကြောင်း တွေ့ ရှိခဲ့တာကတော့ ၁၈၂၀ ခုနှစ်ပိုင်း ဥရောပမှာ ဖြစ်ပါတယ်။
ဒီ အစိမ်းရောင် သန်းနေတဲ့ အာလူးကို စားသုံးမိမယ် ဆိုရင် မအီမသာ ဖြစ်လာမယ် ၊ ၀မ်းလျှောတာတွေ ၊ ပျို့ အန်တာတွေ ဖြစ်မယ် ၊
နောက် အစာအိမ်ကို ထိခိုက်စေပြီး လည်ချောင်းကိုလည်း အပူကန်စေနိုင်တယ် ၊ ကယောင်ချောက်ချားဖြစ်မယ် ၊ နောက်ဆုံး ခေါင်းကိုက်ခြင်းနဲ့ ခေါင်းမူးခြင်းကို ပါ ဖြစ်စေနိုင်တဲ့ အစာ ဆိပ်တက်ခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။
ဒီလို အစိမ်းရောင် သန်းနေရခြင်းကလည်း နေရောင်ခြည်နဲ့ အစာချက်လုပ်ဆောင်ခြင်း
ဓာတ် chlorophyll များစွာ ပါရှိနေတဲ့ အတွက်ကြောင့် ဆိုထားပါတယ်။
ဒါကြောင့် ဈေး နဲ့ စူပါမားကတ် တစ်ချို့ မှာလည်း ဒီလို အစိမ်းရောင် သန်းနေတဲ့
အာလူးများကို မရောင်းချ ဖို့ တားမြစ်ထားပါတယ်။
အလွယ်တကူး ဈေးပေါပေါနဲ့ ရရင်လည်း မ၀ယ်စားသင့်ပါဘူး။
အကယ်လို့ မိမိချက်တဲ့ အခါ အစိမ်းရောင်အပိုင်းဟာ တစ်စိတ်တစ်ပိုင်း
အနေနဲ့ ပါဝင်နေမယ် ဆိုရင်လည်း ထိုပါဝင်နေတဲ့ အပိုင်းကို လှီးထုတ်ပစ်
ရမှာ ဖြစ်ပါတယ်။
အစိမ်းရောင်ပါတဲ့ အာလူးဟာ လတ်ဆပ် တာ မဟုတ်ဘဲ အဆိပ်ဖြစ်စေတက်တာကို
သတိပြုနိုင်ဖို့ နဲ့ စားသုံးမိသူများ အနေဖြင့် အစာ အဆိပ်သင့်တဲ့ သာဓက များ
လတ်တလော ဖြစ်ပွားနေပြီး မိမိကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတာ ကြောင့်
အသိပညာပေး မျှဝေလိုက်ရပါတယ်။
-------
Ref;Wiki
သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ
သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ
ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်
ပဲသုပ် စားပေးပါပဲမှာ
ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။
ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်
ကန်စွန်းဥထောင်းစားပါ
ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။
စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်
အသားစားပါ
အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။
အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်
ငရုတ်သီးစားပါ
ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။
အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်
ကော်ဖီသောက်ပါ
ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်
အစေ့အဆန်စားပါ
အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။
ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်
ပျားရည်သောက်ပါ
ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
မျှစ်နဲ့ ကျန်းမာရေး
မျှစ်နဲ့ ကျန်းမာရေး
မြန်မာလူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာအမျိုးမျိုး ပြုလုပ် စားသောက်တတ်ကြပါတယ်။ ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့်သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုးထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသားလိုက်ရပါတယ်။
(၁) အစာခြေစနစ်ကျန်းမာ
ခြင်းမျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါတယ်။
(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း
မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေကို လျော့ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၃) ပိုးသတ် အာနိသင်ရှိခြင်း
မျှစ်မှာ ဖိုင်ကိုကမ်မီကယ် များစွာ ပါဝင်တာကြောင့် ဖန်းဂတ်စ်မှိုတား အာနိသင်၊ ဘက်တီးရီးယား ဆန့်ကျင်တဲ့ အာနိသင်နဲ့ ကင်ဆာတား အာနိသင်တို့ ရှိကြပါတယ်။
(၄)သွေးဖိအားကို ထိန်းသိမ်းပေးခြင်း
မျှစ်မှာ ပိုက်တက်စီယမ် ပါဝင်မှု များတာကြောင့် သွေးတိုးကို ကျစေပါတယ်။ မျှစ်တစ်ခွက်မှာ တစ်နေ့တာ လိုအပ်တဲ့ ပိုတက်စီယမ် ပမာဏရဲ့ ငါးပုံတစ်ပုံ ပါဝင်နေပါတယ်။
(၅) မကောင်းသော အဆီကို ကျစေခြင်း
မျှစ်ဟာ မကောင်းတဲ့ ကိုလက်စထရော အဆီ (LDL) ကို လျော့ကျစေပါတယ်။ မျှစ်မှာ ကယ်လိုရီပါဝင်မှု လျော့နည်းတာကြောင့် အဝလွန်သူတွေနဲ့ သင့်တော်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါဝင်မှုများပြီး မကြာခဏ ဆာလောင်မှု လျော့နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေအတွက် သင့်တော်ပါတယ်။ မျှစ်ရည်ဟာ အူလမ်းကြောင်းရှိ သန်ကောင်တွေကို လျော့ကျစေပါတယ်။
(၆) ဝမ်းမှန်မှန်သွားစေခြင်း
မျှစ်မှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုက ကောင်းမွန်စေပြီး နာတာရှည် ဝမ်းချုပ်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မျှစ်တစ်ခွက် စားပေရင် တစ်နေ့တာ လိုအပ်တဲ့ အမျှင်ဓာတ် ပမာဏကို ရရှိစေပါတယ်။
(၇) အမျိုးသမီးများတွင် ရာသီစက်ဝန်း မှန်စေခြင်း
မျှစ်တွေဟာ ရာသီစက်ဝန်းကို လှုံ့ဆော်ပေးပြီး ရာသီမှန်မှန် လာစေပါတယ်။
(၈) သည်းခြေအိတ်ကို ကျန်းမာစေခြင်း
ရိုးရာ ဆေးနည်းအနေနဲ့ မျှစ်ကို သည်းခြေအိတ် ဝေဒနာတွေ လျော့ကျဖို့အတွက် အိမ်သုံးဆေးတစ်လက် အနေနဲ့ အရင်က အသိပြုခဲ့ကြပါတယ်။
(၉) ဒဏ်ရာငယ်များကို သန့်စင်စေခြင်း
မျှစ်ရည်ဟာ ဒဏ်ရာငယ်တွေကို သန့်စင်စေတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ မျှစ်ရည်က ဒဏ်ရာအပေါ် လိမ်းပေးရင် အနာကျက် မြန်စေတယ်လို့ တချို့က ယုံကြည်ကြပါတယ်။
(၁၀) သွေးထွက်နေသော လိပ်ခေါင်းကို သက်သာစေခြင်း
လိပ်ခေါင်းက သွေးထွက်နေရင် ဂနိုဆီးပူညောင်းကျရောဂါ ဖြစ်နေလျှင် မျှစ်ကို စားပေးပါက သက်သာစေတယ်လို့ တချို့က ဆိုပါတယ်။
Good Health
ကျန်းမာရေးရာ မေးခွန်းလွှာ
ကျန်းမာရေးရာ မေးခွန်းလွှာ
မေး။ ။ ဒေါက်တာစွမ်းရှင့် ကျွန်မက သွားမကြာခဏ ကိုက်တတ်ပါတယ်။
သွားကိုက်တိုင်းလည်း မျက်နှာ တစ်ခုလုံး ရောင်ရမ်းပြီး ဆိုးဝါးစွာ ကိုက်ခဲနာကျင် နေတတ်ပါတယ်။ ဒါကြောင့် သွား မကြာခဏ မကိုက် အောင်နဲ့ အရမ်း သွားကိုက်လာပြီ ဆိုလျှင် ဘယ်လိုလုပ်ရမလဲလို့ ပြောပြပေးပါ ဆရာ။ (ကျွန်မက ပုံမှန် သွား တိုက်လေ့တော့ ရှိပါတယ်။)
မအိခင် (စမ်းချောင်း)
ဖြေ။ ။ မအိခင် ကြုံနေရတဲ့ ပြဿနာကတော့  ကနေ့မြို့နေလူထုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျ ပြဿနာပါ။ ကနေ့ခေတ် အစားအစာတွေမှာကိုက အချိုကဲတာ များနေတတ်တာကြောင့် မြို့နေ လူတန်းစား ရဲ့သွားပြဿနာဟာ ထူးခြားလှတယ်တော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဖြစ်လည်းဖြစ်နိုင်၊ ခက်လည်း မခက်ခဲတဲ့ Care လုပ်နည်းလေးတွေ ပေးလိုပါတယ်။ သွား မကြာခဏ မကိုက်ဖို့ သွားတွေကို ဂရုစိုက်ဖို့ လိုပါတယ်။
(၁) အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အကျင့် လုပ်ပါ။ ဒါမှသာ အချဉ်ဓာတ်က ရေထဲပါသွားပြီး ပါးစပ်ထဲမှာ သန့်ရှင်းနေမှာပါ။ 
(၂) အအေးသောက်တဲ့အခါ ကျဉ်တဲ့သွားရှိလျှင် သွားဆေးခန်းသွားပြီး အမြန်ဆုံးဖာပါ။
(၃) သွားတိုက်တဲ့အခါ ကန့်လန့်ဖြတ် သွားတိုက်နည်းထက် စနစ်ကျသော အပေါ်အောက် တိုက်နည်းကို လေ့ကျင့်ပါ။ စနစ်တကျ သွားတိုက်နည်း ဆိုတာကတော့ သွားတိုက်ဆေးကို သွားအတွင်း အနှံ့အပြား ရောက်တဲ့အထိ (၃/၄) မိနစ်လောက် အပေါ်အောက် အကုန်တိုက်ပါ။ ပြီး ခေတ္တ စောင့်ပါ။ အဲဒီလို စောင့်ပြီးမှ သွား ပြန်တိုက်လျှင် သွားထဲမှာ ရှိတဲ့ အညစ်အကြေးတွေ အလွယ်တကူနှင့် မြန်မြန် ထွက်သွားနိုင်ပါတယ်။
(၄) သွားအခြေကို သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင်တော့ သွားဆေးခန်းကို အမြနါသွားရောက် ပြသ ပါ။ သွေးထွက်ခြင်းဟာ သွားအခြေမှာရှိတဲ့ ကျောက်ကြောင့်ပါ။
(၅) အစာကို ကျေညက်စွာ ဝါးစားပါ။ အလောတကြီးနဲ့ ကျေညက်အောင် မဝါးစားလျှင် သွားမသန့်ဘဲ ဗိုက်နာ ဗိုက်အောင့်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။
(၆) အိပ်ရာဝင် အိပ်ရာထ ပုံမှန် သွားတိုက်ပေးပါ။ သွား ခိုင်ခံ့စေဖို့ ဗီတာမင်ဒီနှင့် ထုံးဓာတ်ပါတဲ့ ငါးကလေးများ စားသုံးပြီး နွားနို့ သောက်ပေးပါ။ သွား အရမ်းကိုက်လာရင်တော့ (၁) ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေကို ရှောင်ပါ။ (၂) ဆားရည်နေါးနွေးနဲ့ ပလုတ်ကျင်းပါ။ (၃) သွားအပေါက်ကြောင့် နာကျင်ခြင်း ဖြစ်ပါက အပေါက်ထဲ ကို လေးညှင်းဆီထည့်ပါ။ (နီးစပ်ရာ မြန်မာ ဆေးဆိုင်များတွင် ရရှိနိုင်ပါတယ်။) (၄) ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက် ဆေးများ သောက်ပေးပါ။ (၅) အရည်အသွေး ကောင်းတဲ့သွား တိုက်ဆေး သုံးပါ။ အရေးကြီးဆုံး အခြားအချက် များကတော့ အိပ်ရာထ၊ အိပ်ရာဝင် စနစ်ကျစွာ သွား တိုက်ဖို့ပါ။ နှစ်လ၊ သုံးလတစ်ခါ သွားပွတ်တံ လဲပေးပါ။ သွားကြို၊ သွားကြား သန့်ရှင်းဖို့ ကြိုး (သို့) တိပ်သုံးပါ။ သွားတိုက်တဲ့ အခါ သွားပွတ်တံ နုနုနဲ့ သွားခြေရှိ သွားဖုံးသား နေရာကို သေချာစွာ တိုက်ပါ။ စားကြွင်းစားကျန်တွေ သွားထဲမကျန်ဖို့ နေ့စဉ်ကြိုးသုံးပြီး သွားကြားထိုးပါ သမီးရေ လို့ ဖြေကြားရင်း သမီး မအိခင် မကြာခဏ သွားမကိုက်ဖို့ သွားပုလဲသွယ် ရောဂါမကြွယ်ဖို့ ဖြေကြား ပေး လိုက်ပါတယ် ခင်ဗျာ။ ။
မေး။ ။ ဒေါက်တာခင်ဗျာ၊ ကျွန်တော်က ဝမ်းမကြာခဏ ချုပ်တတ်ပါတယ်။ ဝမ်းမချုပ်တဲ့ ဆေးကောင်းများ ရှိရင် သိချင်ပါတယ် ဆရာ။
ကိုနေလင်းထွန်း (စမ်းချောင်း)
ဖြေ။ ။ ဝမ်းချုပ်ခြင်းမှာ ရောဂါကြောင့် ဝမ်းချုပ်ခြင်းနဲ့ အနေအထိုင် အစားသောက်ကြောင့် ဝမ်းချုပ်ခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ အူလမ်းကြောင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ တွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့် ဝမ်း ချုပ်တတ် ပါတယ်။ ရောဂါကြောင့် ဝမ်းချုပ်တာ ဆိုရင်တော့ မူလရောဂါရဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။ (ဝမ်းထဲမှာ သွေးပါလာခြင်းမျိုး စသဖြင့်) ထိုသို့ ဝမ်းချုပ်ခြင်း ဆိုလျှင်တော့ သက်ဆိုင်ရာ ဆရာဝန်နှင့် အမြန်ဆုံး ကုသရပါမယ်။
အနေအထိုင် အစားအသောက်ကြောင့် ဝမ်းချုပ်ခြင်း ကတော့ (၁) စားသောက်မှု ပုံစံ မမှန်ကန်ခြင်း၊ (၂) ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်း၊ (၃) စိတ်ဖိစီးမှု ရှိခြင်း၊ (၄) ဆေးဝါး မှီဝဲနေခြင်း တို့ကြောင့် ဖြစ်ပါတယ်။
စားသောက်မှု ပုံစံ မမှန်ကန်ခြင်း ဆိုတာဟာ စားသင့်တဲ့ အစားအစာတွေထဲမှာ ဝမ်း သွားစေတဲ့ Fibre (အမျှင်ဓာတ်) မပါဝင်ခြင်းကြောင်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ စားရင် ဝမ်းချုပ်မှာ မဟုတ်ပါဘူး။ ရေများများ သောက်ပေးပါ။ ခန္ဓာကိုယ် လှုပ်ရှားမှု မနည်းအောင် ပုံမှန် သွားလာလှုပ်ရှား ပေးပါ။ စိတ်ဖိစီး မှုကြောင့် ဝမ်းမချုပ်ဖို့ အကောင်းမြင် စိတ်ဓာတ်နဲ့ လောကဒဏ်ကို ခုခံပါ။ ဆေးဝါးကြောင့် ဝမ်းချုပ်ခြင်းဆိုတာ က သွေးအား နည်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ မမှီဝဲရတဲ့ သံဓာတ် အားဆေးကြောင့် ဝမ်းချုပ်ရခြင်းကို ဆိုလိုပါတယ်။ သံဓာတ် အားဆေးကြောင့် ဝမ်းချုပ်ရင် အစိမ်းရောင် အသီးအနှံ တွေကို များများစားပေးပါ။ မိမိ ပြသသော ဆရာဝန်အား မိမိသောက်သုံးသော ဆေးဝါးမှာ ဝမ်းချုပ်ခြင်း Side effect ရှိ၊ မရှိ သေချာ မေးမြန်းသင့်ပါတယ်။
Myawady News
သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်
ဖြစ်နေသော မိတ်ဆွေ အကိုကြီး အတွက်လည်း အလွယ်တကူ သိရှိ စေချင်ပါသည် လူသားများ အားလုံး အသက်ရာကျော် ရှည်ပါစေ။
သည်းခြေ၌ ကျောက်တည်သော ရောဂါ လက္ခဏာ တစ်ခုမှာ အစာများမျ...ား စားပြီးနောက် ဝမ်းဗိုက် ပြည့်အင့် ဖောင်းကား လာကာ အစာမကြေ သလို ခံစားရမည်။ ရောဂါ ပြင်းထန်ပါက အသည်း တစ်ဝိုက်တွင် နာကျင်မှုကို ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမ ငါးရက်တွင် နေ့စဉ် ပန်းသီး ဖျော်ရည် (Apple Juice) လေးခွက် သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီး ဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက် နိုင်သည်။) ပန်းသီး ဖျော်ရည်သည် သည်းခြေ ကျောက်ကို ပျော့စေနိုင်သည်။ ထိုငါးရက် အတွင်း အစား အစာ ကိုလည်း ပုံမှန် စားသုံးရန် ဖြစ်သည်။
ခြောက်ရက်မြောက် နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါး တစ်ဇွန်းကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါး တစ်ဇွန်း ....
မြ၀တီ
သဘာဝ နည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင် 
Saturday, June 1, 2013
http://bit.ly/Xc5E1X
မြ၀တီ
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်
ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော် ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေ ပြီး ခြေထောက် သွေးကြော ထုံးခြင်း (Varicose Vein) ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆို ရင်တော့ သွေးကြောတွေရဲ့ သွေးစီး ဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ် တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။
သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေ တာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက် ကြာတိုင်း သွားပွတ်တံတစ် ချောင်း လဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယား ပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာ ကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။
မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ် ကြပါ တယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံး သူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော် ဆုံးပါ။
မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာအတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစား ဘဲ နေတာ မျိုး မလုပ်သင့်ပါဘူး။
ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ် များတဲ့ နေ့တွေ မှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာ မျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။
ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြား ခံပါ။သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့် ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။
ခေါင်းအုံးထူထူပေါ် အိပ်ခြင်း
လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေ ဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်း အတွက် အထောက်အကူ ဖြစ်စေမှာပါ။
လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ် လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ
အင်းလေးမီဒီယာ
ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ
ဝမ်းချုပ်ခြင်းကို ဘယ်လို ဖြေရှင်းမလဲ
လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး
ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။
၂။ သေဘာၤသီး
သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။
၃။ ချင်း (ဂျင်း)
ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။
၎။ မာလကာသီး
မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။
၅။ ဂေါ်ဖီထုပ်
အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။
၆။ ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
၇။ သံပရာသီး
သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။
၈။ စွန်ပလွံသီး
စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။
၉။ ပန်းသီး
ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။
၁ဝ။ ဥသျှစ်သီး
ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။
လူထုကျန်းမာရေး (လည်ချောင်းနာခြင်း သက်သာစေမည့် အိမ်တွင်းနည်း ၁၀ နည်း)
လူထုကျန်းမာရေး (လည်ချောင်းနာခြင်း သက်သာစေမည့် အိမ်တွင်းနည်း ၁၀ နည်း)
Sunday, May 26, 2013
လည်ချောင်း နာနေသလား၊ လည်ချောင်း နာနေချိန်မှာ အမြန် သက်သာစေမယ့်လွယ်ကူတဲ့ အိမ်တွင်း ကုထုံးတွေကို လိုက်နာပေးမယ် ဆိုရင် အမြန်ဆုံး သက်သာသွားပါလိမ့်မယ်။
(၁) အနားယူပါ
လည်ချောင်းနာနေတဲ့ အချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုအပ်ပါတယ်။
အနားယူနေစဉ် အတောအတွင်း ရေနဲ့ သစ်သီးဖျော်ရည်လို အရည်ကို အများအပြားသောက်ပေး သင့်ပါတယ်။
(၂) ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ
လည်ချောင်းနာနေတဲ့အခါ အာခေါင်ထဲအထိ ရောက်အောင် ဆားရေနွေးနဲ့
ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ ရေတစ်ဖန်ခွက်ထဲကို ဆား
လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်ရမှာ ဖြစ်ပါတယ်။
(၃) ငုံဆေးငုံပါ
လည်ချောင်းနာ ပျောက်စေမယ့် ငုံဆေး (Lozenges) ကို ငုံပေးရင်
လည်ချောင်းနာတာကို သက်သာစေပါတယ်။
(၄) အခန်းတွင်း လေထု နွေးထွေးနေပါစေ
အေးမြနေတဲ့ အချိန်မှာ အခန်းတွင်း ရာသီဥတု နွေးထွေးနေအောင် ထားပါ။ ဒါဟာအသက်ရှူ လမ်းကြောင်းအတွင်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပါတယ်။
(၅) ပျားရည်ထည့်ထားသော လက်ဖက်ရည်ကြမ်း သောက်ပါ
ပျားရည်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်း သောက်သင့်ပါတယ်။ ဒီအိမ်တွင်း ကုထုံးဟာ
လူအများစုကို သက်သာစေပြီး ခန္ဓာကိုယ် အရည်ဓာတ် ပိုရောက်ရှိစေတဲ့နည်း
ဖြစ်ပါတယ်။
(၆) ရေနွေးငွေ့ရှူပါ
ရေနွေးငွေ့ရှူတာက လည်ချောင်းနာတာကို သက်သာစေတဲ့နည်းပါ။ ရေနွေးငွေ့ကိုပါးစပ်နဲ့ နှာခေါင်းကို သုံးပြီးအချိန် ငါးမိနစ်ခန့် ခပ်ပြင်းပြင်း
ရှူပေးပါ။ တစ်နေ့တာအတွင်း အကြိမ်များစွာ လုပ်ပေးနိုင်ပါတယ်။ ရေနွေးပူ
မလောင်အောင် သတိထားဖို့တော့ လိုပါတယ်။
(၇) ကြက်စွပ်ပြုတ်သောက်ပါ
ပူနွေးတဲ့ ကြက်စွပ်ပြုတ် တစ်ခွက်ကို သောက်ပေးတာက လည်ချောင်းနာတာကိုသက်သာစေတဲ့အပြင် အအေးမိချင်သလိုလို ခံစားနေရတဲ့ နွမ်းနယ်ပင်ပန်းမှုဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။
(၈) အိပ်ရေးဝဝအိပ်ပါ
နွေးနွေးထွေးထွေးနေပြီး အိပ်ရေးဝဝ အိပ်စက် အနားယူတာကြောင့်လည်း
လည်ချောင်းနာတာ သက်သာသွားစေ နိုင်ပါတယ်။
(၉) ရေခဲရေရှောင်ပါ
လည်ချောင်း နာကျင်နေခိုက်မှာ ရေခဲရေနဲ့ ရေခဲပါတဲ့ အစားအသောက်တွေကိုတတ်နိုင်သမျှရှောင်ပြီး သွားနဲ့ခံတွင်း သန့်ရှင်းရေးကိုပါထိန်းသိမ်းပေးဖို့ လိုပါတယ်။
(၁၀) အကိုက်အခဲပျောက်ဆေး သောက်ပါ
လည်ချောင်းနာကျင်မှုနဲ့အတူ ခန္ဓာကိုယ် တစ်ခုလုံး ကိုက်ခဲနာကျင်နေရင်
နာကျင်မှု သက်သာစေဖို့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အကိုက်အခဲ
ပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။
**Public Health**
JACBA
ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
သင့်ခန္ဓာကိုယ် ကျန်းမာ လှပနေစေရန် ဗီတာမင် ငါးမျိုး၏ အကျိုးပြုချက်များ
ဗီတာမင် ဆိုတာနဲ့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး ကောင်းကျိုး ဖြစ်စေတယ်လို့ လူတိုင်း သိကြပါတယ်။
ဗီတာမင်အေ၊ ဘီ၊ စီ၊ အီး၊ ကေ စတာတွေ ကတော့ လူသိလည်း များသလို၊ ခန္ဓာကိုယ်အတွက် တကယ် လိုအပ်တာတွေလည်း ဖြစ်ပါတယ်။ အဲဒီဗီတာမင် တွေက သင့်ခန္ဓာကိုယ် ဘယ်လို အစိတ်အပိုင်းတွေကို ဘယ်လို အကျိုးပြုသလဲ ဆိုတာကို သိရှိနိုင်စေဖို့ ဖော်ပြ လိုက်ပါတယ်။
ဗီတာမင် အီး၏ စွမ်းဆောင်ချက်
ဗီတာမင်အီးဟာ အရေပြားနဲ့ ခန္ဓာကိုယ်က အမွေးအမှင်တွေကို ခြောက်သွေ့မှု ကင်းစေတဲ့ အကျိုးအာနိသင် ရှိတယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးဟာ အဆီတွေကို ပျော်ဝင်စေတဲ့ အင်တီအောက်ဆီဒင့် တစ်ခုအဖြစ် စွမ်းဆောင်နိုင်ပြီး အရေပြားအတွက် လိုအပ်တဲ့ သဘာဝ ရေဓာတ်တစ်မျိုး အဖြစ်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် အလှကုန်ပစ္စည်း အတော် များများမှာ ဗီတာမင်အီးကို ပုံစံအမျိုးမျိုးနဲ့ ထုတ်လုပ် အသုံးပြုနေကြတာပါ။ အောက်စီဂျင် မရတာကြောင့် အရေပြား ပျက်စီးတာမျိုး မဖြစ်အောင် ဗီတာမင်အီးက ကာကွယ်ပေးနိုင်ပြီး အရေပြား ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှု ကိုလည်း အားပေးပါတယ်။ ဒါပေမဲ့ ဗီတာမင်အီးကို ဖြည့်စွက်မှု အနေနဲ့ သောက်သုံး ပေးတာမျိုးက တစ်ခါတလေ မလိုအပ်ဘဲ လွန်ကဲမှု ဖြစ်စေ တတ်တာကြောင့် သင်စားနေတဲ့ အစားအစာထဲမှာ ဗီတာမင်အီးပါဝင်မှု နည်းတယ်ထင်ရင် ဗီတာမင်မျိုးစုံ ပါဝင်တဲ့ အားဆေး တစ်မျိုးကိုသာ မှီဝဲပါ။
ဗီတာမင် အေ၏ စွမ်းဆောင်ချက်
ဗီတာမင်အေမှာ သဘာဝ ရတီနောတွေ ပါဝင်ပြီး ပါးရေတွန့်တာနဲ့ အရေးကြောင်းတွေကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။ ဝက်ခြံ၊ အမည်းစက်၊ အမာရွတ်နဲ့ အရေးကြောင်းတွေကို သက်သာ စေနိုင်ပါတယ်။ ဗီတာမင်အေမှာ အရေပြားအတွက် လိုအပ်တဲ့ ကော်လာဂျင် တွေလည်း ပါဝင်ပါတယ်။ ဗီတာမင်အေဟာ အမြင်စွမ်းအင်နဲ့ အရိုးဖွံ့ဖြိုးမှုကိုလည်း အထောက် အကူ ပြုတာကြောင့် ဗီတာမင်အေ ချို့တဲ့ရင် ကလေးငယ်တွေမှာ မျက်စိ အမြင်အာရုံကို ချို့တဲ့စေပါတယ်။ အရေပြားထဲက အဆီဂလင်းတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံပျောက်ဆေး အတော်များများမှာ ဗီတာမင်အေ ပါဝင်တတ်ပါတယ်။
ဗီတာမင် စီ၏ စွမ်းဆောင်ချက်
တော်ရုံ အအေးမိ ဖျားနာတာ လောက်ကတော့ ဗီတာမင်စီ ကြွယ်ဝသူ အနေနဲ့ သိပ်မဖြစ် တတ်ပါဘူး။ သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်ပြီး လိုအပ်တဲ့ တစ်သျှူးတွေ ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ အရိုးကို သန်မာစေပြီး သွားတွေကို ခိုင်မာစေကာ ခံတွင်း ရောဂါ တွေကိုလည်း ကင်းစေပါတယ်။ မျက်နှာပေါ်က အစက်အပြောက် တွေကိုလည်း ကင်းစေပါတယ်။ အရေပြားအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို ရရှိစေပြီး၊ အရေပြား ကြည်လင်စေတဲ့ အာနိသင် ရှိတာကြောင့် ခန္ဓာကိုယ် အကျိုးပြု ဖရီးရယ်ဒီကယ် တစ်မျိုးလို့ ခေါ်ကြပါတယ်။
ဗီတာမင် ကေ၏ စွမ်းဆောင်ချက်
ဗီတာမင်ကေ ကတော့ ကျောက်ကပ် လုပ်ငန်း ဆောင်တာနဲ့ အရိုးအဆစ်တွေ ဖွံ့ဖြိုးစေဖို့ အထောက်အကူ ပြုတဲ့ ဗီတာမင်တစ်မျိုးပဲ ဖြစ်ပါတယ်။ အာရုံကြော ဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေတဲ့ ဖြည့်စွက် ဗီတာမင် တစ်မျိုးထဲမှာ ဗီတာမင်ကေလည်း ပါဝင်နေပါတယ်။ အရေပြားပေါ်မှာ ဖြစ်တတ်တဲ့ သွေးခဲကွက်တွေကို သက်သာစေပါတယ်။ ဒါ့အပြင် အရေပြားပေါ်က သွေးကြောမျှင် ပေါ်တာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးကြော ပြတ်ရာတွေကိုလည်း ပျောက်ကင်းစေတဲ့ အာနိသင် ရှိပါတယ်။ ဒါကြောင့် အမည်းစက် ပျောက်စေတဲ့ ဆေးအတော်များများနဲ့ အလှကုန်တွေမှာ ဗီတာမင်ကေ ပါဝင်ပါတယ်။
ဗီတာမင် B3 ၏ စွမ်းဆောင်ချက်
ဗီတာမင် B3 ဟာ အရေပြားမှာ ရေဓာတ်ရရှိစေတဲ့ ဗီတာမင်အဖြစ် အစွမ်းထက်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ရရှိစေပြီး အစာခြေစနစ်ရဲ့ လုပ်ငန်း ဆောင်တာ ကိုလည်း ကောင်းမွန်စေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကိုလည်း အထောက်အကူ ပြုပါတယ်။ အရေပြားမှာ လိုအပ်တဲ့ ရေဓာတ်ကို ရရှိစေပြီး အရေပြား ခြောက်သွေ့မှုကို ပြန်လည် ပြုပြင် ပေးနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် အရေပြား ကြေးချွတ် ပစ္စည်းတွေထဲမှာ ဗီတာမင် B3 ကို ပါဝင်အောင် အသုံးပြုတတ်ကြပါတယ်။
သော်တာမောင်
ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ
ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။
သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူ များတွင် ကော်ဖီက ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်းဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း
အဆိုပါ အင်ဇိုင်းများပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင် အသည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။
GGT ပမာဏမြင့်တက်ခြင်းသည် ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်း သက်ဆိုင်နေကြောင်း ဖော်ပြထားသည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရောဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။
ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြထားခြင်းဖြစ်သည်။
ငြိမ်းအေး