ရခိုင်ပြည်ကို ကာကွယ်ရန်လိုအပ်နေပြီ

Zin Yaw
ဗုံးလန့်၍ ရခိုင်မြောက်ပိုင်း လုံခြုံရေးမြှင့်
............................................

ရန်ကုန်၊ မေ ၁၀

အကြမ်းဖက်ဗုံးဖောက်ခွဲမည် ဆိုသည့် သတင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် လုံခြုံရေး တင်းကျပ်ထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အဖွဲ့ဝင်ဦးမျိုးသန့်က ပြောကြားသည်။

လွန်ခဲ့သောရက်ပိုင်းက ပြည်ပမှ မွတ်ဆလင်အကြမ်းဖက် အချို့က မြန်မာနိုင်ငံကို ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မေလ ၁၀ ရက်နေ့ နောက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ဗုံးဖောက်ခွဲမှု၊ အကြမ်းဖက်မှု ပြုလုပ်မည်ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းသို့ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"ရခိုင်ပြည်နယ်မြောက်ပိုင်း (ဘူးသီးတောင်၊ မောင်တော စသည်) ကို အဓိကထား လုံခြုံရေး တင်းကျပ်ထားတယ်" ဟု ဦးမျိုးသန့်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်တပ်ရင်းပေါင်း ၅၀ ကျော်၊ လုံထိန်းတပ်ရင်း ငါးရင်း၊ ရဲတပ်ဖွဲ့အင်အား ၁၀၀၀ ကျော်ရှိပြီး ကမ်းရိုးတန်းတွင်လည်း တပ်မတော်ရေတပ်က လုံခြုံရေးယူထားကြောင်း မောင်တော- စစ်တွေ တစ်လျှောက် ကမ်းရိုးတန်းဒေသများတွင် တပ်မတော်နှင့် နယ်စပ်ဒေသ လူဝင်မှုစိစစ်ရေးနှင့် ကွပ်ကဲမှု ဌာချုပ် (နစက) တို့က တာဝန် ယူထားကြောင်း အစိုးရအဖွဲ့ထံမှ သိရှိရသည်။
"မောင်တောမှာ အဝင်အထွက်တွေ ကိုပါ အသေအချာ စစ်ဆေးပါတယ်။ လုံခြုံရေး အပြည့်အဝ ချထားတယ်။ အခြေအနေက အေးအေးဆေးဆေးပါပဲ" ဟု မောင်တော ခရိုင် ကျီးကန်းပြင်မြို့နယ်ခွဲရှိ နယ်စပ်ဒေသ လူဝင်မှုစိစစ်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သော RSO (Rohingya Solidarity Organization) နှင့် Arno (Arakan Rohingya National Organization) တို့က အကြမ်းဖက်မည့် သတင်းများ ထွက်ပေါ်နေကြောင်း ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများ၊ မြန်မာနိုင်ငံကို ဂျီဟတ်ဆင်နွှဲမည် ဆိုသည့် သတင်းများ၊ ဘင်္ဂါလီ လူမျိုး စာရင်းကောက်ရာတွင် ဖြစ်ပွားခဲ့သော ပြဿနာများကို အခြေခံကာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဗုံးဖောက်ခွဲမည့် သတင်းများ မေလဆန်းပိုင်းက စတင်ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံဦးသန်းထွန်း က ပြောကြားသည်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် အင်ဒိုနီးရှားနိုင်ငံတွင် အကျဉ်းကျခံ နေရသော အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခေါင်းဆောင် Abu Bakar Bashir က မေလ ၂ ရက်နေ့တွင် Voice of Islam အင်တာနက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ကြေညာခဲ့သည်။

Credit To:The Voice Weekly

ZinYawNews

SHARE THIS
Previous Post
Next Post