Showing posts with label ဆောင်းပါး. Show all posts

ANP ဖြိုခွဲသူ ဘုံရန်သူ.....

ANP ဖြိုခွဲသူ ဘုံရန်သူ.....

(ပြည်သူ့အသံ)
March 20 , 2016
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရခိုင်အမျိုးသားပါတီ ANP က တိုင်းရင်းသားလူနည်းစုပါတီဖြစ်သော်လည်း တတိယမဲအများဆုံးအနိုင်ရသည့်အပေါ်
တခြားတိုင်းရင်းသားများကပါ ရခိုင်ကို လေးစားကြ၏....ရက္ခိတမှန်စွာ အမျိုးကိုချစ်ကြခြင်းကို မြန်မာပြည်တစ်ဝှမ်းမှ လေးစားအသိအမှတ် ပြုကြရသည်။ အခုတော့ ဒါလားဟေ့ ရခိုင်လို့ ပြောကြရပေတော့မည်။ မိဘမကောင်းတာ သားသမီးခေါင်းပေါ်ကျပြီ.... ဆရာဝေဟင်အောင်၏ ဆောင်းပါးနာမည်လိုမျိုး ``ရခိုင်ပြည်သူကို အိုးမဲသုတ်ကြလေပြီ´´ရေးသားထားသည်မှာ အပြည့်အဝမှန်၏....
တကယ်တော့...ရခိုင်အမျိုးသားပါတီ ANP ကို ဒေါက်တာအေးမောင် မပိုင်သလို
ဦးအေးသာအောင်လည်း မပိုင်ပါ.. .....ANP ကို ဦးခိုင်ပြည်စိုး မပိုင်သလို ဦးလှမြင့်လည်း မပိုင်ပါ....ANP ကို ဦးဦးလှစောနှင့် ဒေါ်အေးနုစိန်လည်း မပိုင်ပါ....ANP ကို RNDP (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) မှ မပိုင်သလို ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)မှလည်း မပိုင်ပါ....တစ်ခိုင်တည်းသော ရခိုင်ပါတီဖြစ်မြောက်ရေးအတွက် ရခိုင်လူထုအားလုံးက တောင်းဆိုဆန္ဒပြုမှုကြောင့် RNDP နှင့် ALD တို့ပူးပေါင်းကာ ANP ဖြစ်လာရခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ANP ၏ မူလပိုင်ရှင်အမှန်မှာ ရခိုင်ပြည်သူ၊သားများသာ ဖြစ်သည်။
အရိုးရှင်းဆုံးပြောရပါက....ရခိုင်လူမျိုးတိုင်း ANP ကို ထောက်ခံဝိုင်းရံခြင်းသည် ဦးအေးသာမောင် ရှိနေ၍ မဟုတ်သလို....ဒေါက်တာအေးမောင်ရှိနေ၍လည်း မဟုတ်ပါ....တန်းတူအခွင့်အရေးရရှိရန်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိနိုင်ရေးတို့ကြောင့် ထောက်ခံခြင်းအားပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူက တာဝန်ကျေသည်.....သင်တို့တာဝန်မကျေတာ အမြန်ဆုံးပြုပြင်ပါ....အဆိုးဝါးဆုံး ပြောရပါက ANP ပါတီအနိုင်ရေးအတွက် ရခိုင်ပြည်သူ၊သားများက အမျိုးသားတာဝန်ကျေပွန်စွာဖြင့် အသဲကြားက ထုတ်နုတ်ပေးခဲ့သည့် ဗျာလတံဆိပ်ပေါ်က မဲပြားအရေအတွက်များသည် သင်တို့အချင်းချင်း စကားများရန်ဖြစ်နေကြသည်ကို လိုက်လံဖျန်ဖြေနေရန် မဟုတ်သလို ပန်းနီလာအစည်းအဝေး ကျင်းပရန်နှင့် လူ ၆ ယောက်သဘောဖြင့် မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲလုပ်ရန် မဟုတ်ပါ....
သင်တို့အားလုံးသိစေရန်မှာ...အကွဲကွဲအပြဲပြဲဖြစ်ခဲ့ရင်....၂၀၂၀ မှာ သင်တို့ပဲ ထပ်နိုင်လိမ့်မည်မထင်ပါနှင့် ....သင်တို့နောက်မှာ အသင့်စောင့်နေကြသော သင်တို့ထက် ပိုအင်အားကြီးသော ဒေါင်းတို့၊ကြံ့တို့က အဆင်သင့်နေရာယူစောင့်နေပြီးသား... တောင်ပိုင်းက ကျဆုံးနေပြီ...ဒါတောင် သင်တို့က ပါဝါပြတုန်း...ကလေးဆန်တုန်း.. ဘယ်တော့ပြီးမလဲ...သင်တို့ ထိုင်ခုံနေရာချတာ....ပြည်သူတွေတောင် ..နားညောင်းလာပြီ.....ရခိုင်လူမျိုးများ အထွတ်အမြတ်ထားသည့် ဗျာလကို အားနာပါ....သင့်တို့ထက် ပိုမြင့်မြတ်သော ဗိုလ်ချင်းပျံ.... သျှင်ဦးမြဝါ....မင်းသားကြီး ဦးရွှေဘန်း....ဒေးဝန်းကြီး ၊ မြို့သူကြီးတို့ကို အားနာပါ.. ..နေရာလုချင်ရင် ဘက်စ်ကားစီးပါ...ပါဝါပြချင်ရင် တပ်ထဲ ဝင်ပါ...ANP ကိုတော့ ပြိုကွဲအောင် မလုပ်ကြပါနှင့်....ANP ပြိုကွဲအောင် လုပ်ကြံသူသည်....စံရဖွေ ၊ ငသံဒွေ တို့အုပ်စု၌ ထည့်သွင်းရမည့် အမျိုးသားသစ္စာဖောက်များ ဖြစ်သွားမည်ဖြစ်ပြီး ANP ဖြိုခွဲသူသည် ရခိုင်တိုင်းရင်းသားအားလုံးတို့၏ ဘုံရန်သူဖြစ်သည်။ လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။
မောင်ကာကြီး (လေးမြို့)
- ရခိုင်လူမျိုးတစ်ဦး၏ ဆန္ဒ -
ဦးထင်ကျော် သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးက ဝမ်းသာအားရကြိုဆိုကြသော်လည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဖြစ်လာလျှင် ရခိုင်ဒေသခံတို့ဝမ်းသာအားရ ကြိုဆိုနိုင်ပါ့မလား......

(Short Political Article)
March 16 , 2016
၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် မဲအများဆုံးအနိုင်ရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အစိုးရဖွဲ့ခွင့်ရရှိခဲ့ပြီး NLD မှ ဦးထင်ကျော်က သမ္မတဖြစ်လာခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝမ်းပန်းတသာကြိုဆိုထောက်ခံကြသော်လည်း ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ မြန်မာနိုင်ငံတွင် တတိယမဲအများအဆုံး အနိုင်ရထားပြီး ရခိုင်ပြည်နယ်အတွင်း အမတ်နေရာအများဆုံးအနိုင်ရထားသည့် ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်အစိုးရဖွဲ့ခွင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာတို့အား လုပ်ပိုင်၊ခန့်အပ်ခွင့်မရဘဲ ပြည်မကသာ ချုပ်ကိုင်၍ NLD ပါတီမှ ဦးညီပုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်ထားသွားမည်ဆိုပါက ဦးထင်ကျော် သမ္မတဖြစ်၍ ပြည်သူတွေ ပျော်ရသလိုမျိုး ရခိုင်ဒေသခံတွေက ပျော်နိုင်ပါ့မလား တွေးတောစိုးရိမ်မိပါသည်။
စစ်အာဏာရှင်အုပ်စု၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် ကာလအတော်ကြာနေခဲ့ရသည့် တုံးအောက်က ဖားကဲ့သို့သော သွေးချင်းညီအစ်ကိုများတို့ သည်လွတ်လပ်၍ တရားမျှတသည့် ဒီမိုကရေစီအိပ်မက်ကို မက်လိုစိတ်များပေါက်ဖွားလာချိန်၌ NLD သည် ပြည်မမှ တစ်နိုင်ငံသားလုံး၏ အားကိုး၊မျှော်လင့်ရာ စိတ်ထွက်ပေါက်တစ်ခုဖြစ်သည်မှာ ငြင်းနေစရာမလိုသော အမှန်တရားတစ်ခုဖြစ်သကဲ့သို့ ANP သည် ရခိုင်ရိုးမအနောက်ဖက်မှ သွေးချင်းတို့၏ အနာဂတ်မျှော်လင့်ချက်လည်း ဖြစ်ခဲ့သည်။
ထို့ကြောင့် တရားမျှတပြီး လွတ်လပ်သောနိုင်ငံသားအဖြစ်ကို ရယူလိုသည့် ပြည်မမှ မြန်မာနိုင်သားအများစုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ပုံအောကာ မဲပေးခဲ့ကြသကဲ့သို့ တန်းတူအခွင့်အရေးရရှိရေးနှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရလိုကြသော သွေးချင်းတိုင်းရင်းသားရခိုင်ဒေသခံတို့သည့် ANP ပါတီကို အိတ်သွန်ဖာမှောက် မဲပေးခဲ့ကြသည်ကို အများသူငါ သိရှိပြီးလည်း ဖြစ်၏....
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ၅၉ (စ)အရ NLD မှ အာရှသူရဲကောင်းအမျိုးသမီးခေါင်းဆောင်တစ်ဦး သမ္မတ ဖြစ်ခွင့်မရရှိခြင်းကို ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူများ စိတ်ချမ်းမသာဖြစ်ခဲ့ရသကဲ့သို့ သွေးချင်းတိုင်းရင်းသားများလည်း စိတ်အလိုမကျဖြစ်ခဲ့ရပါသည်။ သို့သော်လည်း ပြည်မတွင်ပြည်သူအကြိုက် ပြည်သူ့အစိုးရ ၊ ပြည်သူ့သမ္မတနှင့် ဖြစ်နေပြီ...
ထို့အတူ တိုင်းရင်းသားဒေသများတွင်လည်း ဒေသခံဌာနေတိုင်းရင်းသားများအကြိုက် NLD အနေဖြင့် ၂၀၁၈ ဖွဲ့စည်းပုံကို မသွေဖယ်သည့် နည်းလမ်းများဖြင့် ပြည်နယ်အတွင်း အနိုင်ရပါတီကို လုပ်ပိုင်ခွင့်အနည်းငယ်ခွဲဝေပေးမှသာလျှင် ဒေသခံတိုင်းရင်းသားပြည်သူ၏ အိပ်မက်များကို ရှင်သန်ပေးရာ ရောက်နိုင်ပါလိမ့်မည်ဟု ယူဆမိပါသည်။ သို့မဟုတ်ပါက ပြည်မတွင် မည့်သည့် အစိုးရပဲတက်တက် ၊ မည်သည့်ပုဂ္ဂိုလ်ပဲ သမ္မတဖြစ်ဖြစ် ပြည်မမှ ပြည်သူတွေသာ ပျော်ရွှင်လိမ့်မည်ဖြစ်ပြီး တိုင်းရင်းသားတိုင်းအတွက် ကိုယ်ပိုင်အစိုးရဖွဲ့ကာ ဖက်ဒရယ်ပြည်ထောင်စုစနစ်မတည်ဆောက်နိုင်သရွေ့ ပျော်ရွင်ကြရလိမ့်မည် မဟုတ်ပါ.....
ထို့အတူပင် ရခိုင်ဒေသခံများက မဲအများဆုံးအနိုင်ရထားသည့် ANP ပါတီမှ ဝန်ကြီးချုပ်နေရာကို ဒေသခံအကြိုက် ခန့်အပ်ခွင့်ရရှိရေး မျှော်လင့်တောင့်တနေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို NLD ကသာ ဗဟိုချုပ်ကိုင်၍ ခန့်အပ်လာမည်ဆိုလျှင် ဒေသခံတွေ ဝမ်းသာနိုင်ပါ့မလား....ကိုယ်ချင်းစာ နာတတ်ကြည့်လျှင် သိနိုင်ပါမည်။
တန်းတူအခွင့်အရေးအရ ပြည်မတွင် မဲအများဆုံးအနိုင်ရထားသည့် NLD သမ္မတဖြစ်ခွင့်ရလို့ ပြည်သူတွေ ဝမ်းသာ ပျော်ရွှင်သလိုမျိုး ရခိုင်ဒေသခံပြည်သူများကလည်း ပျော်ရွှင်ခွင့်ရနိုင်ပါ့မလားဆိုသည်မှာ....ကံကြမ္မာသာ ဖန်ဆင်းရှင်ဖြစ်ပါ၏....လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်....
မာရုသူရ
(တိုင်းရင်းသားတစ်ဦး၏ ခံစားချက်)
မင်းပြား၊ ကျိန်းတောင်ဘုရားသမိုင်း

မင်းပြား၊ ကျိန်းတောင်ဘုရားသမိုင်း

မင်းပြား၊ ကျိန်းတောင်ဘုရား 

မင်းပြားမြို့သည် စစ်တွေခ၇ိုင်အတွင်းပါဝင်သော မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့ဘက်မိုင်၃၀ အကွာအဉ္စနနဒီ(ခေါ်) လေးမြို့မြစ်ဝကျသော ရာမောင်မြစ် အနောက်ဘက်ကမ်း ကျိန်းတောင်ခြေရင်းတွင် ယခုမင်းပြားတည်လျှက်ရှိသည်။ ကောဇာသက္ကရာဇ်(၁၂၂၉)ခုနှစ်၊ (ခရစ်သက္ကရာဇ် ၁၈၆၇ခုနှစ်) တပေါင်းလပြည့်ကျော်တစ်ရက်နေ့ မင်းပြားတည်သည်ဟု ကင်းမွန်းတပ်ကမ္ပည်းထိုးသတ်မှတ်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများ၇ှိသည် ဟုဆိုကြသည်။ မည်သို့ပင်ဆိုစေကာမူ၊ ရခိုင်မင်းလက်ထက်ကပင် ထင်ရှားလာသော မင်းပြားမြို့ရပ်အပါအ၀င်၊ ကျိန်းကျွန်းသည်ကား ရာဇ၀င်တစ်ခေတ်တွင်သမိုင်းဝင် ထင်းရှားမှုဖြစ်ရပ်များ ရှိခဲ့သည်။
မင်းပြားမြို့၏ င်္အနောက်ဘက်တွင်ရှိသော ကျိန်းတောင်သည် တောင်နှင့်မြောက်သွယ်တန်း နေကာ(၃)မိုင်ခန့်၇ှည်လျားပြီး ပင်လယ်ရေမျက်နှာပြင်မှ (၄၁၄)ပေမြင့်သည်။ ကျိန်းတောင်၊ မြို့တောင်၊ အလင်းတောင်၊ လွမ်းတောင်၊ ခြိတ်တောင်၊ ဘိတ် တောင်၊ သပိတ်တောင်၊ စံကားတောင်၊ ဖီလာတောင်၊ ငစဉ်တောင်၊ စသည်ဖြင့် ခင်စိုင်း၊ ကုန်း တန်း၊ တောင်ပို့၊ တောင်ထွတ် တို့၌တောင်အလုံးပေါင်း (၉၉)လုံးဆက်သွယ်နေကြသည် ဟုအဆိုရှိသည်။ ကျိန်းတောင်သည်အဉ္စနနဒီမြစ်(လေးမြို့မြစ်)၀ှမ်း ၌ပေါ်ထွန်းနေသော တောင်လည်းဖြစ်သည်။ ဤတောင်တန်းသည် သက်တမ်းအားဖြင့် နှစ်ကာလသန်းချီ၍ ကြာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ရခိုင်ရာဇ၀င်တို့၌ လူတို့သက်တမ်း အနှစ်တစ်သောင်းရှည်သော ကာလက၊ ကဿပဘု၇ားရှင်သည် ဤ တောင်တွင် ခေတ္တကျိန်းအောင်းခဲ့ဘူးကြောင်း၊ ၄င်းအပြင် ဂေါတမဘုရားလောင်းနုစဉ်ကာလ၊ ကျီးမင်း(ကျေးမင်း)တစ် ဇာတ်ဖြစ်ခဲ့စဉ်ကလည်း ဤတောင်ပင်၌ပင် ကျိန်းအောင်းခဲ့ဘူးသည်။

ဤတောင်တန်းမှာ အုံမှိုင်းဝေဆာ၊ ရှုခင်းသာယာ၊ နေထိုင်ဘွယ်ရာကောင်းသဖြင့် ဘုရားလောင်းကျေးမင်းနှင့် ငှက်အပေါင်း တို့သေါင်းသေါင်းအုတ်အော် ပျော်မွေ့စွာ နေထိုင်ခဲ့ကြလေသည်။ ဤကဲ့ဘု၇ားလောင်းကျီးမင်းနှင့်ငှက်အပေါင်းတို့ပျော် မွေ့ကျိန်းအောင်းနေခဲ့သည် ကိုအကြောင်းပြု၍ ဤတောင်ကို ကျိန်းတောင်ဟု ခေါ်လာခဲ့ရခြင်းဖြစ်လေသည် ဟုဆိုကြ၏။
ဂေါတမမြတ်စွာဘု၇ားရှင်သည် ရဟန္တာငါး၇ာနှင့် တကွဓည၀တီ ရခိုင်ပြည်သို့ ကြွရောက်လာသောအခါ၊ သေလာဂိရိခေါ် ကျောက်တော်တောင်ထိပ်၌ တန့်ရပ်တော်မူပြီး၊ ညီတော်အနန္ဒာအား ဗျာဒိတ်စကားမိန့်ုကာတော်မူသည်မှာ၊ ” ချစ်သားအနန္ဒာ၊ ငါဘုရားသည် နုစဉ်ကာလက၊ မဇ္ဈိမဒေသအတွင်း၌ ကျေးမင်းတစ်ဇာတ်ဖြစ်ခဲ့ဘူး၏ ။ ထိုအခါကျေးငှက်ပေါင်း များစွာတို့နှင့်လာ၍၊ ဤဓည၀တီ ရခိုင်ပြည်တွင် ကာလာဂိရိခေါ်သောတောင်၌ သွားလာကျက်စားခဲ့ဖူး၏ ။ ငါဘု၇ား ပ၇ိနိဗ္ဗာန်စံပြီး ရာနောက်တွင်၊ သာဂီဝင်မင်းတို့သည် ထိုတောင်ပေါ်၌၊ ငါဘုရား၏ လျှာရင်းတော်ဖြစ်သော ဓါတ်တော်ကိုဌာပနာ၍ ဇီဝှါစေတီအမည်ဖြင့် တည်ထားကိုးကွယ် ကြကုန်လတံ့ ” ဤသို့သောဗျာဒိတ်စကားတော်အရ၊ သာသနာ သက္က၇ာဇ်(၂၁၆)နှစ်တွင်၊ ပါဋလိပုတ်ပြည့်၇ှင် သီ၇ိဓမ္မသောကမင်းကြီးသည် ဤဇီဝှါဓါတ်တော်ကို ကျိန်းတောင်ပေါ် ၌ ဦးစွာပထမ တည်ထားခဲ့လေသည်။

ကျိန်းရိပ်မြီ

ဘယ်ဆရာ ဘယ်ဆရာမမှ လာဘ်စားလို့ ကားမစီးနိုင်ဘူး

ပညာရေးကဏ္ဍခြစားမှုပြဿနာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူ နှင့်တွေ့ဆုံခြင်း ။
၂ဝ၁၃-၂ဝ၁၄ ပညာသစ်နှစ်အတွက် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံမှု မကြာမီ စတင်တော့မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ပညာရေး ကဏ္ဍနှင့် ဆက်နွှယ်မှုရှိသော လာဘ်ပေး၊ လာဘ်ယူမှုကိစ္စရပ်အား ကျောင်းအပ်လက်ခံမှုမတိုင်မီ ပညာရေးဝန်ကြီးဋ္ဌာနဒုတိယဝန်ကြီး ဦးအေးကြူနှင့် တွေ့ဆုံ မေးမြန်းမှု များ အား ဖော်ပြလိုက်ပါသည်။
မေး။- အစိုးရသစ်တက်ခါစမှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဝန်ကြီး ဦးÓဏ်ထွန်းဦးက ရန်ကုန်မြို့က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းဝင် ခွင့် လာဘ်စားမှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်သွားမယ်လို့ ကြုံးဝါးခဲ့တယ်။ ပြီးခဲ့တဲ့နှစ်အထိတော့ ဗြောင်မကျတော့ ပေမယ့် လာဘ်စားမှုတွေရှိတုန်းပဲလို့ သတင်းတွေ ကြားနေရပါတယ်။ ဒါကို ဒုတိယဝန်ကြီးအနေနဲ့ သိရှိထားပါ သလားခင်ဗျာ။
ဖြေ-    အခြေခံပညာအဆင့် ကျောင်း အပ်နှံမှုကိစ္စနဲ့ပတ်သက်ပြီး မူလတန်း အဆင့်က အခမဲ့ဆိုပြီး အတိအလင်း ထုတ်ပြန်ထားပြီးပြီပဲ။ အလယ်တန်း အဆင့်နဲ့ အထက်တန်းအဆင့်က တော့ အခမဲ့မဟုတ်ဘူးပေါ့။ မူလတန်းအဆင့် နဲ့ပတ်သက်ပြီး ပိုက်ဆံတစ်မတ်တောင် မကောက်ရဘူး။ ဒါကိုလည်း အဆင့် ဆင့်အသိပေးထား ပြီးပြီပဲ။ တိုင်တန်း လို့ သိရှိလို့ရှိရင် ညွှန်ကြားချက် မလိုက် နာမှုနဲ့ အပြစ်ပေး အရေးယူမှုတွေရှိမယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီအထိ ရန်ကုန်က ကျောင်းတွေကိစ္စက တက် မလာဘူး။တက်လာခဲ့ရင်လည်း အရေး ယူသွားမှာပါ။ အခုရှိနေတယ် ဆိုတာ ကိုလည်း မီဒီယာက ဖော်ပြရမှာပဲ။ ဖော်ပြလို့ အရေးမယူတာမျိုး မရှိပါဘူး။ ဒါပေမဲ့ မှန်ကန်ရမယ်။ ခိုင်လုံရမယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် မူလတန်း ပညာရေးကို အခမဲ့ မသင်မနေရ စနစ် ပြဋ္ဌာန်းထားတာပဲ။ မဟုတ်ဘူးလား။
မေး- ဒီနှစ်မှာလည်း လာဘ်စားမှုတွေ ထပ်ဖြစ်မယ့်အရိပ်အရောင်တွေ တွေ့ နေရတယ်။ ဒါက ထိရောက်တဲ့ အရေး ယူမှု မရှိလို့လား။ စီမံခန့်ခွဲမှု အားနည်း လို့လား။
ဖြေ- ထိရောက်တဲ့အရေးယူမှုဟာ ဒါက ရှိတာပေါ့။ မရှိဘဲနေပါ့မလား။ ဒီအပိုင်း ကို ကျွန်တော်ပြောပြမယ်။ သူ့ရပ်ကွက်၊ သူ့ဧရိယာမှာရှိတဲ့ သူက သူ့ကျောင်းမှာ အပ်တယ်။ ဒီလိုမှမဟုတ်ဘဲ တောင်ဒဂုံ မှာနေတဲ့သူက ဒဂုံ(၁)ကို အပ်ချင်တာမျိုး ဒါတွေဆိုရင် ရှုပ်ထွေးလာမယ်။ ကိုယ့် ရပ်ကွက် ကိုယ့်ဧရိယာမဟုတ်ဘဲ ဟိုမှာ ထားချင်တယ်။ ဒီမှာထားချင်တယ်ဆိုရင် ဒီလိုတွေကဘယ်ဖြစ်မလဲ။ ဒါကိုလည်း စီမံခန့်ခွဲရမှာပဲ။ ကျွန်တော် ပြောပြီးပြီပဲ။ လာဘ်စားမှုတွေရှိတယ်ဆိုရင် တင်ပြ ဖော်ပြကြပါ အရေးမယူရင်ပြော ကဲ ..ဟုတ်ပြီလား။
မေး- အနှစ် ၂ဝ ကျော် လာဘ်ပေး လာဘ်ယူမှုတွေနဲ့ အသားကျနေတဲ့ နိုင်ငံမှာ ပညာရေးကဏ္ဍကလည်း ဒီနှစ် နှစ်အတွင်း တိုက်ဖျက်ဖို့ မလွယ်ဘူးလို့ ယူဆထားပါသလား။
ဖြေ- စနစ်ရဲ့သားကောင်။ ဒါတွေက ရှိမှာပဲ။ သို့သော်လည်းပဲ ပညာရေးမှာက သူဌေး မရှိဘူး။ အင်မတန် နည်းတယ်။ ဘယ်ဆရာ၊ ဘယ်ဆရာမမှ လာဘ် စားလို့ ကားမစီးနိုင်ဘူး။ ၁ဝဝဝ မှာ တစ်ယောက်။ ၁ဝဝ မှာ ၁ ယောက် ရှိ ကောင်းရှိမယ်။ ဒါကလည်း သူ့ကိုယ်ပိုင် နဲ့ ဝယ်ထားတဲ့ကားပဲ ဖြစ်မယ်။ လာဘ် မစားနိုင်ဘူးလို့တော့ မပြောဘူးနော်။ ရှိရင်ရှိမယ်။ သမ္မတကြီးကိုယ်တိုင် လာဘ်ပေး လာဘ်ယူမှုတွေကို တိုက် ဖျက်မယ်လို့ ပြောထားပြီးသားပါ။ ဒါကို လည်း ပညာရေးဝန်ကြီးဌာနက လိုက် လုပ်ရမှာပဲ။ မလွယ်လည်း လုပ်မှာပဲ။
မေး- စီးပွားဖြစ် လာဘ်စားမှုတွေကို တိုက်ဖျက်သင့်ပြီလို့ မထင်ဘူးလား။
ဖြေ- စီးပွားဖြစ် ဒါတော့မရှိဘူး။ နည်း တယ်။ ပညာရေးမှာက ဒီလိုတွေ သိပ် မရှိကြဘူး။ သို့သော်လည်း လာဘ်ပေး လာဘ်ယူတွေရှိခဲ့ရင် အရေးယူရမှာပဲ။ တိုက်ဖျက်သင့်ပြီ မဟုတ်ဘူး။ တိုက်ဖျက် မှုကို ပြုနေတာ။
မေး- စီးပွားဖြစ်လာဘ်စားလို့ ပညာရေး နယ်ပယ်က ဘယ်နှဦးလောက် အရေး ယူထားပြီးပြီလဲ။ ဒါကိုရော ဒုတိယ ဝန်ကြီး ဖြေကြားပေးစေလိုပါတယ်။
ဖြေ – အရေးယူမှုတွေ ရှိတာပေါ့ဗျာ။ အတိအလင်းကို ရှိတာပေါ့။ မယူမနေ ရ ပင်စင်ပေးလိုက်တာတွေ၊ နေရာ ရွှေ့ပြောင်းလိုက်တာတွေ၊ ပြင်းထန်စွာ သတိပေးလိုက်တာတွေ အများကြီး ပါပဲ။ ညွှန်ကြားရေးမှူးချုပ် အဆင့် ရှိသူတွေတောင် ဘယ်နှယောက်ရှိပြီလဲ။ ဒါက မြင်သာတဲ့ အရေးယူမှုပဲ။ အညှာ ကနေ ကိုင်နေတာပဲ ကျန်တာတော့ ပြောမနေပါနဲ့တော့။ ပါတာပေါ့ဗျာ။ သို့သော်လည်းပဲ အချို့သော ဖြစ်ရပ် တွေမှာ သက်ညှာရတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကိုငြင်သာစွာနဲ့ ဖြေရှင်း ရတာတွေရှိပါတယ်။ ဆရာ၊ ဆရာမ တွေဆိုတာက အနစ်နာခံပြီး နှစ်ရှည် လုပ်လာကြတာတွေ၊ ဒါတွေကိုကြည့် ရသေးတယ်။ ပညာရေးဆိုတာ နဂိုက တည်းကိုက သိမ်မွေ့ပါတယ်။ သိမ်မွေ့ တဲ့အထဲမှာ လုပ်ကိုင်နေကြတဲ့သူတွေကို ကိုင်တွယ်ရတာကလည်း နူးညံ့ဖို့လို ပါတယ်။
မေး- ဆရာ၊ ဆရာမတွေရဲ့ ကျူရှင် စနစ်ဟာ ပျက်နေတဲ့ပညာရေးကို ပြိုကျ သွားစေတယ်လို့ဆိုကြပါတယ်။ ဒီနေ့ ပညာရေးကဏ္ဍအပြောင်းအလဲ လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကျူရှင်စနစ် အပေါ် ဘာများ ပြောလိုပါသလဲ။
ဖြေ – ကျူရှင်စနစ် ဒါက မြန်မာမှာ လည်းရှိတယ်။ ဂျပန်မှာလည်းရှိတယ်။ ဒါကို မရှိသင့်တော့ဘူးလို့ ယတိပြတ် ပြောလိုက်လို့တော့ မရဘူး။ ကျောင်းမှာ လည်း သင်တယ်။ ဒါကို ပိုပြီးကျေညက် အောင် အပြင်မှာလည်း ထပ်သင်မယ်။ ဒါကို မသင်ရဘူးရပ်လို့ ပြောလို့မရဘူး။ သူ့အတန်းကို သင်။ သူသင်တဲ့ ကျူရှင် ကိုတက်။ မေးခွန်းပေး ဒါဆိုရင် ဒါက မရှိသင့်ဘူး။ ပညာရေးဝန်ကြီးဌာနက လည်း ဒါကိုလက်မခံဘူး။ ဒါကြောင့်  မေးခွန်းထုတ်တဲ့ကိစ္စကိုလည်း ညှိနှိုင်း ရမှာပဲ။ အားလုံးကို ကျူရှင် မသင်ရ ဘူးလို့ ဝါးလုံးရှည်ကြီးနဲ့ တစ်ခါတည်း ရမ်းလိုက်လို့မရဘူး။ ကျူရှင်ကခေတ် အဆက်ဆက်ရှိခဲ့တာပဲ။ ဒါကလည်း တရားမျှတတဲ့ကျူရှင်တွေ ရှိခဲ့လို့ပဲ။
မေး- အစိုးရဆရာဝန်တွေ အပြင်ဆေး ခန်းပြတာကျတော့ အရေးမယူဘူး။ ဆရာ၊ ဆရာမတွေ ကျူရှင်ပြတာကျ တော့ အရေးယူတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ တချို့က ပြောကြတယ်။ ဒုတိယ ဝန်ကြီးကရော ဒီလိုပြောဆိုမှုအပေါ် ဘာပြောချင်ပါသလဲ။
ဖြေ- ကျူရှင်ကိစ္စကို တစ်ထိုင်တည်းနဲ့ ပြောလို့မရဘူးထင်တယ်။ တစ်ညလုံး ပြောလည်းမပြီးဘူး။ နောက်တစ်နေ့ ပြောလည်း မပြီးဘူး။ တက်တဲ့သူ ရှိလို့ သင်တဲ့သူ ရှိတယ်။ သင်တဲ့သူရှိလို့ တက်တဲ့သူ ရှိတယ်။ ဒါ့အပြင် ထားတဲ့ သူရှိလို့လည်း ကျူရှင်ရှိတယ်။ ဒါကို ဘယ်လို လုပ်ကြမလဲ။ ပညာရှင်တွေက ဖြေရှင်းကြရမယ့် ကိစ္စတောင် ဖြစ်နေ တယ်။ ထိခိုက်မှု ဘာမှမရှိတဲ့ ကျူရှင်ကို အပြစ်ပြောလို့တော့ မရဘူး။
မေး- အခုဆို အချို့ဆရာ၊ ဆရာမ တွေက ကျူရှင်ပြနေကြပါပြီ။ အချို့ တွေက ကျောင်းမှာ စာသိပ်မသင်ဘူး။ ကျူရှင်ကျမှ သေချာသင်တယ်တဲ့။ ကျူရှင်မတက်တဲ့ ကလေးဆို အတန်း ထဲမှာ အနှိမ်ခံရတော့ မဖြစ်မနေ ကျူရှင်တက်ရတယ်တဲ့။ မသင်မနေရ ကျူရှင်စနစ်ပေါ့။ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်သွားမလဲ။
ဖြေ – ဒီ ကျူရှင်မျိုးဆိုရင်တော့ မရှိသင့် ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူး။ ဒီခေတ် က ဒီမိုကရေစီခေတ်။ ဒါကြောင့် ပြောင်းလဲမှု၊ ဖြည့်စွက်မှု၊ ပြင်ဆင်မှု တွေကို ပညာရေးဝန်ကြီးဌာနက ပညာ ရေးကဏ္ဍမှာ ဆောင်ရွက်နေတယ်။ တစ်ဦးတည်း တစ်ဖွဲ့တည်းက ဆုံးဖြတ် တာမျိုး၊ အမိန့်ပေးညွှန်ကြားတာမျိုး မဟုတ်ဘဲ ပညာရှင်များက ဒီကိစ္စကို ကိုင်တွယ်မယ်။ အဖြေထွက်လာပြီး သဘောတူပြီးရင် ဒီပြဿနာကို ဖြေရှင်း သွားမှာပါ။
မေး- လစာမလောက်လို့ ကျူရှင်ပြ ကြတာတဲ့။ အခုပေးထားတဲ့ လစာက ကျူရှင်ပြစရာမလိုအောင် လုံလောက် နေပြီလား။
ဖြေ- ကျူရှင်ပြဿနာ ဒါကို တစ်ထိုင် တည်း ပြောလို့မရဘူးလို့ ပြောထားပြီး ပါပြီ။ ဒီထဲမှာမှ လုံလောက်ပြည့်စုံသော လစာရရှိမှုကလည်း အချက်တစ်ချက် ပါဝင်နေတယ်ဆိုတာ ငြင်းမရပါဘူး။ စပါးတင်း ၁ဝဝ၊ ရွှေတစ်ကျပ်သား၊ ဆရာ၊ ဆရာမလစာ တစ်တန်းထဲ ဆိုရင် တော့ ကျူရှင်က ရှိပါတော့မလား။ မရှိ တော့ဘူးနဲ့ တူတယ်နော်။ ဆရာ၊ ဆရာမတွေအတွက်ပဲ ပါတာမဟုတ် ဘူး။ တောင်သူလယ်သမားတွေ အတွက်လည်း ပါတာပေါ့။ ဘယ်သူမှ အလုပ်ရှုပ်ခံကြတော့မှာ မဟုတ်ဘူး။ ဒါတောင် ပျောက်ကွယ်သွားမယ်လို့ အာမ မခံနိုင်ဘူး။ ဒီလိုတွေတော့ ရှိတာ ပေါ့။
မေး – ပညာရေးကဏ္ဍထဲက ခြစား မှုတွေ ဘယ်အချိန်လောက်မှ အမြစ် ပြတ်မယ်ထင်ပါသလဲ။
ဖြေ- ဒါက ပေးသူရော၊ ရယူသူနဲ့ပါ သက်ဆိုင်ပါတယ်။ အမြစ်ပြတ်မှုဆို တာက အားလုံးနဲ့ဆိုင်ပါတယ်။ ထိ ရောက်တဲ့အရေးယူမှုတို့၊ လိုက်နာ ကျင့်သုံးမှုတို့ရှိရင် အမြစ်ပြတ်ပါတယ်။ ။
မင်းသုအောင်တွေ့ဆုံမေးမြန်းသည်။
RNDP + ALD ... (သို့) ၂၀၁၅ - သို့ ---?

RNDP + ALD ... (သို့) ၂၀၁၅ - သို့ ---?

RNDP + ALD ... (သို့) ၂၀၁၅ - သို့ ---?
-----------------------------
	ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ( RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ပေါင်းစည်းမှုကို ယနေ့ ရခိုင်လူထု၏ ၁၀၀%နှုန်းသော သူများအား စစ်တမ်းကောက်ကြည့်လျှင် ရာနှုန်းမပြည့်သော်တောင်မှ သိပ်လို လိမ်မည် မထင်ပါ။ ဒီပါတီနှစ်ခုသည် ရခိုင်လူထုအား အခြေပြုပြီ ပေါ်ပေါက်လာခဲ့သော ပါတီဆိုလျှင် မည်သူမျှ ငြင်းဆိုလိမ်မည် မဟုတ်။ ALD (Arakan League of Democracy) ပါတီသည် ၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အအောင်မြင်ဆုံးပါတီတခု ဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်တွင် ၀င်ရောက်ချိန်းပြိုင်ခြင်း မပြုခဲ့သော်လည်း၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် လူထု၏ လိုအပ်ချက်နှင့် အညီ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)က ၀င်ရောက် ချိန်းပြိုင်မှုများ ရခိုင်လူထု၏ ရင်ဘတ်ထဲက မဲပြားများဖြင့် အနိုင်ရရှိခဲ့ပါသည်။ 

	ယနေ့အချိန်အခါတွင် ရခိုင်တို့၏ စင်မြင့်ပေါ်တွင်  ပါတီစုစုပေါင်း (၁၃) ပါတီဖြင့် အပြိုင်အဆိုင် ပါဝင်ချိန်းပြိုင်နိုင်ဖို့အတွက် အင်အားများ စုဆောင်းလျှက်ရှိကြပါသည်။ ALD, RNDP , NLD, ကြံဖွတ်၊ မြန်မာနိုင်ငံ ရခိုင်တိုင်းရင်းသားများ အင်အားစု၊ ဒီမိုကရက်တက် မြန်မာ၊ ကုလားပါတီ (၃)ခု၊ မြို(ခ)ခမီ၊ မြို၊ ခမီ၊ တစည ပါတီတို့ဖြင့် ပါတီစုစုပေါင်း (၁၃)ခုဖြင့် နေရာယူလျှက်ရှိပါသည်။ ဤအထဲတွင် ရခိုင်ကို ကိုယ်စားပြုပြီး ပါတီကြီး နှစ်ခုသာ ရှိပါသည်။ ဤပါတီကြီး နှစ်ခုလုံးသည် ရခိုင်သားတို့၏ ရင်ထဲက ပါတီများသာဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ပါတီကြီး နှစ်ရပ် ပေါင်းစည်းမည်ဟု ပြည်သူများအား ဖွင့်ချပြသောအခါ ပြည်သူများမှ အထူးစိတ်ဝင်စားခဲ့ကြပြီး ယခုအခါ သွေးအေးနေသော ကျားကြီးပမာ အသံတိတ်လျက် ၂၀၁၃ ခုနှစ်ကို ဖြတ်ကျော်နေရသည့်အတွက် ပြည်သူများမှ အားမလို အားမရဖြစ်လျှက်ရှိပါသည်။ ဒီကြားထဲ ALD က စာအားဖြင့် ဒု-ဥက္ကဌ ဦးအေးကျော်မှ တရားဝင် စာဖြင့် ကမ်းလှမ်းခဲ့သော်လည်း RNDP မှ အမှတ်(၂) မဲဆန္ဒနယ်မှ  ပြည်နယ် လွတ်တော် ဦးအောင်မြကျော်မှ ရုံးတံဆိပ်မပါခဲ့သဖြင့် တရားဝင် မဖြစ်ကြောင်း လောက်ဖြင့်သာ သွေးအေးသွားခဲ့ကြသည်။ ဤပါတီကြီး နှစ်ရပ်သည် ချီးတစ်ကြောင်း ၊ သမင်းတစ်ကြောင်း ပြေးနေကြလျှင် ၂၀၁၅ ခုနှစ်ကို ဘယ်သို့ ချီတက်ကြရမည်ကို ရခိုင်ပြည်သူများမှ ရင်တမမဖြင့် စောင့်စားလျှက်ရှိပါသည်။ 

	ဤကြားထဲ ၂၀၁၅ ခုနှစ်သည် သိပ်မဝေးသည်ကာလကြား ပါတီနှစ်ခုမှ ရခိုင်ပြည်နယ် မြို့နယ်တိုင်း ၊ ကျေးရွာတိုင်းတွင် ပါတီရုံးများ အပြိုင်အဆိုင် ဖွင့်လှစ်လာကြပြီး ပေါင်းစည်းရေးသည် ရေထဲတွင် အရုပ်ရေးသလို အဆင့်လောက်သာ ရှိသည်ဟု လူထုကြား တစ်စ တစ်စ ပြောလာကြသည်။ ဤသို့ အပြိုင်အဆိုင် ပါတီရုံးများ တည်ထောင်နေကြသော်လည်း ရခိုင်ပါတီကြီးနှစ်ခုသည် ၂၀၁၅ ခုနှစ်အတွက် ရခိုင်လူထုသို့ တရားဝင် ချပြသည့် အချက်အလက်များကို မတွေ့ရှိရသေးပေ။ ဤသို့ဆိုလျှင် ၂၀၁၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်၏ ခါးသီသော အတွေ့အကြုံများကို ရင်နင့်အောင် ခံစားခဲ့ကြရသော ရခိုင်ပြည်သူတို့ ပုပ်ကြားလျှင် နွားချီးဝင်မည်ကိန်းကို မြင်တွေ့နေရသလို ဖြစ်နေသည်။ ပြည်မ၏ အင်အားကြီး ပါတီဖြစ်သော NLD နှင့် ကြံဖွတ် ပါတီများကို အဘယ်ကဲ့သို့ အင်အားများဖြင့် ပြိုင်ဆိုင်ကြမည်နည်း ဆိုသည် မေးခွန်းသည် ရခိုင်လူထုကြားသို့ တဖြည်းဖြည်းဖြင့် စဥ့်ဝင်လျက်ရှိပါသည်။ သံသယကြီးစိုးနေသော ရခိုင်လူထုအား ထင်သာမြင်သာရှိအောင် လုပ်ဆောင်ပြရတော့မည် အချိန်အခါသို့ တဖြည်းဖြည်း ရောက်ရှိလာသည် အချိန်ဖြစ်ပါသည်။  ဒီကြားထဲ “ဒီပါတီနှစ်ခု မပေါင်းဖြစ်ပါဘူးကွာ” လို့ သောလော သောလော အသံတွေလည်း ထွက်လာသည်။ ဒီပါတီနှစ်ခုပေါင်းလိုက်ရင် တတိယ ပါတီပေါ်လာလိမ်မယ်လို့ ခြိမ်းခြောက်သံလိုလို အသံတွေလည်း ထွက်လာသည်။ ဤသို့ဆိုလျှင် ၂၀၁၅ ခုနှစ်အတွက် ရခိုင်ပါတီနှစ်ခုနှင့် ရခိုင်ပြည်သူတို့၏ အနာဂတ်သည်ေ၀၀ါးနေဆဲပင် ဖြစ်ပါသည်။ 

	“ရခိုင် နိုင်ငံရေး ပါတီ ၂ ခုဖြစ်သော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDF နှင့် ရခိုင် ဒီမို ကရေစီ အဖွဲ့ချုပ် ALD ပါတီတို့ ပေါင်းစည်းမည် ဆိုပါက ရခိုင် ပြည်သူများ အတွက် ပို၍ အကျိုးရှိမည် ဖြစ်ကြောင်းကို ဂျပန် နိုင်ငံ ကန်ဒါ တက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်း ပါမောက္ခ ဒေါက်တာ အေးချမ်းမှ ရခိုင် ပြည်နယ် စစ်တွေမြို့ ၀ံလက် ဖောင်ဒေးရှင်း ရုံးတွင် ပြုလုပ်သည့် တွေ့ဆုံ ပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။” ၂၀၁၃ ခုနှစ် မတ်လ (၁၅) ရက်နေ့၊ ညနေ(၃)နာရီ ၀ံလက်ဖောင်ဒေးရှင်း ရုံးခန်းမှာ သမိုင်း သုတေသီ ဆရာတော် အရှင် စက္ကိန္ဒ၊ သမိုင်း သုတေသီ ဆရာ အောင်လှသိန်း၊ ရက္ခိတ မျိုးစောင့် ဆုရှင် သမိုင်းဆရာ ဦးမောင် ဗသိန်းနှင့် စာရေး ဆရာများ၊ ၀ံလက်မှ ဒါရိုက်တာ အဖွဲ့ဝင်များ၊ ကျောင်းသား လူငယ်များ၊ အဖွဲ့အစည်း တချို့မှ တာဝန်ရှိသူ များနှင့် အကြို တွေ့ဆုံကာ ဆွေးနွေး မှုများပြုလုပ် နိုင်ငံတကာ သတင်းစာမျက်နှာများတွင် တွင်းတွင်းကျယ်ကျယ် ဖော်ပြခဲ့ကြပါသည်။ သမိုင်း ပညာရှင်တစ်ဦးမှ သမိုင်းသုတေသီများနှင့် ရခိုင်လူထုကြား လူသိရှင်ကြားပြောခဲ့သော စကားတစ်ခွန်အား ပြန်လည် ဖောက်သည် ချနေမိခဲ့ပါသည်။ 

	ရခိုင်ပြည်နယ်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှာ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရ ပါတီကြီးဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီမှာလည်း ၂၀၁၀ ခုရွေးကောက်ပွဲ အနိုင်ရ ပါတီကြီးတခု ဖြစ်သည်။ အဆိုပါ ပါတီနှစ်ခု တစ်ပါတီအဖြစ် မပူးပေါင်းနိုင် ပါက ရခိုင် အနာဂတ်မှာ ပိုမို ဆိုးရွားသွားနိုင်ဖွယ်ရှိသဖြင့် ပါတီ ၂ ခု ပူးပေါင်းရေးကို ရခိုင်ပြည်သူ တရပ်လုံးက အထူးလိုလားတောင့် တနေကြသည်ဟု ကောက်ချက်ချရင်း ကျွန်နော်၏ ရင်ထဲမှ နှလုံးသား အသိဖြင့် အမြင်တစ်ခုကို ကောက်ချက်ချ ရေးဆွဲချမိပါသည်။ 

ရေး - သျှင်းသွီး

မိတ်ဆွေတို့၏ အမြင် Comment များဖြင့် ပါတီနှစ်ခုပေါင်းစပ်မှုကို အသံဖြင့် ဖော်ပြကြပါစို့ -

From RSV
မြို့ပြလူဦးရေ ဖိတ်လျှံမှု အကျိုးဆက် ကျူးကျော် ပြဿနာများ

ရဲထွဋ် (စိတ်ပညာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်အချို့တွင် ဒီမိုကရေစီ ခေတ်ဦး အရှိန်မြင့်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် စီမံကိန်းများ ချမှတ်နေသည်များကို ကြားရ၊ ဖတ်ရချိန်တွင် ဝမ်းသာမိသည်နှင့် တစ်ပြိုင်နက် 
မြို့နယ်အလိုက် လျှံထွက်လာသော ပိုင်ဆိုင်မှု လက်ဆုပ်လက်ကိုင် မရှိသည့် အခြေခံ လက်လုပ်လက်စား လူတန်းစား များနှင့် တာဝန်ရှိသူများ အကြား လူ အုပ်လိုက်သင်းလိုက် ကျူးကျော် နေအိမ်များ ဆောက်လုပ် နေထိုင်လာကြရုံမျှ မက တရားဥပဒေနှင့် မညီညွတ်သဖြင့် ဖယ်ရှားပေးရန် တားမြစ်သော ဝန်ထမ်းများ ကိုပါ ကိုယ်ထိလက်ရောက် ဟန့်တား ရိုက်ထုတ်နေကြသော ဖြစ်ရပ်များမှာ စိတ်မချမ်းမြေ့ဖွယ်ပင် ဖြစ်ပါသည်။ ကျူးကျော် ဆိုသည်ကို နားလည်သလို အဓိပ္ပာယ် ပြန်ရလျှင် မိမိပိုင် သို့မဟုတ် ဘိုးဘွားပိုင် မဟုတ်သော မြေ၊ အဆောက်အအုံ နေရာတွင် တရားမဝင် ခွင့်ပြု ချက် တစ်စုံတစ်ရာ မရှိဘဲ ယာယီအားဖြင့် မိမိသဘော ဆန္ဒအလျောက် ဝင်ရောက် နေထိုင်သူများဟု ခေါ်ဆိုနိုင်ပေသည်။ မြို့ကြီးပြကြီးများတွင် ကျူးကျော်သူများ ပိုမိုများပြား လာရခြင်းကို လေ့လာကြည့်ပါက မြို့ပြရှိ ယခင်နေထိုင်သူ လူဦးရေမှာ နှစ်စဉ် တိုးပွားနေခြင်း၊ ကျေးလက်ဒေသရှိ တိုးပွားလာသော လူဦးရေကိုလည်း ကျေးလက်တွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းနှင့် ဝင်ငွေနိမ့်လွန်းခြင်း တို့ကြောင့် မိသားစု စားဝတ်နေရေး ရပ်တည်မှု အခွင့်အလမ်း ရှိနိုင်သော မြို့ပြဝန်းကျင်သို့ ကျေးလက်မှ ခိုဝင်မှုများပြားလာခြင်း တို့ကြောင့် မြို့ကြီး ပြကြီးများသို့ နှစ်စဉ် တိုးတက်လာ သော လူများအတွက် နေထိုင် တည်းခိုရန် အိမ်ရာ လုံလောက်မှုမရှိခြင်း၊ ငှားရမ်းနေထိုင်ရန် ဈေးနှုန်း မြင့်မား လာမှု တို့ကြောင့် အမိုးအကာ တစ်ခုအောက်တွင် ခိုလှုံရန် မဖြစ်ဖြစ်သလို နည်းဖြင့် ဆောင်ရွက်ခဲ့ကြရာမှ မပိုင်သည့် မြေတွင် ချဉ်းနင်း ဝင်ရောက် တဲငယ်လေးများ ဆောက်လုပ်ကာ နေထိုင်ကြခြင်းဖြင့် ကျူးကျော်များ အဖြစ် စာရင်း ပေါ်ပေါက်လာ ရခြင်း ဖြစ်ပေသည်။

ကျူးကျော် အိမ်ရာများ တိုးပွားလာမှုသည် မြို့ပြ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို များစွာ ထိခိုက်စေပြီး မီးဘေးအန္တရာယ် အတွက်လည်း အလွန် စိုးရိမ်ဖွယ်ကောင်းသည့် အနေအထားတွင် ရှိပေသည်။ ပြည်တွင်း အလုပ်လက်မဲ့နှုန်းနှင့် အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေ နည်းပါးမှု အကြောင်းများသည် လည်း ဝင်ငွေနည်း ပြည်သူများ အတွက် တရားဝင် ဝယ်ယူနေထိုင်ခွင့် ရှိသော အိမ်ရာ စီမံကိန်းများနှင့် အလှမ်းဝေး နေရခြင်း အကြောင်းတစ်ရပ် ပင် ဖြစ်ပေသည်။ တန်ဖိုးနည်း အိမ်ရာများကို အမြန်ဆုံးဆောက် လုပ်ပေးရန် လိုအပ်နေသော်လည်း တန်ဖိုးနည်း အိမ်ရာ၏ ဈေးနှုန်းကပင်လျှင် အလယ်အလတ်တန်းစား ဝင်ငွေရ မိသားစုများ အတွက်ပင်

Read More >> http://bit.ly/11HuwTt

ရခိုင်ပြည်ကို ကာကွယ်ရန်လိုအပ်နေပြီ

ရခိုင်ပြည်ကို ကာကွယ်ရန်လိုအပ်နေပြီ

Zin Yaw
ဗုံးလန့်၍ ရခိုင်မြောက်ပိုင်း လုံခြုံရေးမြှင့်
............................................

ရန်ကုန်၊ မေ ၁၀

အကြမ်းဖက်ဗုံးဖောက်ခွဲမည် ဆိုသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အဖွဲ့ဝင်ဦးမျိုးသန့်က ပြောကြားသည်။

လွန်ခဲ့သောရက်ပိုင်းက ပြည်ပမှ မွတ်ဆလင်အကြမ်းဖက် အချို့က မြန်မာနိုင်ငံကို ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၁၀ ရက်နေ့ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှု ပြုလုပ်မည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းသို့ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"ရခိုင်ပြည်နယ်မြောက်ပိုင်း (ဘူးသီးတောင်၊ မောင်တော စသည်) ကို အဓိကထား လုံခြုံရေး တင်းကျပ်ထားတယ်" ဟု ဦးမျိုးသန့်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်တပ်ရင်းပေါင်း ၅၀ ကျော်၊ လုံထိန်းတပ်ရင်း ငါးရင်း၊ ရဲတပ်ဖွဲ့အင်အား ၁၀၀၀ ကျော်ရှိပြီး ကမ်းရိုးတန်းတွင်လည်း တပ်မတော်ရေတပ်က လုံခြုံရေးယူထားကြောင်း မောင်တော- စစ်တွေ တစ်လျှောက် ကမ်းရိုးတန်းဒေသများတွင် တပ်မတော်နှင့် နယ်စပ်ဒေသ လူဝင်မှုစိစစ်ရေးနှင့် ကွပ်ကဲမှု ဌာချုပ် (နစက) တို့က တာဝန် ယူထားကြောင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"မောင်တောမှာ အဝင်အထွက်တွေ ကိုပါ အသေအချာ စစ်ဆေးပါတယ်။ လုံခြုံရေး အပြည့်အဝ ချထားတယ်။ အခြေအနေက အေးအေးဆေးဆေးပါပဲ" ဟု မောင်တော ခရိုင် ကျီးကန်းပြင်မြို့နယ်ခွဲရှိ နယ်စပ်ဒေသ လူဝင်မှုစိစစ်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော RSO (Rohingya Solidarity Organization) နှင့် Arno (Arakan Rohingya National Organization) တို့က အကြမ်းဖက်မည့် သတင်းများ ထွက်ပေါ်နေကြောင်း ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွှဲမည် ဆိုသည့် သတင်းများ၊ ဘင်္ဂါလီ လူမျိုး စာရင်းကောက်ရာတွင် ဖြစ်ပွားခဲ့သော ပြဿနာများကို အခြေခံကာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဗုံးဖောက်ခွဲမည့် သတင်းများ မေလဆန်းပိုင်းက စတင်ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံဦးသန်းထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံ နေရသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခေါင်းဆောင် Abu Bakar Bashir က မေလ ၂ ရက်နေ့တွင် Voice of Islam အင်တာနက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ကြေညာခဲ့သည်။

Credit To:The Voice Weekly

ZinYawNews

ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်

ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်

သန္တာဝင်း

ဘင်္ဂါလီနှင့် သန်း ၂၀ ၏ မနက်ဖြန်

ကမ္ဘာပြားပြီ ဆိုတဲ့ စာအုပ်ကို ဖတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကတော့ မြန်မာပြည်မပါလို့ တွေးခဲ့တာ ရှိပေမယ့် နှေးလွန်းလို့။ အခုတော့ ကမ္ဘာတကယ်ပြားသွားပြီ။ တစ်နေ့ တစ်နေ့ ဂျပန်က သူငယ်ချင်း၊ အမေရိကားက သူငယ်ချင်း၊ မန္တလေးက သူငယ်ချင်းတွေနဲ့ ပြောနေ ဆိုနေ လိုက်တာ၊ လူချင်းလည်း မသိ။
နေရာဌာန အကွာအဝေး ဆိုတာကို အင်တာနက်ကြီးက ချုံ့ချ ပစ်လိုက်တာ ဘေးချင်းကပ်ပဲ ရှိနေ သလိုလို။

ဟိုးတုန်းက သတင်းတွေဆိုတာ တီဗီမှာ လာသွားတာ ပြန်လိုချင်လို့ မရတော့။ လေထဲ ပျောက်သွားပြီ။ သတင်းစာတွေဆိုရင်တော့ တစ်ထပ်ကြီးစုထား။ တောင်ပုံရာပုံ။ နှစ်ချို့တော့မှ အဟောင်းဆိုင်မှာ ရောင်းစား။ အခုတော့ ဂူးဂဲထဲမှာ တစ်ချက် ခေါက်လိုက်တာနဲ့ ဘယ်နှနှစ်စာ လိုချင်သလဲ၊ အကုန်ရ။

အချိန်ဆိုတာကို ချုံ့ချပစ် လိုက်တဲ့ အင်တာနက်။ သူ့ကျေးဇူးကြောင့်ပဲ သတင်းအဟောင်းတွေကို ဆက်စပ် ဖတ်ကြည့်လိုက်တော့ ဇာတ်လမ်း တစ်ပုဒ်စာ ထွက်ပါရော လား။ တကယ်ပဲ ကမ္ဘာကြီးဆိုတာ ရွာကြီးပဲကိုး။ ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ဆိုတာ ဒိုမီနို သီအိုရီလို တစ်ဆက် တစ်စပ်တည်း ရှိနေ တာကလား။

ကမ္ဘာကြီး ပူနွေးလာတယ်လို့ ပြောကြတာ ကြားတော့ကြားဖူး နေတာပဲ။ အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုး ရိုက်ပြထား တဲ့ An Inconvenient Truth သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု မှတ်တမ်းခွေကို ကြည့်ရတော့မှပဲ နည်းနည်း တီးမိ ခေါက်မိတာ။ ကမ္ဘာမြေ အပူချိန် ဒီဂရီဟာ ၀ ဒသမ ၆ စင်တီဂရိတ်နှုန်းနဲ့ တက်နေ ပါသတဲ့။ အလွယ် စဉ်းစားနိုင်တာကတော့ အပူချိန် များလာတော့ ရေအပြန့် ကျယ်လာတယ်။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေ အရည် ပျော်လာတယ်။

ရေထုထည် များတော့ ပင်လယ်ရေ မျက်နှာပြင်က ၁၀-၂၀ စင်တီမီတာနှုန်းနဲ့ မြင့်တက် နေပါတယ်တဲ့။ ပင်လယ်ရေ မျက်နှာပြင် မြင့်လာတော့ ကုန်းမြေ ကျဉ်းသွားတာပေါ့။ တချို့ကျွန်းနိုင်ငံ သေးသေးလေးတွေဆို ၁၀ နှစ်ကနေ နှစ် ၅၀ အတွင်း ရေအောက် ရောက်သွားမယ်ဆိုပဲ။ လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ မော်လဒိုက် ကျွန်းနိုင်ငံဆိုရင် ဆောက်တည်ရာ မရ ဖြစ်နေတာ ကြာပြီ။ ဘယ်ပြေး ရမှန်းလဲ မသိ။ ကြောက်စရာကြီးနော်။

ကမ္ဘာကြီး ဘာကြောင့် ပူနွေးလာသလဲ ဆိုတော့ ကာဗွန် ဓာတ်ငွေ့ ထုတ်လုပ်မှုတွေ များလို့တဲ့။ ကာဗွန်ဓာတ်ငွေ့ ဘယ်ကထွက် လဲဆိုတော့ စက်ရုံတွေ၊ ကားတွေကတဲ့။ နောက်ဆုံး စာရင်းချတော့ လူလုပ်တဲ့ ဘေးအန္တရာယ် ပါတဲ့။ ဘယ်လူတွေလဲဆိုတော့ စက်ရုံတွေ၊ ကားတွေများတာ ဘယ်သူရှိလဲ။ ကမ္ဘာ့ထိပ်သီး ကာဗွန်ထုတ်လုပ်မှု အများဆုံး သုံးနိုင်ငံ - အမေရိကန်၊ တရုတ်၊ အိန္ဒိယတဲ့။ တခြားသော ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများလည်း ပါတာပေါ့။

ဒီပြဿနာကို ဖြေရှင်းဖို့ ကျိုတို ပရိုတိုကောဆိုတဲ့ စာချုပ် ကြီး ပေါ်လာပါရော။ စည်းကမ်းတွေ သတ်မှတ်၊ ကာဗွန်တွေ လျှော့ထုတ် ကြမယ်ပေါ့။ နိုင်ငံစုံ အစည်းအဝေးကြီးလုပ်ကြတယ်။ သဘောတူညီမှုတွေ ညှိနှိုင်းကြတယ်။ အစကတော့ ဟုတ်သလိုလိုပဲ။ နောက်တော့ မဟုတ်ဘူးဖြစ်ပြန်ရော။ ဘာလို့လဲဆိုတော့ အများဆုံး ထုတ်တဲ့ သုံးနိုင်ငံက လက်မှတ် မထိုးလို့။ နင်လျှော့ရင် ငါလည်း လျှော့မယ်နဲ့ အပြန်အလှန် လက်ညှိုးထိုးနေတာနဲ့ပဲ အဖြေမထွက်ဘူး တဲ့။ ကောင်းရော။

အားတက်စရာလေး ပြောလိုက်ဦးမယ်။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံ က ကာဗွန် ထုတ်လုပ်တဲ့ စာရင်းထဲမှာ နံပါတ် ၉၁။ လူတစ်ယောက်ချင်း ထုတ်တဲ့နှုန်းနဲ့သာ ပြန်တွက်ရင် နံပါတ် ၁၈၅။ တစ်ကမ္ဘာလုံး ထုတ်လုပ် မှုရဲ့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းပဲ ရှိသတဲ့။ ကြွားချင်ရင် ကမ္ဘာပတ်ကြွားပေ တော့။ တို့များက သန့်သန့်ရှင်းရှင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု နည်းအောင် နေတဲ့ တိုင်းပြည်လို့။ လူသားတစ်မျိုးလုံးနဲ့ တောရိုင်း တိရစ္ဆာန်များကို တစ်ထောင့် တစ်နေရာကနေ စောင့်ရှောက်ပေးနေ တဲ့အကြောင်း ကမ္ဘာ့ဆူပါ ပါဝါ သုံး နိုင်ငံသားတွေ ရှေ့မှာ ခေါင်း ကို မော့ပြီးပြောလို့ ရတယ်။

အဲဒီလို ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာရင် ရေအောက် ရောက်သွား မယ် လို့ စာရင်းပြုစု ခံရတဲ့ နိုင်ငံ ရှစ်နိုင်ငံ ရှိပါတယ်။

(၁) မော်လဒိုက် ကျွန်းစုများ၊ (၂) ဘင်္ဂလားဒေ့ရှ်၊ (၃) ဖိလစ်ပိုင်၊
(၄) အီဂျစ်၊ (၅) တူဗာလု၊ (၆) ပေါ်ပူဝါ နယူးဂီနီ၊ (၇) ဘာဘေးဒိုး၊ (၈) ကီရိဘာတီတို့ ပါတယ်။

ဒီအထဲကမှ ကျွန်မတို့ အိမ်နီးချင်းကြီးရဲ့ဒုက္ခကို ပြက်ရယ် မပြုချင်ပေမယ့် သူ့ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းလေး တွေကိုတော့ အနီးကပ်နေရသူ ပီပီ သိထားဖို့ လိုပါတယ်။

ပင်လယ်ရေ တက်လာမှုကြောင့် တစ်ကမ္ဘာလုံး လူပေါင်း သန်း ၂၀၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သန်း ၂၀ ဟာ ၂၀၅၀ မတိုင်ခင်မှာ ရွှေ့ပြောင်း နေထိုင်ရပါလိမ့်မယ်တဲ့။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးက ဒီလိုမျိုး လူလုပ်တဲ့ ဘေးအန္တရာယ်ကို ခံစား ရတာမို့ အနောက် အုပ်စုထံက ဒေါ်လာ လေးဘီလီယံ လိုချင်ပါသတဲ့။ အတိုးနဲ့ချေးတာ မဟုတ်ဘူးတဲ့။ ဒီအတိုင်း အလွတ်ပေးရမှာတဲ့။ တောင်းပုံလေးက သင်းတယ်နော်။

ဒါ့အပြင် ဒီလို ဒုက္ခရောက်တဲ့ လူတွေကို လက်ခံဖို့ ဗြိတိန် နိုင်ငံက ဗီဇာတံခါးကို ဖွင့်ပေးသင့် သတဲ့။ ဥရောပနဲ့ အမေရိကန် ကလည်း ဒီသန်းနဲ့ ချီတဲ့ ဘင်္ဂါလီတွေကို တာဝန် ယူသင့် တာတဲ့။ သိပ်ရယ်ရတာပဲ။ ဒါတွေက ၂၀၀၉ ခုနှစ် ကတည်းက တောင်းဆိုနေ ခဲ့တာ။ ရသွားလား မရသွားလားတော့ မသိ။

ဒီလောက်ဆိုရင် ၂၀၁၂ ရခိုင် အရေးအခင်း ပြဿနာ ထဲကို ဘာလို့များ တစ်ကမ္ဘာလုံးက စိတ်ဝင်စား၊ အာရုံစိုက်၊ ကရုဏာ တွေသက်ပြီး စုတ်တသပ်သပ်နဲ့ တက်တက်ကြွကြွကြီး ဝင်ရောက် ကူညီ ချင်နေသလဲ ဆိုတာကို ဆက်စပ်လို့ ရလောက်ပါပြီ။

OIC ရယ်၊ BBC , VOA, RFA, Irrawaddy, DVB
တို့အပြင် လက်သည် တရားခံတွေ ထဲမှာ ရေကြီးတာလည်း ပါသကိုး။
သူ့လူသန်း ၂၀ ကို နဂိုကမှ ဘယ်ပို့ရမှန်း မသိရတဲ့ အထဲနော်။ တရုတ်ကြီးလိုပဲ တစ်အိမ်ထောင် ကလေးတစ်ယောက် အမိန့် ထုတ်လိုက်ပြီးရော။

နောက်ခံအကြောင်းတွေ အများကြီး ရှိနေတဲ့ ရခိုင်၊ ဘင်္ဂါလီ အရေးကို လူမျိုးစု နှစ်စု မကျေမနပ် သတ်ဖြတ်ကြခြင်းလို့ လွယ်လွယ် ကလေး လက်ခံဖို့ မသင့်ပါဘူး။ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲ ရေးလို့ အကျယ်ကြီး အော်နေပေမယ့်လည်း အနောက်ဘက် စည်းရိုး ပေါက်သွားတာကတော့ ငြင်းလို့မရတော့ပါ။ လက်နက်ကို လက်နက် ချင်းတိုက်တာ ထင်သာမြင်သာ ရှိလှပေမယ့်လည်း လူကိုလူချင်း
ဖိသတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျည်ဆန်ကလည်း အသုံးဝင်လိမ့် မယ် မဟုတ်ပါဘူး။

လတ်တလော သတင်းကောင်းကတော့ အာဆီယံ အဖွဲ့ကရော၊ ဧည့်သည်တော်ကြီး အိုဘားမားကပါ နိုင်ငံသားဖြစ်ခွင့် ဆိုတာကို ဝင်ရောက် စွက်ဖက်လို့ မရပါဘူးလို့ ပြောသွားပါတယ်။ နားလည် သလောက်ကတော့ ဘင်္ဂါလီတွေကို လူ လူချင်း ကူညီမှုတော့ ပြုရမယ်။ နိုင်ငံသားပေးတာ မပေးတာကတော့ မြန်မာတွေသာ ဆုံးဖြတ်နိုင် တယ်လို့ ဆိုပါတယ်။ နိုင်ငံသား ဥပဒေကို ပြင်ပါလို့ သူတို့မှာ ပြောခွင့် မရှိပါဘူးတဲ့။
အချုပ် ဆိုရရင်တော့ ရခိုင်အရေးဟာ မြန်မာ တစ်မျိုးသားလုံး အရေးမို့ သွေးအေးနေလို့ မဖြစ်တော့ပါကြောင်း။

ခေတ်သစ်ရခိုင်သမိုင်း၏ ခါးသီးစရာအကောင်းဆုံးသက္ကရာဇ် (သို့) ၂၀၁၂ ခုနှစ်ကို ဖြတ်သန်းခြင်း

.

၂၀၁၂ ခုနှစ်တွင် "၂၀၁၂" အမည်ရ ရုပ်ရှင်ကားကြီးသည် မာယာပြက္ခဒိန်အပေါ် အခြေခံကာ ထွက်ရှိလာခဲ့ ပြီး လူတိုင်းစိတ်ဝင်တစား ကြည့်ဖြစ်ခဲ့ကြသည်။ ကမ္ဘာမြေကို ရေများဖုံးလွှမ်းသွားခဲ့သည့် ကြောက် စရာကောင်းသော ပြကွက်များ သည်းထိတ်ရင်ဖိုစရာ ကောင်းလှသည်။ သို့သော် ယင်းဇာတ်ကား အတိုင်း ဖြစ်မလာ။ ကမ္ဘာကြီးက ၂၁ ရာစု ၀သီအတိုင်း မုတ်တိုင်းဝင်၊ ငလျင်လှုပ်၊ ရေကြီးလောက်နှင့် ကုန်လွန်သွားခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်သည် အထူးသဖြင့် ရခိုင်တို့သည် ခေတ်သစ်သမိုင်းတစ်လျှောက်တွင် အဆိုးဝါးဆုံး၊ အခါးသီးဆုံးသော သက္ကရာဇ်တစ်ခုကို ဖြတ်သန်းဖြစ်ခဲ့ကြရသည်။ လုံးဝမေ့စရာမဟုတ်။ လုံးဝ ကျေနပ် စရာမကောင်း၊ အောင့်သက်သက်နှင့် ကူရာမဲ့၊ ကယ်ရာမဲ့နှင့် ၂၀၁၂ ကို ရင်နင့်နင့် ဖြတ်သန်းခဲ့ရသည်။

၂၀၁၂ နှစ်ဦးတွင် ဂီရိမုန်တိုင်းသင့် ဒေသများ ပြန်လည်စိုပြည်လာခဲ့မှု၊ လွှတ်တော်များ အသက်ဝင်လာမှု၊ လွှတ်တော်ကိုယ်စားလှယ်များ နှံ့စပ်ကျွမ်းကျင်လာမှု၊ အစိုးရ၏ ဖြေလျှော့ခြင်း အပြောင်းအလဲများ ဆက်တိုက်လှုပ်ရှားလာမှု၊ ကျန်းမာရေး၊ ပညာရေးဘတ်ဂျက်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘတ်ဂျက်များ ပိုမိုလာမှု၊ ဒီမိုကရေစီဆန်သော ချဉ်းကပ်မှုများက မျှော်လင့်နိုင်စရာများ ဖြစ်ထွန်းခဲ့ရသည်။

ခေတ်အဆက်ဆက် ပိပြားခဲ့ရသော ပြည်သူများအတွက် ပြန်လည်ရှင်သန်နိုင်ခွင့်ဆိုသည်ကို မျှော်လင့်ကြ သည်။ မျှော်လင့်ခြင်းများသည် ဖူးလျက်၊ ဝေလျက်၊ မွှေးမြလက်၊ သင်းပျံ့လျက်ရှိတုန်းမှာ ရခိုင်တို့သည် ကိုယ့်မြေကိုယ့်ရေတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။

အစွန်းရောက် ဘာသာရေးအကြမ်းဖက်များ၏ နယ်မြေလုယက်မှုကို လှလှပပကြီး နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရသည်။ အစီအစဉ်တကျ ဖန်တီးလုယူလာကြသော ကြံစည်မှုကြီးသည် ရခိုင်တို့အတွက် ပြင်း ထန်သော ဒဏ်ရာဖြစ်ခဲ့ရသည်။

အသက်များ၊ သွေးများ၊ မျက်ရည်များ၊ ဒဏ်ရာများ၊ မီးခိုးများ၊ အော်ဟစ်သံများသည် ရခိုင့်မြေပေါ်တွင် ပဲ့တင်ထပ်ခဲ့ရသည်။ ထို့ပြင် မပြီးဆုံးသေး။ ဇွန်လဆန်းတည်းက စတင်ခဲ့သော အကြမ်းဖက်မှုဂယက်သည် ၂၀၁၂ ကို ကုန်ဆုံးသွားခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းလာသည်အထိ ပြီးဆုံးမှုမရှိသေး။ ခရီးကား အကွာအဝေးမသိရသော တာဝေးမာရသွန်ခရီးအဖြစ် ရောက်ရှိလာမည်လားမသိ။

သီလတရားနှင့် အမျိုးကို စောင့်ရှောက်ခဲ့ကြသော လူမျိုးတစ်ခု၏ ရုပ်ဒြပ်သည် မွဲပြာခြောက်သွေ့နေရသည်။ ကူရာမဲ့ ကယ်ရာမဲ့ဘ၀။ အမှန်တကယ်ကို မျောက်မင်းဝူခုန်းဘ၀။ တရုတ်ဇာတ်လမ်းရှည်ထဲက ဇာတ်ကောင် ဘ၀နှင့် မခြားသော ရခိုင်တို့ဘ၀။ အာဏာရှိသူက ဘုန်းကြီး။ ၀ူခုန်းက မိစ္ဆာဟုပြော၍ မယုံ။ မိစ္ဆာက နှောင့် ယှက်လို့ ၀ူခုန်းပွဲကြမ်းတော့ ဘုန်းကြီးက တရားစာရွက်လိုက်သောအခါ ၀ူခုန်းခမျာ ခေါင်းပေါ်က သရဖူ သဏ္ဍာန်လေးကြောင့် သေမတတ်ခံစားရသော ဇာတ်လမ်း။ ယခုလည်း ဘုန်းကြီးက အစိုးရနှင့် အနောက် ကမ္ဘာ၊ ၀ူခုန်းက ရခိုင်။

ယခု (၇)လတာ ကာလအတွင်း အကြမ်းဖက်များကို ဖမ်းပြီးမကြာမီ သမ္မတက လွှတ်ပေးလိုက်သည်။ သို့သော် ရခိုင်ဦးရေ အတော်များများကတော့ ထောင်နှင့် တရားရုံးတွင် တစ်လှည့်စီ စံမြန်းနေရသည်။ အကြမ်းဖက်များက အကြမ်းဖက်လျှင် အေးဆေး။ ရခိုင်က ပြန်ချလျှင် ထောင်သို့ ခေါ်ယူသွားကြသည်။

ပုဒ်မ ၁၄၄ ဆိုသော ညမထွက်ရ အမိန့်အောက်တွင် ရခိုင်တို့၏ဘ၀သည် ဆုတ်လည်းစူး၊ စားလည်းရူးနှင့် အပေါင်းလက္ခဏာ တစ်ကွက်မှမတွေ့ရပေ။ ရခိုင်မြေပေါ်၌ ရခိုင်တို့သည် အရာရာကို ကြောက်နေကြရသည်။ ၂၀၁၂ ရှေ့၌ ရှိခဲ့သော သက္ကရာဇ်များသည် ရခိုင်တို့အတွက် ကောင်းခဲ့သည်တော့မဟုတ်။ သို့သော် ၂၀၁၂ သည် အဆိုးဝါးဆုံးသက္ကရာဇ် ဖြစ်ခဲ့ရသည်။

ရခိုင်လူမျိုးမပျောက်ရန်၊ ရခိုင်ပြည်နယ်တည်ရှိရန်၊ မြန်မာနိုင်ငံဆက်လက်တည်မြဲရန် ရခိုင်လူမျိုးကို လက်ထပ်ယူကြဖို့၊ မည်သည့်နေရာကိုရောက်သည်ဖြစ်စေ ရခိုင်ပြည်နယ်ကို ပြန်လာကြဖို့၊ ကမ္ဘာတည်သရွေ့ ရခိုင်ပြည်နယ်နှင့် ရခိုင်လူမျိုးရှိနေစေရမည် ဆိုသည်တို့က ၀ံသာနုရက္ခိတ တရားများမဟုတ်ဘဲ လှုံ့ဆော်ခြင်းဟု အမည်ပေးကြခြင်းကို နားမလည်နိုင်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုသည်ကလည်း ယခုအချိန်တွင် အသံဗလံတောင်မကြားရတော့ပေ။ ၂၀၁၃ သို့ပင် ရောက်ရှိလာခဲ့ပါပြီ။

၂၀၁၂ ခုနှစ်သည် မာယာလူမျိုးတို့၏ ပြက္ခဒိန်အတိုင်း ကမ္ဘာကား မပျက်ခဲ့။ သို့သော် ၂၀၁၂ ခုနှစ်သည် ရခိုင်တို့ကို အလွန်ဆုံးရှုံးထိခိုက်နစ်နာစေခဲ့သော သက္ကရာဇ်တစ်ခုဖြစ်ကြောင်းနှင့် ၂၀၁၃ တွင် ၂၀၁၂ ကလိုမျိုး မကြုံတွေ့ရရန် ပြင်ဆင်ကြရလိမ့်မည်ဟု ဆိုလိုက်ချင်ပါကြောင်း။

အုန်တော

တိုးတက်ရေးသတင်းလွှာ အတွဲ(၃)၊ အမှတ်(၁) မှ- 

http://www.arakanfolks.com

http://www.arakanfolks.com/
ကချင်ဒုက္ခသည်တွေကို ကူညီပေးမယ့် ကချင်လူမျိုး ကိုယ်ခံပညာရှင် လက်ဝှေ့သမား အောင်လဆန်း

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့က ဒဲလာဝဲယားပြည်နယ် ဒိုဗာတွင် ကျင်းပခဲ့သော ကေ့ခ်ျဖြူရီဖိုက်တင် ချန်ပီယံပြိုင်ပွဲ (CFFC) ပထမအချီမှာပင် ဂျက်ဆင်လောက်အား အလဲထိုး အနိုင်ရပြီးနောက် အောင်ပွဲခံနေသော အောင်လဆန်း။

ကချင်ပြည်နယ်မှာ မကြာမီက ယမ်းငွေ့ ဝေကာ ကချင်လူထု ပူမှုတွေ ပွေခဲ့ရပါတယ်။ ဒါပေမဲ့
တည်ငြိမ်မှုမရှိသေးတဲ့ မြောက်ပိုင်းပြည်နယ်မှ ကိုယ်ခံပညာမျိုးစုံ လက်ဝှေ့သမားတစ်ဦးဟာ ကချင်
လူမျိုးတွေ သူတို့ပြည်နယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့နဲ့ သူတို့အတွက် သတင်းကောင်းတွေ သယ်ဆောင်
ဖို့ ကြိုးပမ်းနေပါတယ်။

အောင်လဆန်းဟာ မြစ်ကြီးနားဇာတိ ဖြစ်တယ်။ သူဟာ အမေရိကန် ဘာလ်တီမိုးမြို့မှာ အခုအခါ
အခြေစိုက်နေတယ်။

ဒါ့ပြင် သူဟာ အဆင့်မြင့်တဲ့ပြိုင်ပွဲ တစ်ရပ်ဖြစ်တဲ့ အမေရိကန် ကိုယ်ခံပညာမျိုးစုံ (MMA) ပြိုင်ပွဲမှာ
အောင်ပွဲနဲ့ ပျော်ရွှင်နေပါတယ်။

အသက် ၂၇ နှစ်ရှိတဲ့ အောင်လဆန်းဟာ ဆုကြေးစားစံချိန် အနေနဲ့ ၁၃ ပွဲနိုင်၊ ရှစ်ပွဲရှုံး ရလဒ်ရနေပါ
တယ်။

သူဟာ ဝေါလ်တာဝိတ်တန်းမှာ ထိပ်တန်းအဆင့်ရရှိဖို့ ဖြည်းဖြည်းနဲ့ မှန်မှန် အလုပ်လုပ်နေပါတယ်။

ရန်ကုန် နိုင်ငံတကာကျောင်းမှာ တက်ခဲ့တဲ့ အောင်လဆန်းဟာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက
၎င်းရဲ့ ၀က်ဘ်ဆိုက်ပေါ်မှာ အောက်ပါသတင်းစကားနဲ့အတူ သူ့ဇာတိမြေမှ ဒုက္ခသည်တွေကို သူ့
ဆုကြေးငွေမှ ၂၅ ရာခိုင်နှုန်း လှူမယ်လို့ သူ့နောက်ဆုံးပွဲမတိုင်မီ ကြေညာတဲ့အခါ မှာ သူ့မွေးရပ်မြေ
မြန်မာနိုင်ငံမှ ပရိသတ်အသစ်တွေရဲ့ ချစ်ခင်လေးစားမှုကိုခံခဲ့ရတယ်။

"ကျွန်တော်ဟာ ကျွန်တော်တို့ ကချင်လူမျိုးတွေအတွက် အောက်တိုဘာလ ၁၃ ရက်နေ့ နောက်
ပြိုင်ပွဲတစ်ခုမှာ စူးနစ်ထားပါတယ်။ ပြဿနာကို အဖြေမရှာနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။
ဒါပေမဲ့ ဒါဟာ ငိုကြွေးသံတွေနဲ့ ခံစားနေရတဲ့ ကျွန်တော်တို့ ကချင်လူမျိုးတွအတွက် ကျွန်တော်ပြော
ပြနိုင်တဲ့ နည်းလမ်းပါပဲ" လို့ ၎င်းကပြောတယ်။

အောင်လဆန်းနဲ့ ဂျက်ဆန်လောက် တို့ရဲ့ ထိုးသတ်ပွဲဟာ ဒဲလာဝဲယားပြည်နယ် ဒိုဗာမှာ ပြုလုပ်ခဲ့
တယ်။

Cage Fury Fighting Championship (CFFC) ရဲ့ အဓိကပြိုင်ပွဲဖြစ်ခဲ့တယ်။ မြန်မာပြည်ဖွား
လက်ဝှေ့သမားရဲ့ ပထမအချီ လက်သီးချက်ကြောင့် ၎င်းထက် ပိုမို အတွေ့ကြုံရှိတဲ့ ပြိုင်ဘက်ကို
အလဲထိုးကာ ပြတ်ပြတ်သားသား အောင်ပွဲဆင်ခဲ့တယ်။

ထို့နောက် ၎င်းဟာ ကချင်အမျိုးသားအလံကို ကိုင်ဆောင်အောင်ပွဲခံသွားခဲ့တယ်။ သူဟာ
အမေရိကန်မှာ ၁၀ နှစ် ကျော် နေထိုင်ခဲ့ပေမယ့် သူထွက်ခွာတဲ့ နိုင်ငံဟာ သူ့နှလုံးသားထဲမှာ အထူး
နေရာ ပိုင်ဆိုင်ဆဲပါလို့ ပြောတယ်။

"ကျွန်တော့်ပညာရေးကို ဆက်ဖို့ ကျွန်တော် ၂၀၀၃ မှာ အမိမြေက ထွက်ခွာခဲ့ပါတယ်။ ကျွန်တော်
မပြန်သေးပါဘူး။ ဒါပေမဲ့ တစ်ချိန်မှာ ကျွန်တော်ရဲ့ ထိုးသတ်တဲ့ ဆုကြေးစားလုပ်ငန်း ပြီးဆုံးသွားရင်
တော့ အမ်အမ်အေ (MMA) ကစားရုံ တစ်ခု ဖွင့်လှစ်ဖို့ မြစ်ကြီးနားကို ပြန်ဖို့ ရည်မှန်းထားပါတယ်။

ကျွန်တော့် လေ့ကျင့်စဉ်နဲ့ ပြိုင်ပွဲဝင်စဉ်မှာ မြန်မာ ပြည်သူတွေထံက အထူးခွန်အားတွေနဲ့ တွန်းအား
ပေးနေတာကြောင့် ကျွန်တော့်မှာ အားပေးထောက်ခံမှုတွေ ရနေတယ်ဆိုတာ သိပါတယ်"လို့ ၎င်း
ကပြော တယ်။

အမ်အမ်အေဟာ ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး တိုးတက်နေတဲ့ အားကစားပဲ ဖြစ်တယ်။ ဒါ့ပြင်
လာ့စ်ဗေးဂတ်စ် မှာ အခြေစိုက်တဲ့ မူလတိုက်ခိုက်ရေး ချန်ပီယံရှစ် (UFC)ဟာ မန်ချက်စတာယူနိုက်
တက်ထက် ပိုပြီး တန်ဖိုးရှိပါတယ်။

၎င်း ရဲ့ အရှေ့တိုင်းမှာ တန်းတူဖြစ်တဲ့ ONE Fighting Championship ဟာ အရှေ့ တောင်အာရှ
က အကြီးကျယ်ဆုံးဒေသ အချို့မှာ ပြိုင်ပွဲတွေ မှန်မှန် ကျင်းပခဲ့တယ်။

အမ်တီဗီက တိုက်ရိုက်လွှင့်ထုတ်တဲ့ ပြပွဲမှာ သူဟာ အတ္တလန္တာမြို့တော်မှာ ဂျီးဆပ်စ်မာတီနက်ကို
တစ်မိနစ်ခန့်မှာပဲ အလဲထိုး အနိုင်ယူခဲ့တယ်။

သူ့ကို ဂျူဂျစ်ဆု သင်ကြားပေးတဲ့ လေ့ကျင့်ရေးမှူး တစ်ဦးရဲ့ တိုက်တွန်းမှုကြောင့် သူဟာ အမ်အမ်
အေမှာ သူ့ရဲ့လက်ရည်ကို စမ်းသပ်ဖို့ ဆုံးဖြတ်ချက်ချပြီးနောက် တစ်နှစ်အကြာ ၂၀၀၆ ခုနှစ်မှာ
သူ့ရဲ့ ဆုကြေးစားဘ၀ အောင်ပွဲ ၁၃ ခု အနက် ပထမဦးဆုံးရရှိခဲ့တယ်။

သူဟာ အစကောင်းခဲ့တယ်၊ သူ့ရဲ့ ပထမဦးဆုံး ထိုးသတ်ပွဲ ငါးပွဲမှာ လေးပွဲနိုင်ခဲ့တယ်။ ၎င်းက သူ့ရဲ့
ကိုယ်ခံပညာ ထိုးသတ်ပွဲ စိတ်ပါဝင်စားမှုဟာ ရန်ကုန်မှာ ကျောင်းသားဘ၀ နေ့ရက်တွေပဲ ဖြစ်တယ်
လို့ ပြောတယ်။

"ကျွန်တော် မြစ်ကြီးနား ဇာတိပါ။ ကျွန်တော့်အသက် ခုနစ်နှစ်အရွယ်မှာ အလုံမြို့နယ်ကို ပြောင်းခဲ့
တယ်။ ကျွန်တော် ရှစ်နှစ်ခန့်မှာ ကရာတေး စကစားခဲ့တယ်။ ဒါ့ပြင် ကျွန်တော်ဟာ ထိုးသတ်တဲ့
အားကစားကိုပဲ အမြဲစိတ်ပါဝင်စားတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ အခွင့်အရေးမရခဲ့ဘူး။
ဒါပေမဲ့ ကျွန်တော့်ရဲ့ ကောလိပ်ဒုတိယနှစ်မှာ အမှန်အကန် စတင်ခဲ့တယ်"ဟု ၎င်းက ပြောတယ်။

အောင်လဆန်းဟာ လေ့ကျင့်ဖက်နဲ့ ထိုးသတ်စဉ်အတွင်း မတော်တဆ တိုက်ခိုက်မှုကြောင့်
သူ့နှာခေါင်းရိုး ကျိုးသွားပြီး မကြာမီက ပြိုင်ပွဲတွေကို နားခဲ့ရတယ်။ ဒီဒဏ်ရာကြောင့် သူဟာ
မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်ဖို့ရှိတဲ့ ပြိုင်ပွဲတစ်ပွဲ နဲ့ လွဲခဲ့ရတယ်။

ဒါပေမဲ့ သူဟာ ပြန်လည်လေ့ကျင့်ခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ မှာ CFFC နှစ်ခု၌ ထိုးသတ်ဖော် ဘဲလား
တား ၀ါရင့် ကီလီဘာကာနဲ့ ထိုးသတ်ဖို့ စီစဉ်ထားတယ်။

'မြန်မာ့စပါးအုံး'မြွေလို့ အမည်ပြောင် ရထားတဲ့ အောင်လဟာ အလျင်အမြန် ဆက်တိုက်ပဲ သူ့ရဲ့
တတိယမြောက် ထိုးသတ်ပွဲမှာ အနိုင်ရခဲ့ရင် သူဟာ မြန်မာ နိုင်ငံမှ ပထမဦးဆုံး အမ်အမ်အေ
ချန်ပီယံ ဖြစ်လာမယ့် သူ့ရည်မှန်းချက်အကောင် အထည်ဖော်ဖို့ ပိုပြီးနီးစပ်လာပါလိမ့်မယ်။

ဒါ့ပြင် သူ့ အမိမြေမှ ပရိသတ်တွေအတွက် အောက်ပါ မက်ဆေ့ခ်ျကို ပေးပါတယ်။

"သူ့ဆုကြေးစားဘ၀ဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါဟာ တစ်နေ့ တစ်ရက်နဲ့ ဖြစ်လာတာမဟုတ်
ပါဘူး။ အမြင့်ဆုံးအဆင့်မှာ ပြိုင်ပွဲဝင်ဖို့၊ အပြင်းအထန် အလုပ်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါ
တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ထိုးသတ်ပွဲတွေကို စောင့်ကြည့်ကြပါ။ ကျွန်တော့်အတွက်
ဆုတောင်းပေးကြပါ"

ဂျိမ်းစ်ဂွိုင်ဒါ
နိုင်ငံတော်သမ္မတကြီးသမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် ၏အတ္တုပတ္တိ

သမ္မတကြီး ဦးသိန်းစိန်သည်လက်အောက်ငယ်သားတွေအပေါ်မှာ တကယ်ပဲ သနားကျင်နာတဲ့သူ တစ်ဦးပါ သမ္မတကြီး ကို ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။
အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်က လည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။
“၈၈ အရေးအခင်းပြီးတော့ ကျွန်တော့်သား အိမ်ကနေ ရုတ်တရက် ပျောက်သွားပါတယ်။ နယ်စပ်ဘက် ကို ရှောင်ပြေး သွားတာ။ တစ်ပတ်၊ နှစ်ပတ်လောက် ဘယ်မှာမှ စုံစမ်းလို့မရဘူး။ သုံး၊ လေးပတ် လောက်နေမှ စုံစမ်းလို့ရတယ်။
အိန္ဒိယနယ်စပ် ကလေးမှာရှိတဲ့ တပ် ရင်းတစ်ရင်းက ထွက်ပြေးသွားတဲ့ ဆေးကျောင်းသားတွေကို ဖမ်းမိထားတယ် လို့ သတင်း ရတယ်။ အဲဒါနဲ့ ကျွန်တော် မော်လိုက်ကနေ ကလေး ကိုလိုက်သွားပြီး ကျွန်တော့်သားများ ပါမလားလို့ အဲဒီတပ်ရင်းမှူးနဲ့ သွား တွေ့တယ်။
တပ်ရင်းမှူးက ဖက်လဲ တကင်းနဲ့ နှုတ်ဆက်တယ်။ ကလေး တွေကို တားဆီးထားကြောင်း ပြောပါတယ်။ တကယ် ကတော့ ကလေးတွေက ပြန်ဝင်လာတာ မဟုတ်ဘူး။
ထွက်ပြေးပြီးတော့ လက်နက်ကိုင်ဖို့ သွားတဲ့သူတွေဖြစ်လို့ ကြိုက်တာ လုပ်လို့ရတဲ့ အနေအထားပါ။
ဒါပေမယ့် တကယ့်ကိုဖက်လဲတကင်းနဲ့ ကလေးတွေကိုလည်း ကောင်းကောင်း မွန်မွန် စောင့်ရှောက်ထားတယ်။
ပြီးတော့ ရပ်မိရပ်ဖတွေက တစ်ဆင့် ကျွန်တော့်သား အပါအ၀င် တခြား ဆေးကျောင်းသားတွေကိုပါ အပ်နှံလိုက်တယ်။ ကျွန်တော်တို့ ခေါင်းမီး တောက်တာကို ပြေပျောက်စေခဲ့ တယ်။
အဲဒီတပ်ရင်းမှူးက အရမ်း သဘောကောင်းတယ်။ ဆက်ဆံရေး ပြေပြေပြစ်ပြစ်ရှိတယ်။ မောက်မာမှု မရှိဘူး။
ကလေးတွေကိုလည်း သူ့ သားသမီးလို ဆက်ဆံတယ်။ ကလေး တွေကို ဆုံးမစကားပြောတဲ့အခါမှာ လည်း ဆန့်ကျင်ဘက် နိုင်ငံရေးစကား တွေ ရင့်ရင့်သီးသီး တစ်ခွန်းမှမပါဘဲ လူကြီးတစ်ယောက်က ဆုံးမစကား ပြောသလို ပြောခဲ့တယ်။ ကလေးတွေ ကို ပြန်အပ်လိုက်တဲ့ တပ်ရင်းမှူးက အသက် ၄၀ ကျော်ပဲ ရှိသေးတဲ့ အဲဒီ တုန်းက ဒုတိယဗိုလ်မှူးကြီးသိန်းစိန် ပါ။ အခု နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပါ။
ဒီကြားထဲမှာ သူနဲ့ လည်း ထပ်မတွေ့တော့ပါဘူး။ ကျွန်တော်သိတဲ့ သမ္မတကြီးဟာ ဒီလိုလူမျိုးဆိုတာ ပြောပြတာပါ”
ဟု ဦးအောင်သင်း (အထွေထွေမန်နေဂျာ (ငြိမ်း)မြန်မာ့သစ်လုပ်ငန်း) က ပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အစိုးရအဖွဲ့သစ်ကို ဦးဆောင် တာဝန်ယူခဲ့ပြီးချိန် နောက်ပိုင်းကာလ တစ်လျှောက်လုပ်ဆောင်ခဲ့သည်များ မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။

သုတ မင်းညို
"သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ" သမိုင်းပါမောက္ခဒေါက်တာအေးချမ်းနှင့် တွေ့ဆုံခြင်း

ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟီဒေါ တက္ကသိုလ်၌ မတ်လ ၉ ရက်က ပြုလုပ် ခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂါလီများသာဖြစ်ကြောင်း ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းတို့ထဲတွင် ဒေါက်တာအေးချမ်းလည်း ပါဝင်ရာ ၎င်းအား ရခိုင်သမိုင်း၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့်
စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မေး - ဒီပွဲဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ပြောသွားတဲ့အထဲမှာ ရခိုင်တွေဟာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြတယ်။ ဒါပေမယ်လို့ လက်ရှိအခြေအနေမှာ ရခိုင်သမိုင်းဟာ ခိုးခံရမယ့် အခြေအနေတစ်ခု ရောက်နေတယ်ဆိုပြီး ပြောသွားပါတယ်။ ဥပမာဆိုရင် မြောက်ဦးမြို့မှာရှိတဲ့ ရှစ်သောင်းပုထိုးတော်ကြီးကိ
တောင်ဗလီဆိုပြီး ပြောဆိုလာတဲ့အထိ သမိုင်းကို ခိုးယူလာတာ
တွေ့ရပါတယ်ဆိုပြီး ပြောပါတယ်။ ဒီလိုပြောဆိုလာတာနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ သဘောထားကို သိလိုပါတယ်။

ဖြေ - အဲဒါအမှန်ပါပဲ။ မြောက်ဦးမြို့တော်ကို ၁၇၈၅ ခုနှစ် ဇန်န၀ါရီလ ၂ ရက်မှာ သိမ်းပြီးတဲ့ အခါကျတော့ နန်းတော်ထဲမှာ သိမ်းထားတဲ့ ဘုရင်ရဲ့ ရွှေတိုက်မှတ်တမ်း မှတ်ရာတွေ ထားတဲ့ထဲက အကုန်လုံး အမရပူရကို သယ်ဆောင်သွားပါတယ်။ မသယ်ဆောင်နိုင်တဲ့
ဟာတွေကို အကုန်မီးရှို့ပစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရခိုင်မှတ်တမ်းကို လေ့လာတဲ့အခါ တော်တော်လေး အထောက်အထားတွေက အားနည်းနေတယ်။ အဲဒါ အမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်နဲ့အတူ စကားပြောသွားတဲ့ ပါမောက္ခနှစ်ယောက်က ဆိုရင်တော့ ရခိုင်ရာဇ၀င်၊ ရခိုင်ကျောက်စာ တို့ကို လေ့လာထားတယ်၊ မြန်မာစာတွေ ကိုလည်း သေသေချာချာ လေ့လာ ထားတဲ့အတွက် သူတို့က ဥရောပ အထောက်အထားတွေနဲ့ ပေါ်တူဂီတို့၊ ဒက်ခ်ျတို့ အထောက်အထားတွေ အားကိုးပြီးတော့ မြောက်ဦးခေတ်သမိုင်းကို သုတေသနပြုနိုင်တဲ့သူ တွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကျေးဇူးကြီး တယ်လို့ ပြောချင်ပါတယ်။

မေး - ရခိုင်သမိုင်းကို ပြည်တွင်းကသူတွေ လေ့လာမှု အားနည်းတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ - ဘာကြောင့် အားနည်းသလဲဆိုရင် အိမ်မှာ စားစရာဆန် မရှိရင် အိမ်မှာ ဘယ်မှာကျောက်စာ ထိုင်ဖတ်ဖို့ အချိန်ပေးနိုင်မှာလည်းဗျာ။ အဓိကကတော့ စီးပွားရေးပါပဲ။ ကျွန်တော် ဒီသုတေသန အလုပ်တွေကို လုပ်နိုင်တယ် ဆိုတာကတော့ ဂျပန်အစိုးရက ကျွန်တော့်ကို လစာကောင်းကောင်း
ပေးထားလို့ပေါ့။ သုတေသနလုပ် ကျွန်တော်လန်ဒန်သွား ဒီဟာတွေ လုပ်နိုင်တာပေါ့။ မြန်မာနိုင်ငံမှာ သုတေသန လုပ်မယ်ဆိုလို့ရှိရင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ အမျိုးသား စာကြည့်တိုက် ဒါကလွဲလို့ ဘာမှမရှိဘူး။ အဲလိုပေါ့ ရခိုင်တွေသာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ပြည်တွင်းက သုတေသီတွေ ဆိုလို့ရှိရင် အတော်လေးကို ကိုယ်ချင်းစာပါတယ်။ သူတို့လည်း လုပ်ချင်မှာပေါ့။ ကျွန်တော်တို့လို အခုလိုလိုက်ပြီးတော့ ကူးတာတို့၊ ပိုက်ဆံသုံးတာတို့ မလုပ်နိုင်ဘူး။ မလုပ်နိုင်တဲ့အတွက် အဲဒါတော့ အမှန်ပါပဲ။ ဒီတိုးတက်တဲ့ နိုင်ငံတွေမှာကတော့ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်တွေကနေပြီးတော့ ဒီသုတေသန စီမံကိန်းတွေအတွက်
Proposal တင်တာ ပိုက်ဆံထုတ်တာ ဘယ်လောက်ကုန်မယ်၊
ခရီးသွားတာ ဘယ်လောက်ကုန်မယ် အစရှိသဖြင့် အဲဒါတွေ ပေးပါဆိုရင် ထုတ်ပေးတာပေါ့လေ။ ပြီးရင် သုတေသန လုပ်ကြတာပေါ့လေ။ ဘယ်နှနှစ်အတွင်း ပြီးအောင်လုပ်မယ် ဆိုတာတော့ တင်ပြရတာပေါ့လေ။

မေး - ရိုဟင်ဂျာ အသုံးအနှုန်းနဲ့ ပတ်သက်လို့ ရှင်းပြပေးစေချင်ပါတယ်။ ဒီပွဲမှာလည်း ဆရာရှင်းပြသွားတာက ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က
Mr. Abdul Gaffa က တီထွင်ခဲ့တာလို့ ပြောပါတယ်။ ဒီစကားလုံးကြောင့်ပဲ ရခိုင်ပြည်နယ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့မှာ ပြဿနာတွေ
ဖြစ်နေတာ ရှိနေပါတယ်။ ဒီအပေါ်မှာ ဆရာ့ရဲ့အမြင်ကို သိချင်ပါတယ်။

ဖြေ - မှန်ပါတယ်။ ဒီရိုဟင်ဂျာဆိုတဲ့ စကားကြောင့်လည်း တစ်ပိုင်းပါတာပေါ့။ အဓိကကတော့ အင်္ဂလိပ်ခေတ် ကတည်းက ဗြိတိသျှတွေက လယ်ကူလီ အဖြစ် ဘင်္ဂါလီလူမျိုးတွေကို တင်သွင်းလာတယ်။ နောက်ထပ် လွတ်လပ်ရေးရပြီး ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ၊ အဲဒီမှာ သူတို့တွေက ဘင်္ဂါလီလို့ မခေါ်ပါနဲ့ ရိုဟင်ဂျာလို့ ခေါ်ပါဆိုပြီး အမှန်ကတော့ သူတို့က တိုင်းရင်းသား တစ်မျိုးအဖြစ် တောင်းဆိုတာပေါ့လေ။ ဟုတ်တယ်မလား။ ဒါကတော့ နိုင်ငံတော်အစိုးရက ဘယ်လိုမှ လက်မခံနိုင်တဲ့ အချက်ပေါ့။ တကယ်တော့ နိုင်ငံခြားသား တစ်ယောက်က နိုင်ငံခြားသား တစ်ယောက် ပါပဲ။ အမေရိကန်ပြည်မှာ မြန်မာတစ်ယောက်က အမေရိကန်နိုင်ငံသား ခံယူလို့ရှိရင်လည်းBirth of Place ဆိုတဲ့ နေရာမှာ ဘားမားလို့
ရေးတာပဲ။ ဒါကတော့ ဘယ်လိုမှ မရှိတဲ့ လူမျိုးတစ်မျိုးကို ရှိပါတယ် ဆိုပြီးတော့ မြန်မာတိုင်းရင်းသား မဟုတ်တဲ့သူကို တိုင်းရင်းသားပါဆိုပြီးတော့ တိုင်းရင်းသားတွေနဲ့ တန်းတူအခွင့်အရေး ပေးရမယ်ဆိုလို့ရှိရင် ဘယ်လိုမှ တိုင်းရင်းသားတွေက ကျေနပ်နိုင်မှာ မဟုတ်ဘူးပေါ့လေ။ တကယ်လို့ ဖြစ်စေချင်တယ် ဆိုလို့ရှိရင် ပြည်သူ့ဆန္ဒ ခံယူတဲ့ ပုံစံပေါ့။ မြန်မာတစ်နိုင်ငံလုံးက တိုင်းရင်းသားတွေက ဒီရိုဟင်ဂျာဆိုတာကို လက်ခံပါသလား၊ အသိအမှတ် ပြုပါသလားဆိုပြီး လုပ်ရင်တောင် ကျွန်တော်ထင်တယ် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ အဲဒီနည်းအပြင် မရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ လက်ခံနိုင်တဲ့ နည်းကလည်း ဒီတစ်နည်းပဲ ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားဖြစ်မှု ၁၉၈၂ ခုနှစ် ဥပဒေအရ ဆိုလို့ရှိရင်လည်းပဲ သူတို့က ဘယ်လိုမှ အကြုံးမ၀င်ဘူး။ ဘာကြောင့်လည်းဆိုတော့ ၁၈၂၃ ခုနှစ်နဲ့ ယင်းနှစ်
မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံဟု ဖြစ်ပေါ်လာပြီး နယ်မြေ တစ်ခုခုတွင် နေထိုင်ဆဲသော တိုင်းရင်းသားကိုသာလျှင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါသည်ဟု အဲဒီလို ဆိုထားတဲ့အတွက် သူတို့က ဘယ်လိုမှ အကြုံးမ၀င်ဘူး။ ဒါပေမယ့် နိုင်ငံသားဖြစ်မှုကို ပေးရမယ် ဆိုတာကတော့ ဒါကျွန်တော်တို့ လက်ခံရမှာပါပဲ။ နိုင်ငံသားဖြစ်ဖို့ဆိုရင် နိုင်ငံသားဖြစ်ဖို့ သူတို့လျှောက်နိုင်တယ်။ ဒီဥပဒေအတိုင်း လျှောက်ရမယ်။ လျှောက်ပေမယ့် ဒီရိုဟင်ဂျာဆိုတာ အသိအမှတ်ပြုဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သူတို့ မြန်မာနိုင်ငံက ဘင်္ဂါလီအနေနဲ့ လျှောက်နိုင်တယ်။ ဒါ လူ့အခွင့်အရေးပဲ၊ ဟုတ်တယ်မလား။ ဒါကတော့ ကျွန်တော်တို့ ငြင်းစရာအကြောင်း မရှိပါဘူး။

မေး - ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စာရင်းကောက်ယူတဲ့ အခါမှာ ဘင်္ဂါလီတွေက သူတို့ကို ရိုဟင်ဂျာလို့ စာရင်းသွင်းမှ လက်မှတ်ထိုးမယ်ဆိုပြီးတော့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒါကြောင့် ရပ်ဆိုင်းခဲ့ရမှုတွေလည်း ရှိခဲ့တယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာရဲ့ အမြင်ကို သိချင်ပါတယ်။

ဖြေ - ကျွန်တော်က အဲဒီအရပ်ဒေသကပါ။ အဲဒီအရပ်မှာမွေးပြီး အဲဒီအရပ်မှာ ကြီးပြင်းခဲ့တာပါ။ ကျွန်တော် သူတို့စကားကိုလည်း ကောင်းကောင်း
တတ်ပါတယ်။ သူတို့ကို ဘာလူမျိုးလဲလို့ မေးရင် ဘင်္ဂါလီလို့ပဲ
ဖြေလာခဲ့တာ။ တောက်လျှောက် ဒီစကားပဲ ကြားလာခဲ့တာ။ ရိုဟင်ဂျာဆိုတာ တစ်ခါမှ မကြားဖူးဘူး။ သူတို့ကိုယ်တိုင်ပဲ ဘင်္ဂါလီပါလို့ ပြောလာခဲ့ပြီး အခုမှ ပညာတတ်တချို့က ရိုဟင်ဂျာပါဆိုပြီး ထလုပ်လာကြတာ။ ဒါနောက်မှ
ပေါ်လာတာ။ နိုင်ငံရေးအရ ဒါရည်ရွယ်ချက်တစ်ခုတော့ ရှိရမယ်။

မေး - ရခိုင်မှာရှိတဲ့ မွတ်ဆလင်တွေရဲ့ သမိုင်းအကျဉ်းချုပ်
လေးကိုလည်း ပြောပြပေးပါဦး။

ဖြေ - ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက မွတ်ဆလင်တွေ မရှိဘူး မဟုတ်ဘူး၊ ရှိပါတယ်။ ကမန်တွေ ဆိုလို့ရှိရင် ရခိုင်မင်းတွေ အုပ်ချုပ်ကတည်းက လေးတပ်မှာ အမှုထမ်းရတာ။ ကမန်တွေက ပါရှန်အနွယ်တွေပေါ့။ ကမန်ဆိုတာ ပါရှန်စကား၊ ဘာလဲဆိုတော့
လေးကိုခေါ်တာ၊ ဒါကြောင့် သူတို့က လေးတပ်မှာ အမှုထမ်းရတာ။
နောက်ဆုံးတော့ ရခိုင်ဘုရင်က သူတို့ကို ရမ်းဗြဲကျွန်းမှာ နေရာချထား
ပေးတယ်။ တခြားနေရာမှာ ကမန်မရှိပါဘူး။ ဒါကျွန်တော်တို့တိုင်းရင်းသား
အဖြစ် လက်ခံလို့ရပါတယ်။ နိုင်ငံသား အက်ဥပဒေအရ အကျုံးဝင်ပါတယ်။

မေး - ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ တရားမ၀င် ၀င်ရောက်လာသူတွေကို ဥပဒေကြောင်းအရ တရားဝင် အခြေအနေတစ်ခု ပေးလိုက်မယ်ဆိုရင် သူတို့ရဲ့ လူဦးရေပေါက်ဖွားမှု နှုန်းထားက တစ်ချိန်မှာ သူတို့အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုအဖြစ် တောင်းဆိုလာနိုင်မယ့် အနေအထား ရှိလာနိုင်မလား။ ဘာလို့လည်းဆိုတော့ သမိုင်းတစ်လျှောက်
ပြန်ကြည့်မယ်ဆိုရင် ပြည်နယ်အဆင့် တောင်းဆိုခဲ့ဖူးတဲ့ အနေအထားတွေ ရှိခဲ့တာကိုတွေ့ခဲ့ရပါတယ်။

ဖြေ - ခုနက ကျွန်တော်ပြခဲ့တဲ့ မှတ်တမ်းထဲက အလယ်သံကျော်
ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်ကို ခွဲပါ။ ဒီတစ်ခြမ်းကို သူတို့ကို
ပေးရမယ်ဆိုပြီး။ ကုလားတန်မြစ်ရဲ့ အနောက်ဘက်ခြမ်းကို သူတို့ရဲ့ မွတ်ဆလင်ပြည်နယ်အဖြစ် သတ်မှတ်ပေးပါဆိုပြီး တောင်းဆိုဖူးခဲ့တာပဲ။ အဲဒီတုန်းက ဒီလောက်ထိ လူဦးရေ မများ
ခင်ကတောင် ဒီလိုတောင်းခဲ့ဖူးတာ၊ ဒီထက် ပိုများလာရင် တောင်းတော့မှာပေါ့။ သိပ်သေချာတာပေါ့။
 
Myanmar News Update
ဂျပန် သိပံ္ပပညာရှင်များက ကြွက်တစ်ကောင်တည်းမှ မျိုးဆက် ၂၆ ဆက်ထိ ပုံတူမျိုးပွား

ဂျပန်သိပံ္ပပညာရှင်များသည် ခုနစ်နှစ်ကြာမြင့်ခဲ့သော သုတေသနတစ်ခုတွင် ကြွက်တစ်ကောင်တည်းမှ မျိုးဆက် ၂၆ ဆက် (ကြွက် ၅၉၈ ကောင်) အထိ ပုံတူမျိုးပွားနိုင်ခဲ့ရာ အဖိုးတန်သော ခြံမွေးတိရစ္ဆာန်များကို အမြောက်အမြား ပွားယူနိုင်ရန် လမ်းပွင့်လာဖွယ်ရှိကြောင်း သုတေသန အဖွဲ့ခေါင်းဆောင်
တေရူဟီကိုဝါကာယာမက မတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

"နို့တိုက်သတ္တ၀ါတစ်ကောင်ကို သုံးပြီး ပုံတူမျိုးပွားတဲ့ စီမံကိန်းထဲမှာ ဒီစီမံကိန်းက အခုထိ အကြီးဆုံးပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

မျိုးဆက်အမြောက်အမြားထိ ပုံတူမျိုးပွားနိုင်သော နည်းလမ်းကို အသုံးပြုပါက ဥပမာအနေဖြင့် နို့အများအပြား ထွက်သောနွားကို ပိုင်ဆိုင်ထားသည့် လယ်သမားများအတွက် အကျိုးဖြစ်ထွန်လာမည်
ဖြစ်ကြောင်း၊ သာမန်သဘာဝအတိုင်း မွေးဖွားခြင်းဖြင့် ထိုသတ္တ၀ါ၏ အမွေခံသည် အလားတူ အရည်အသွေးများ ရှိမည်ဟု အာမမခံနိုင်ကြောင်း၊ ပုံတူမျိုးပွားခြင်းဖြင့်သာ တစ်ထပ်တည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

Riken Center for Develop-mental Biology မှ သိပံ္ပပညာရှင်များသည် မျိုးပွားယူထားခြင်းမဟုတ်သည့် ဆဲလ် somatic cell မှ နျူကလိယကို လွှဲပြောင်းယူသည့် နည်းပညာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ မူလသတ္တ၀ါ၏ မျိုးဗီဇအချက်အလက်များ ပါဝင်သော နျူကလိယကို သက်ရှိမျိုးဥအတွင်း ထည့်သွင်းပြီး ထိုမျိုးဥတွင် ပင်ကိုယ်ပါရှိသည့် နျူကလိယကို ဖယ်ရှားထားသည်။ ထို့နောက် ယင်းမျိုးဥကို ပုံတူမျိုးပွားပေးမည့် ကိုယ်ခန္ဓာထဲသို့ ထည့်သွင်းမည့် မျိုးပွားခဲ့ရာ ထိုမျိုးပွားသတ္တ၀ါသည်
နောက်ထပ်နျူကလိယ ထုတ်ယူရန်အတွက် အလှူရှင်ပြန်ဖြစ်လာသည်။

"ကျွန်တော်တို့ရဲ့ ရလဒ်တွေအရ အကြိမ်ကြိမ်အဖန်ဖန် မျိုးပွားတာဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ ပြနေပါတယ်" ဟု ၀ါကာယာမာက ပြောကြားခဲ့သည်။ ယခုလေ့လာတွေ့ရှိမှုကို အမေရိကန်အခြေစိုက် Cell Stem Cell ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

Eleven Media Group

ဂျပန် သိပံ္ပပညာရှင်များက ကြွက်တစ်ကောင်တည်းမှ မျိုးဆက် 
၂၆ ဆက်ထိ ပုံတူမျိုးပွား
Wednesday, March 13, 2013

Ref:AFP
Eleven Media Group
ဆလုံလူမျိုးများ အများစုနေထိုင်တဲ့ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က ရေပတ်လည်ဝိုင်းနေသော လငန်းကျွန်းကလေး။

ရေငုပ်အလွန်ကျွမ်းကျင်တဲ့ အဲဒီဆလုံလူမျိုးတွေဟာ အရင်က နတ်ကိုးကွယ်ပါတယ်။ မြိတ်မြို့၊ ရတနာဗောဓိဆရာရဲ့ဆက်သွယ်ပေးမှုနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ဦးနန္ဒ၀ံသ (ထားဝယ်) ရောက်ရှိပြီးနောက်ပိုင်း တကျွန်းလုံးက ဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ်ခဲ့ပါတယ်။ အခုဆိုရင် ထေရ၀ါဒကျောင်းလေးတည်တည်တံ့တံ့ဖြစ်ပေါ်နေပါပြီ။
(အရင်က အ၀တ်မ၀တ်တဲ့ ဆလုံလူမျိုးတွေလဲ အ၀တ်အစားလေးနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နေပါပြီ။)
ကျွန်းကလေးမှာ စာသင်ကျောင်းဖြစ်ပေါ်လာဖို့ အထက်ကို စာတင်လို့ အခုဆိုရင် မူလတန်းကျောင်းလေးလဲ ရှိနေပါပြီ။ ကျန်းမာရေးမှူးလဲ ရှိနေပါပြီ။ မြန်မာတွေလဲ အရောက်အပေါက်ရှိလာတော့ မြန်မာများနဲ့ အိမ်ထောင်ကျတဲ့ ဆလုံမလေးများလဲ မြိတ်မြို့ကို ပြောင်းသူပြောင်းနဲ့ အတော်ကို စည်ပင်နေပါပြီ။ မြန်မာရေတပ်ကနေ ဦးစီးပြီး ကထိန်သင်္ကန်းကပ်ပွဲများကိုလဲ နှစ်စဉ်ပြုလုပ်ကျင်းပလျှက် ရှိပါတယ်။

အဲဒီကျွန်းလေးကို မြိတ်မြို့ကနေ သွားမယ်ဆိုရင် လှေခရီး တနေ့နဲ့ တညအိပ်စီးရပါ့မယ်။ ကမ္ဘာ့ရေကြောင်းနဲ့အစပ်၊ မြန်မာရေပိုင်နက်အဆုံးနားမှာ ရှိပါတယ်။ တခါတရံ ကမ္ဘာ့ရေကြောင်းမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောကြီးတွေကနေပြီး ရွက်လှေလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသွားများ အလည်လာပြီး ကျွန်းသူ၊ကျွန်းသားများ အတွက် ကျန်းမာရေး ပညာရေးအတွက် အလှူငွေများ လှူဒါန်းသွားတတ်ပါတယ်။ အရင်က ပြည်မနဲ့ ဝေးခဲ့ကြတဲ့ ဆလုံလူမျိုးများမှာ အခုဆိုရင် ဘွဲ့ရသမီးပျိုတောင် ပိုင်ဆိုင်လို့ ကိုယ်နယ်မြေ ကိုယ့်ဒေသကို ပြန်လည်အကျိုးပြုနေသူများ ဖြစ်နေပါပြီ။

အနေအစားချို့တဲ့စွာ လူသူမနီး ဝေးလံခေါင်ဖျားနယ်စပ်ကျွန်းကလေးမှာ သာသနာပြုနေရှာတဲ့သူငယ်ချင်းကို ဒီမစို့မပို့ စာတိုလေးနဲ့ ဂုဏ်ပြုရခြင်းရယ်ပါ။

ဒီစာလေးရေးနေရင်း သူပြောခဲ့ဖူးတာလေး ပြန်သတိရလာတယ်။

'' တခါတလေဆိုကွာ ဗုဒ္ဓဘာသာရယ်လို့လဲ ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ပျင်းစရာလဲကောင်း၊ ကျွန်းပေါ်ကတောင် ခုန်ချချင်လာတယ်'' ဆိုပဲ့။ အခုတော့ ပန်းတွေနဲ့ ဝေနေခဲ့ပါပြီလေ။